Poem

1 0
Read Time:1 Minute, 4 Second

ကဗျာကဏ္ဍ “တရားနဲ့သာဖြေလိုက်ပါ”

 

ပျိုးကြဲလက်

 

ရွှေဘုန်းတော် ထိန်ဝါလျှပ်ပါတဲ့

ရာဇာမင်းမြတ် ပလ္လင်တွင်

အာဏာသတ်မှတ် ရွှေနန်းတင်တယ်

ချစ်ခင်သူတွေ ပျော်ပေ့တအား ။

 

အခုများဖြင့် နေ့မခြားသေတယ်

သားတပည့်တွေ ကံပေါ့ပြည်တလွှား ။

 

အတွေးနယ်ချဲ့လို့ တပည့်ထိုထိုမှာ

တကယ့်ကို သောကဗျာပါဒများ ။

 

အားကိုးဖွယ့်ရာ ဆရာပစ်ထားသမို့

စစ်ဗိုလ်စစ်သား ငိုရသကို ။

 

သားရောသမီးပါ စိတ်ဝယ်မချလို့

ဘိုးဘွားမိဘ အပ်ရပို ။

 

သားတပည့်တို့ ဝန်ချလိုတယ်

ပြည့်မေတ္တာကို ခံယူမဟဲ့လို့

ဆရာတဆူရဲ့ မိန့်ခွန်းခြွေ

စောင့်မျှော်လို့နေ ။

 

ကံဆိုးကြတဲ့ တပည့်အထွေထွေကို

မတရားဖဲ့ခြေ ပြုပါနဲ့ခင်ဗျာလေး ။

 

ပြည်တင်းလှတဲ့ ရာဇရွှေပလ္လင်ကို

တရားနဲ့ဖြေ ဆင်းပါတော့ခင်ဗျာလေး ။

 

ပျိုးကြဲလက်

 

ကဗျာရေးသားချိန် = ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၂ ရက် ညနေ ၅ နာရီ ၁၇ မိနစ်

 

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *