Sagaing News

0 0
Read Time:2 Minute, 51 Second

ချောင်းဦးမြို့နှင့်မုံရွာ -မန္တလေးလမ်းမကြီးပေါ်တွင် စစ်သားများကို မိုင်းဆွဲတိုက်ခိုက်မှု စစ်သား ၁ ဦး သေဆုံး

 

သံလွင်မြန်မာသတင်း

ဒီဇင်ဘာလ ၂၅

 

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ချောင်းဦးမြို့ပေါ်တွင် ကင်းပတ်ထွက်လာသော အကြမ်းဖက်စစ် ကောင်စီတပ်သားများကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၈ ဦးအပြင်းအထန်ဒဏ်ရာရရှိခဲ့ပြီး သေဆုံး နိုင်ကြောင်း ချောင်းဦးမြို့နယ် ပကဖ တိုက်ခိုက်ရေးတပ် – CHU PDF တပ်ဖွဲ့ထံမှ သိရသည်။

 

ယမန်နေ့ ဒီဇင်ဘာလ ၂၄ ရက် ညနေ ၆ နာရီ ၄၈ မိနစ်အချိန် ချောင်းဦးမြို့မ ရဲစခန်းအတွင်းမှ ချောင်း ဦး မြို့တွင်းသို့ ကင်းပတ်ထွက်လာသော အကြမ်းဖက်စစ်သား ၁၀ ဦးကို ချောင်းဦးမြို့နယ် ပ.က.ဖ တိုက်ခိုက်ရေးတပ် CHU PDF တပ်ဖွဲ့မှ မြို့တွင်းတနေရာ၌ ည ၈ နာရီ မိနစ် ၅၀ အချိန်တွင် မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ စစ်သား ၈ ဦးအပြင်းအထန်ဒဏ်ရာရရှိပြီး လဲကျနေရာမှာ အော်ဟစ် ညည်းညူနေခဲ့ ကြောင်း သိရသည်။

“ပုံမှန်ကင်းပတ်နေကြ စခတွေကို ချောင်းဦးတွင်းတနေရာမှာ မိုင်းဆွဲတယ်၊ မိုင်းဆွဲတော့ ၁၀ ယောက် ထဲ ၈ ယောက်ထိတာ၊ အများစုကသေနိုင်တယ်၊ စခန်းထဲကနေ ထွက်လာပြီး လာသယ်သွားတယ်။ သေဆုံးတဲ့သတင်း တိတိပြောမရဘူး။ မှတ်တမ်းVideo လည်းရထားတယ်။ မိုင်းဆွဲခဲ့တဲ့ရဲဘော် ပြော ပြတာကတော့ ၁၀ ယောက်ထဲက ၂ ယောက်ပဲ ပြန်ထနိုင်တယ်။ ၈ ယောက်ကလုံးလုံးမထနိုင်ဘူး။ အော်ဟစ်နေကြတာ။ အသေးစိပ်နောက်ဆက်တွဲသတင်းတော့ ပြန်ထုတ်ပြန်ပေးပါ့မယ်။” ချောင်းဦး မြို့နယ် ပကဖ တိုက်ခိုက်ရေးတပ် – CHU PDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

 

အလားတူ ယနေ့ဒီဇင်ဘာလ ၂၅ ရက် နံနက် ၉ နာရီ ၅၈ မိနစ်အချိန်က မုံရွာမြို့နယ်၊ မုံရွာ-မန္တလေး လမ်းမပေါ် မုံရွေးတိုးဂိတ်အနီးတွင် ကင်းပုန်းဝပ်နေသော အကြမ်းဖက်စစ်သား ၂ ဦးကို မိုင်းဆွဲတိုက် ခိုက်ခဲ့ရာ ၁ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

 

ချောင်းဦးမြို့နယ် ပ.က.ဖ တိုက်ခိုက်ရေးတပ် CHU PDF အနေဖြင့် ပြည်သူများနှင့် တပ်ဖွဲ့ဝင် ရဲဘော် များ ထိခိုက်မှု နည်းသည့် နည်းလမ်းကို အတတ်နိုင်ဆုံး ချိန်ဆ၍ စစ်ရေးဖော်ဆောင်လေ့ရှိပြီး ယခု စစ်ရေး ဖော်ဆောင်မှု ၂ ခုလုံး မှတ်တမ်း ဗွီဒီယိုရရှိထားရာ မှတ်တမ်းနှင့် နောက်ဆက်တွဲ သတင်းကို ဆက်လက်ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်းအသိပေးထားသည်။

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *