Sagaing News

0 0
Read Time:1 Minute, 55 Second

ဘုတလင်မြို့နယ်တွင် စစ်တပ်က ပြည်သူ ၅၀ ခန့်ကို ဓားစာခံဖမ်းဆီးပြီး စစ်ကြောင်းထိုးနေ

 

သံလွင်မြန်မာသတင်း

ဒီဇင်ဘာလ ၂၅

 

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်တွင်အကြမ်းဖက်စစ်တပ်က ပြည်သူ ၅၀ ခန့်ကို ဓားစာခံဖမ်းဆီးပြီး စစ်ကြောင်းထိုးနေကြောင်း ဒေသသတင်းရင်းမြစ်ထံက သိရသည်။

 

ယနေ့ ဒီဇင်ဘာလ ၂၅ ရက် နံနက် ၄ နာရီခန့်က အနောက်မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် -နမခ တပ် ရင်းမှ ကားများဖြင့် ထွက်လာသော အကြမ်းဖက်စစ်သားများသည် ဘုတလင်မြို့နယ်၊ ဇီးတော(န)ရွာ ၊ ရွှေချောင်းလည်ရွာ ၊ သရက်တိုရိုးရွာ နှင့် ကံသစ်ရွာတို့မှ ပြည်သူ များနှင့် ခရီးသွားပြည်သူ ဈေးသည် များကို ဓားစာခံဖမ်းဆီးပြီး စစ်ကြောင်းထိုးနေကြောင်း သိရသည်။

“ဘုတလင်မြို့တွင်းကို ကားအကြီး ၃ စီး အင်အားအပြည့်နဲ့ ဝင်ရောက်လာပြီး ပြည်သူတွေဖမ်း စစ် ကြောင်းထိုးနေတာ၊ အခုက စစ်ကြောင်းက မငြိမ်သေးဘူး။ ကျီးပင်ချောင်းရွာနားမှာ ကျန်သေးတယ်။ ဘုတလင်မြို့တွင်းမှာရှိတဲ့ ပြည်သူတွေအနေနဲ့ သတင်အချတ်အဆက် မပြတ်ကြဖို့နဲ့ အချိန်မီရှောင် တိမ်းကြဖို့ တိုက်တွန်းချင်ပါတယ်” ဟု ဒေသသတင်းရင်းမြစ်က ပြောကြားသည်။

 

အကြမ်းဖက်စစ်ကောင်စီတပ်သားများက တွေ့သမျှပြည်သူများကို ဓားစာခံဖမ်းဆီးကာ စစ်ကြောင်း ထိုးနေသဖြင့် မုံရွာ – ဘုတလင်လမ်းပိုင်းအား ခရီးသွားလာခြင်းမပြုကြရန်၊ ကျေးရွာနေ ပြည်သူများ အနေဖြင့်လည်း စစ်ကြောင်းချီတက်လာပါက အချိန်မီရှောင်တိမ်းကြရန်နှင့် စစ်ရေးအသိ၊ သတိဖြင့် နေထိုင်ကြရန် မေတ္တာရပ်ခ့ထားသည်။

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *