Sagaing News

0 0
Read Time:2 Minute, 17 Second

မုံရွာမြို့လယ်တွင် လူသတ်ဓားပြတိုက်မှုကျူးလွန်သည့်အဖွဲ့ကို ဖမ်းမိ

 

သံလွင်မြန်မာသတင်း

ဒီဇင်ဘာလ ၂၇

 

စစ်ကိုင်းတိုင်း၊ မုံရွာမြို့လယ်ခေါင်တွင် လူသတ်ဓားပြတိုခိုက်မှုကျူးသည့်အဖွဲ့ကို ဖမ်းမိထားကြောင်း မုံရွာမြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့ -ပလဖ ထံမှ သိရသည်။

 

ဒီဇင်ဘာလ ၂၆ ရက်နေ့က မုံရွာမြို့လယ်ခေါင်ရှိ နေအိမ်တစ်ခုအတွင်း လူတစ်စုက ဝင်ရောက်ကာ အိမ်ရှင်ဖြစ်သူ အမျိုးသမီးတစ်ဦးကို သတ်ဖြတ်ပြီး Toyota Wish အဖြူရောင်ကားတစ်စီးပါယူဆောင် သွားသည့် ဓားပြအဖွဲ့ကို မုံရွာမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့ရဲဘော်များက သက်ဆိုင်ရာနယ်မြေအ လိုက်ရှိတော်လှန်ရေးအဖွဲ့အစည်းများနှင့်ပူးပေါင်းဖော်ထုတ်ခဲ့ရာ ၁၂ နာရီအတွင်း ဖမ်းခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

“အခုစစ်ကြောရေးဝင်နေပါတယ်။ အကုန်မိပါပြီ၊ ပြစ်မှုထဲမှာပါဝင်တဲ့ ယောက်ျားလေးတွေရော၊ အဲဒီကိစ္စကို ကြိုးကိုင်တဲ့သူတွေရော အကုန်မိထားပါတယ်။ မိန်းကလေးတွေရောပါတယ်။ အိမ်ထဲဝင် တိုက်တာက ၆ ယောက်၊ ကြိုးကိုင်တာက ၃ ယောက်ဆိုတော့ ၉ ယောက်လောက်ရှိတယ်။ခန့်မှန်း ပေါ့၊ ဖမ်းမိတဲ့သူတွေအားလုံး ကျနော့်ဆီမရောက်သေးဘူး။ ဖြန့်ကောက်နေရတာမို့၊ ပစ္စည်းသိမ်း ဆည်းမှုနဲ့ပတ်သက်လို့ကတော့ စစ်ဆေးနေတုန်းပဲ” ဟု မုံရွာမြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့ -ပလဖ မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

 

ဖမ်းဆီးရရှိထားသည့် ဓားပြမှုကျူးလွန်သူများကို မုံရွာမြို့နယ် ပလဖ (တာဝန်ခံ)ကို အာကူးဦး ဆောင် ၍ မြို့နယ် ပလဖ တပ်ဖွဲ့ဝင် ရဲဘော်များကကြိုးစားမှုကြောင့် ၁၂ နာရီ အတွင်း ဖော်ထုတ် ဖမ်းဆီး နိုင်ခဲ့ခြင်းဖြစ်ပြီး နောက်ဆက်တွဲအရေးယူမှုများ၊ သက်‌သေခံထွက်ဆိုချက်များကို မှတ်တမ်းဓာတ်ပုံ များနှင့် တကွ ဆက်လက် ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း အသိပေးထားသည်။

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *