International News

0 0
Read Time:7 Minute, 6 Second

တရုတ်ကိုဆန့်ကျင်ပြီး အမေရိကန်ကာကွယ်ပေးမယ့် အာရှ ၅ နိုင်ငံ

 

သခင်ဇော်ကြီး

ဘာသာပြန်ဆောင်းပါး

 

၁။ ဖိလစ်ပိုင်

 

ဖိလစ်ပိုင်နဲ့ အမေရိကန်ဆိုတာ မဟာမိတ်ဖြစ်တာ ကြာပြီဖြစ်ပြီး ၁၉၅၁ ခုနှစ် အပြန်အလှန်ကာကွယ်ရေး သဘောတူညီချက်ကို လက်မှတ်ထိုးခဲ့ကြပါတယ်။

 

တရုတ်ရဲ့ စစ်အင်အားတိုးချဲ့မှုက သူ့ရဲ့ အိမ်နီးချင်းနိင်ငံများစွာကိုတုန်လှုပ်စေသလို အဓိကတော့ ဖိလစ် ပိုင် နိုင်ငံပဲဖြစ်ပါတယ်။

 

တောင်တရုတ်ပင်လယ်မှာ တရုတ်ရဲ့လှုပ်ရှားမှုက ဖိလစ်ပိုင်ကိုရိုက်ခတ်စေပြီး ဖိလစ်ပိုင်သမ္မတ Ferdinand Marcos Jr. ဟာ မကြာသေးမီက တိုကျိုကိုသွားရောက်ခဲ့ပါတယ်။

 

ဂျပန်နှင့်ဖိလစ်ပိုင်ဆိုတာ ကာကွယ်ရေးသဘောတူညီချက်ကို လက်မှတ်ထိုးထားခဲ့တဲ့နိုင်ငံတွေဖြစ်ပြီး ဂျပန် ဆိုတာ အာရှမှာအမေရိကန်ရဲ့အင်အားအကြီးဆုံးမဟာမိတ်လည်းဖြစ်ပါတယ်။

 

ဒါပေမယ့် ဖိလစ်ပိုင် ကလည်း အမေရိကန်အတွက် တိုက်ရိုက်အရေးကြီးနေပြီး ဖိလစ်ပိုင်မှာ အမေရိကန် စစ်စခန်း ၅ ခု ရှိပါတယ်။

 

၂၀၂၃ ခုနှစ် မှာ သဘောတူညီချက်အသစ်နဲ့အတူ အမေရိကန်စစ်စခန်းလေးခု ထပ်တိုးလာပြီး ဖိလစ်ပိုင် ဟာ အမေရိကန်စစ်ရေးအတွက် အရေးကြီးတဲ့ ဗျူဟာမှာ ပါဝင်နေပါတယ်။

 

တောင်တရုတ်ပင်လယ်မှာ အဓိကရေကြောင်းကိုထောက်ပံ့ပေးထားပြီး မြောက်ပိုင်းက ဖိလစ်ပိုင်ကျွန်း ကလည်း ထိုင်ဝမ်ကနေဆို ၁၁၈ မိုင် ပဲကွာဝေးပါတယ်။

 

၂။ ဂျပန်

 

ဂျပန်ကိုလည်းကာကွယ်ပေးဖို့ အမေရိကန်က ကတိပေးထားပြီးသားပါ။

 

ဂျပန်မှာ အမေရိကန်စစ်သား ငါးသောင်းခြောက်ထောင်ရှိပြီး အမေရိကန်ရဲ့ပြည်ပ အခြေစိုက်စခန်းတွေ ထဲမှာ အကြီးဆုံးဖြစ်ပါတယ်။

 

အမေရိကန်စစ်စခန်းတွေဟာ Okinawa ရဲ့ရှစ်ရာနှုန်းလောက်ထိကို နေရာယူထားတာဖြစ်ပြီး ၂၀၂၃ ခုနှစ်မှာ ကာကွယ်ရေးသဘောတူညီချက်အသစ်ကို လက်မှတ်ထိုးခဲ့ကြပါတယ်။

 

နှစ်နိုင်ငံလုံးက Okinawa မှာ သင်္ဘောဖျက်ဒုံးတွေကို အားစိုက်နေပြီး ဒါက တရုတ်ကို ရင်ဆိုင်ဖို့ဆိုတာ ပြောစရာမလိုတော့ပါဘူး။

 

ဂျပန်က တရုတ်ရဲ့ တောင် သို့မဟုတ် အရှေ့တရုတ်ပင်လယ်မှာ ရန်စနေတာကို မခံမရပ်နိုင်ဖြစ်နေပြီး အ မေရိကန်နဲ့ ရေရှည်ကာကွယ်ရေးသဘောတူညီချက်ကို လက်မှတ်ရေးထိုးထားပါတယ်။

 

ခုဆို သူ့ဧရိယာအတွင်းမှာ ခံစစ်ထိုးစစ်အားလုံးကို ပြင်ဆင်ထားပြီး လူသူမရောက်တဲ့ကျွန်းပေါ်မှာတောင် ဂျပန်ကာကွယ်ရေးတပ်ဖွဲ့က တည်ဆောက်ရေးလုပ်ငန်းတွေ အကောင်အထည်ဖော်နေပါတယ်။

 

နှစ်နိုင်ငံလုံးဟာ ၂၀၂၇ ခုနှစ်မှာ အဲဒီ့ကျွန်းပေါ်မှာစစ်ရေးလေ့ကျင့်ဖို့အထိ ရည်ရွယ်ထားပါတယ်။

၃။ တောင်ကိုးရီးယား

 

တောင်ကိုးရီးယားဟာ သူ့ရဲ့ဖြစ်တည်မှုအတွက် အမေရိကန်အပေါ်ကျေးဇူးအများကြီးရှိပါတယ်။

 

အမေရိကန်တပ်တွေဟာ သူ့နိုင်ငံမှာ ခုထိရှိနေဆဲဖြစ်ပြီး အမေရိကန်စစ်သား ၂၈၅၀၀ (နှစ်သောင်း ရှစ် ထောင်ငါးရာ) ထိရှိနေပါတယ်။

 

နှစ်နိုင်ငံလုံးဟာ စစ်ရေးအတူလေ့ကျင့်ကြပြီး ပေါင်းစည်းထားတဲ့ တပ်ဖွဲ့တွေရှိနေပါတယ်။

 

၂၀၂၃ ခုနှစ်မှာ တောင်ကိုးရီးယားသမ္မတ Yoon Suk Yeol က အမေရိကန်ကိုသွားရောက်ခဲ့ပြီး မြောက် ကိုးရီးယား နူးကလီးယား လက်နက်ထုတ်လုပ်မှုကို ဟန့်တားဖို့ သဘောတူညီချက်ရခဲ့ပါတယ်။

 

ဒီလိုနဲ့ နူးကလီးယား ရေငုပ်သင်္ဘောတွေ တောင်ကိုးရီးယားကိုရောက်လာပါတယ်။

 

မြောက်ကိုးရီးယားဟာ ဘယ်နိုင်ငံနဲ့မှ မဟာမိတ်ဖွဲ့ထားတာမရှိပေမယ့် ကိုးရီးယားစစ်ပွဲဖြစ်ကတည်းက တရုတ် အပေါ်မှီခိုအားကိုးလာပါတယ်။

 

၄။ ထိုင်ဝမ်

 

တရုတ်ဟာ ထိုင်ဝမ်အပေါ် စိုးမိုးမှုကို ထပ်ခါတလဲလဲပြောဆိုခဲ့ပြီး အမေရိကန်ကလည်း ထိုင်ဝမ်ကို ကာကွယ်ပေးဖို့ တရားဝင်ထုတ်ပြန်ထားပြီးဖြစ်ပါတယ်။

 

ထိုင်ဝမ်ဟာ ကျွန်းစုတွေကြားမှာ အရေးကြီးတဲ့နေရာကရှိနေပြီး ဒီကျွန်းစုတွေက ဂျပန်ကနေ ဖိလစ်ပိုင် ထိ ဆက်စပ်နေပါတယ်။

 

ဒီတော့ အင်ဒိုပစီဖိတ်ဒေသ တခုလုံးအတွက် အရေးကြီးတဲ့နေရာကပါဝင်နေပြီး စစ်ရေး မဟာဗျူဟာကျ နေရုံမက စီးပွားရေးအတွက်လည်း အချက်အချာကျနေပါတယ်။

 

ထိုင်ဝမ်ဟာ ကမ္ဘာ့ Simiconductors လုပ်ငန်းမှာ ၇၀ ရာခိုင်နှုန်းလောက် ထုတ်လုပ်နေပြီး နည်းပညာမြင့် ချက်ပ် ပိုင်းမှာ ၉၀ ရာခိုင်နှုန်း ထုတ်လုပ်နေတာဖြစ်ပါတယ်။

 

အမေရိကန်ဟာ ထိုင်ဝမ်ကို ဆယ်စုနှစ်ချီ လက်နက်ထောက်ပံ့နေခဲ့တာဖြစ်ပြီး ၂၀၂၃ ခုနှစ်မှာ ဒေါ်လာ သန်း ၃၄၅ တန်ကြေးရှိတဲ့လက်နက်တွေ ပို့ပေးခဲ့ပါတယ်။

 

ဒါကထိုင်ဝမ်ကာကွယ်ရေးတိုးမြှင့်ဖို့ရည်ရွယ်ခဲ့တာဖြစ်ပါတယ်။

 

၅။ ဗီယက်နမ်

 

ဗီယက်နမ်ဟာ မထင်မှတ်ပဲ အမေရိကန်မဟာမိတ်ဖြစ်လာရပြီး ကွန်မြူနစ်လွှမ်းမိုးနေဆဲဖြစ်ပေမယ့် တရုတ်ကိုတော့ အမေရိကန်ထက်ပိုပြီးရွံ့ရှာပါတယ်။

၂၀၂၃ ခုနှစ်၊ စက်တင်ဘာမှာ သမ္မတဘိုင်ဒင်က Nguyen Phu Trong နဲ့တွေ့ဆုံခဲ့ပြီး ဗီယက်နမ်ကွန်မြူ နစ် ပါတီခေါင်းဆောင်က ဘိုင်ဒင်ကို Hanoi မှာ တွေ့ဆုံလက်ခံခဲ့ပါတယ်။

 

နှစ်ဖက်စလုံးဟာ မဟာဗျူဟာမြောက်ပေါင်းစည်းရေးမှာ သဘောတူညီခဲ့ကြပြီး အမေရိကန်ဟာ ဗီယက်နမ် ကာကွယ်ရေးတိုးမြှင့်ဖို့ ကူညီသွားမှာဖြစ်ပါတယ်။

 

တကယ်ကတော့ စစ်ရေးပူးပေါင်းမှုဟာ အတော်လေးတော့ကြာခဲ့ပြီဖြစ်ပြီး အမေရိကန်ဟာ Hamilton တန်းစား သင်္ဘောတွေကိုတောင် ၂၀၁၇ ခုနှစ်နဲ့ ၂၀၂၁ ခုနှစ်တွေတုန်းက ပို့လွှတ်ခဲ့ပြီးဖြစ်ပါတယ်။

 

အမေရိကန်ဟာ ဗီယက်နမ်ရဲ့အကြီးဆုံး ထုတ်ကုန်ဈေးကွက်ဖြစ်ပြီး တရုတ်နှင့် ဗီယက်နမ်ဆိုတာ သမိုင်း အစဉ်အလာအရ ကြီးမားတဲ့ရန်သူတွေ လည်းဖြစ်ပါတယ်။

 

တောင်တရုတ်ပင်လယ်မှာ နယ်မြေအငြင်းပွားမှုတွေ ယနေ့တိုင်ရှိနေတော့ ဗီယက်နမ်နှင့် အမေရိကန် မဟာ မိတ်ဖြစ်တာက မထူးဆန်းပါဘူး။

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
100 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *