Read Time:50 Second
ကဗျာကဏ္ဍ “သူပုန်ပျက်ချိန်”
ပျိုုးကြဲလက်
သူပုန်တက်ချိန်က
ရုန်းထွက်ပါ့ ကိုယ်စီ
တွဲလက်ကယ်ညီ
ရှုတည်တည် ဂုဏ်မမက်ပေဘု
ဝမ်းစာအတွက် ဖြစ်သလို
စစ်ကျွန်ဆို ပြည်တခိုလွတ်စေကွယ့်
ဦးညွတ်စရာ့ စီဒီအမ်
အဖန်ဖန် လေးစားလောက်တယ်လေး ။
ရန်ငြိုးရယ်က စွဲမြဲ
လူ့ငနဲ ရွှေပြည်ဖျက်ရယ်ကြောင့်
အခက်ခဲ ကိုယ်စီ
တောင်ပြာတန်းဆီက
ပန်းဝင်ကာ အောင်တေးတူပြိုင်သီမှ
စီဒီအမ် အိမ်ပြန်လမ်းရယ်က
ကမ်းလက်တွေ စုံစွာလှမ်းလို့ရယ်
ဆန်းကြယ်ပါ့လေး ။ ။
ပျိုးကြဲလက်
ကဗျာရေးသားချိန် = ၂၀၂၄ ခုနှစ် ၊ ဒီဇင်ဘာလ ၂၀ ရက် ၀၀ အချိန် ၅၄ မိနစ်
Thanlwin Myanmar Media