ငါန်းဇွန်မြို့နယ်တွင် ဖောကားဖြင့်ထွက်လာသော စစ်သားများကို မိုင်းဆွဲတိုက်ခိုက်မှု စစ်သား ၄ ဦး သေဆုံး
သံလွင်မြန်မာသတင်း
ဒီဇင်ဘာလ ၂၆
မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ ငါန်းဇွန်-မြို့သာလမ်းပေါ်တွင် ဖောကားဖြင့် လိုက်ပါလာသော အ ကြမ်းဖက်စစ်ကောင်စီတပ်သားများကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၄ ဦးသေဆုံးခဲ့ကြောင်း နဂါးနီ ပြောက်ကျားတပ်ဖွဲ့ မြင်းခြံထံမှ သိရသည်။
ယမန်နေ့ ဒီဇင်ဘာလ ၂၅ ရက် ညနေ ၃ နာရီခန့်က ငါန်းဇွန်မြို့ပေါ်မှ မြို့သာမြို့ဘက်သို့ ဖောကား ၁ စီး ဖြင့် လိုက်ပါလာသော အကြမ်းဖက်စစ်သား ၄၀ ဦးခန့်ကို ငါန်းဇွန် – မြို့သာလမ်း ပိုင်းတနေရာ အ ရောက် ပေပါမိုင်း ၂ လုံးဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၄ ဦးနေရာမှာပင်ပွဲချင်းပြီးသေဆုံးပြီး ၆ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
“ဖောကားနဲ့ ထွက်လာတာကို ငါန်းဇွန်နဲ့မြို့သာကြားမှာ ပေပါမိုင်း ၂ လုံးဆွဲလိုက်တာ၊ ကားကို အ လယ် တည့်တည့်မိတယ်။ ၄ ဦးကတော့ ပွဲချင်းပြီးသေတယ်၊ ၆ ဦးကတော့ မြို့သာဆေးရုံမှာ ဆေး ကုသနေတယ်။ ကားလေးဆိုရင် ပျောက်သွားနိုင်တယ်။ ဖောကားဆိုတော့ ထိခိုက်ပြီး ထိုးရပ်သွားတာ လောက်ပဲ ရှိခဲ့တာ။ ကင်းပုန်းတွေကြားထဲမှာ ဆွဲခဲ့ရတာ၊ အန္တရာယ်ကင်း ကင်းနဲ့တော့ ပြန်ဆုတ်နိုင်ခဲ့ တယ်။ ကားပေါ်မှာက ၄၀ လောက်ပါတာ။” နဂါးနီ ပြောက်ကျားတပ်ဖွဲ့ မြင်းခြံမှ တာဝန်ရှိသူ တစ်ဦး က ပြောကြားသည်။
အဆိုပါ တိုက်ခိုက်မှုကို နဂါးနီပြောက်ကျားတပ်ဖွဲ့ မြင်းခြံတပ်ဖွဲ့ဝင်များက လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
မိဘပြည်သူများ အနေဖြင့် အကြမ်းဖက်စစ်သားများနှင့် အနီးကပ်စွာသွားလာနေထိုင်ခြင်း မပြုကြရန် နှင့် ခရီးသွားပြည်သူကားများ အနေဖြင့်လည်း ည ၉ နာရီမှ မနက် ၄ နာရီအတွင်း မောင်းနှင်သွားလာ ခြင်းမပြုကြရန် အသိပေးထုတ်ပြန်ထားသည်။
Thanlwin Myanmar Media