Poem

0 0
Read Time:1 Minute, 7 Second

ကဗျာကဏ္ဍ “လိုက်ခဲ့ပါ ချစ်ဖော်”

 

ပျိုးကြဲလက်

 

ခင်များတပည့်တွေ

မတရားပဲ့ကြွေ မြေပြင်စခန်းကိုလ

မယားနဲ့ဆွေ ခြေပင်မလှမ်းပါဘု

ပွဲလမ်းတက်လို့ ခေါင်းတွေရှောင် ။

 

ရခိုင်နဲ့ရှမ်းမြောက်ဆီမှာပေါ့

လွမ်းလောက်စရာ ထောက်ပံ့မှု မရပြန်တော့

ကျမျက်ရည် ကိုယ်စီခန်းတဲ့ပြင်

ရွှေရင် နှစ်ခြမ်း ဖြန်းဖြန်းကွဲပါဘိ

ပွဲကြိုက်တဲ့မောင် ။

 

တပည့်အထွေထွေမှာဖြင့်

မငဲ့ကသေရွာသာမို့

နေတရာ ရင်မှာကဲပါပေါ့

မရဲတရဲ အလံဖြူထောင်

ညီနောင်ဘွားတွေက ချမ်းသာပေး ။

ပြည်ထောင်သားတွေက တပန်းသာသေး ။

 

အမြင်မှန် တကယ်ရပြီမို့

ရင်ဝယ်တသကွယ့် အိုးစားဖက်တွေကိုလ

လက်ရည်တပြင်တည်း စားဖို့ခေါ်ချင်ပေါ့

မတော်ရာမှာ အသက်မစွန့်ကြပါနဲ့

အခွင့်သာလျှင် လက်နက်ချလို့

လိုက်ခဲ့ပါလေး ။   ။

 

ပျိုးကြဲလက်

 

ကဗျာရေးသားချိန် = ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၃ ရက် ည ၇ နာရီ ၁၉ မိနစ်

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *