မတ္တရာမြို့နယ်၊ ထန်းတောကုန်းကျေးရွာဘုန်းကြီးကျောင်းကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ် မှု ကြောင့် ကလေးငယ် ၂ ဦးသေဆုံးပြီး ၃ ဦး ဒဏ်ရာရ
သံလွင်မြန်မာသတင်း
ဒီဇင်ဘာလ ၂၆
မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ ထန်းတောကုန်းကျေးရွာဘုန်းကြီးကျောင်းကို အကြမ်းဖက်စစ်တပ်က လက်နက်ကြီးဖြင့် ဖြင့်ပစ်ခတ်ခဲ့ရာ ကလေးငယ် ၂ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရရှိခဲ့ကြောင်း မန္တလေး PDF တပ်ဖွဲ့ထံက သိရသည်။
ယနေ့ ဒီဇင်ဘာလ ၂၆ ရက် ညနေ ၃ နာရီ မိနစ် ၂၀ အချိန်က မတ္တရာမြို့နယ်၊ လက္ကောင်းလေးကျေး ရွာ၌ တပ်စွဲထားသော အကြမ်းဖက်စစ်တပ်က လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ရာ ထန်းတော ကုန်းကျေး ရွာဘုန်းကြီးကျောင်းအတွင်း ကျရောက်ပေါက်ကွဲပြီး ကလေး ငယ် ၂ ဦးသေဆုံးပြီး ပြည် သူ ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
“မတ္တရာမြို့နယ်၊ လက္ကောင်းလေးကျေးရွာဘက်ကနေ လှမ်းပစ်တာပါ။ ဒီနေ့ဖြစ်စဉ်မှာတော့ တိုက်ပွဲ ဖြစ်ပွားခြင်းမရှိခဲ့ပဲ စစ်ကောင်စီဘက်က တဖက်သတ်မဆင်မခြင်မခြင် ပစ်ခတ်မှုကြောင့် ကလေး ငယ် ၂ ဦးသေဆုံးပြီး ပြည်သူ ၃ ဦးထိခိုက်ဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ်” ဟု မန္တလေး PDF တပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုအော်စမွန်က ပြောကြားသည်။
အကြမ်းဖက် စစ်ကောင်စီသည် စစ်ရှုံးလာသည်နှင့်အမျှ ပြည်သူကို ပစ်မှတ်ထား၍ မဆက်မခြင်တိုက် ခိုက်ကာ စစ်ရာဇဝတ်မှုများကို အကြိမ်ကြိမ် ကျူးလွန်နေခြင်းဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေး တပ် မတော် (မန္တလေး) က ပြောဆိုထားသည်။
ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) နှင့် အကြမ်းဖက် စစ်ကောင်စီတပ်များအကြား မတ္တရာ မြို့နယ် ၊ သပိတ်ကျင်းမြို့နယ် နှင့် နောင်ချိုမြို့နယ်တို့တွင် တိုက်ပွဲများ ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။
Thanlwin Myanmar Media