မြို့သစ်မြို့နယ်၊ ရွှေပန်းကျေးရွာ အုပ်ချုပ်ရေးမှူး ဇော်ဦးနှင့် ပျူများက စစ်မှုထမ်းစာရင်း အကြောင်း ပြ ကျေးရွာနေပြည်သူများအပေါ် ငွေညှစ်နေသည့်အပြင် ကျေးရွာနေ အမျိုးသမီးတစ်ဦးကိုပါ မုဒိမ်းကျင့်
သံလွင်မြန်မာသတင်း
ဒီဇင်ဘာလ ၂၄
မကွေးတိုင်း၊ မြို့သစ်မြို့နယ်၊ ရွှေပန်းကျေးရွာ အုပ်ချုပ်ရေးမှူး ဇော်ဦးနှင့် ပျူများက စစ်မှုထမ်းစာ ရင်း အကြောင်းပြ ကျေးရွာနေပြည်သူများအပေါ် ငွေညှစ်နေသည့်အပြင် ပျူစိုးသူ ဆိုသူကလည်း ကျေးရွာနေ အမျိုးသမီးတစ်ဦးကို မုဒိမ်းကျင့်ခဲ့ကြောင်း ဒေသနေပြည်သူများထံက သိရသည်။
ဒီဇင်ဘာလ ၁၆ ရက် ညနေ ၅ နာရီအချိန်က မြို့သစ်မြို့နယ်၊ ရွှေပန်းကျေးရွာနေ မောင်ဘိုလွန်းသည် ရွာလည်ပိုင်းဈေးဆိုင်တွင် ဈေးဝယ်နေစဉ် ကျေးရွာအုပ်ချုပ်ရေးမှူးဇော်ဦးနှင့် နောက်လိုက်ဖြစ်သူ ပျူ ကိုဦးတို့က အလုပ်ခိုင်းစရာရှိသည်ဟုဆိုကာ ဆိုင်ကယ်ပေါ်တင်၍ ခေါ်ဆောင်သွားပြီး မြို့ နယ်စစ် ကောင်စီရုံးသို့ စစ်မှုထမ်းခိုင်းရန် ပို့ဆောင်ခဲ့ကြောင်း သိရသည်။
“ဈေးဝယ်နေတုန်းအလုပ်ခိုင်းစရာရှိလို့ ခဏလိုက်ခဲ့အုံးဆိုပြီး ဆိုင်ကယ်ပေါ်တင်ခေါ်သွားတာ၊ ပြီး တော့ စစ်မှုထမ်းလူစုနေတဲ့ ရုံးကို သွားပို့လိုက်တယ်။ ဘိုလွန်းက အရက်သမား၊ အရက် မသောက် ရင်လုံးဝမနေနိုင်ဘူး။ အရက်မသောက်ရရင်ခြေတွေ၊ လက်တွေတုန်နေတာ၊ အဲဒါကို ငွေပေးမှ ပြန်လွှ တ်ပေးမယ်လုပ်သေးတယ်။ ဘိုလွန်းမှာက ငွေလည်းပေးစရာရှိဘူး။ နောက်ကနေ ငွေပေးရွေးနိုင် တဲ့သူလည်းမရှိတော့ ဘာမှအသုံးမဝင်ဘူးဆိုပြီး ပြန်လွှတ်ပေးလိုက်တာ” ဟု ဒေသနပြည်သူ တစ်ဦး က ပြောကြားသည်။
ရွှေပန်းကျေးရွာအုပ်ချုပ်ရေးမှူးဇော်ဦးနှင့် နောက်လိုက်ပျူစောထီးများဖြစ်ကြသည့် ကိုဦး ၊ စိုးသူ ၊ မြင့်ငွေ ၊ မျိုးမင်း ၊ အောင်သန်းစိုး နှင့် ဇော်လင်းဦးတို့သည် စစ်မှုထမ်းစာရင်းကို အကြောင်းပြကာ တစ်အိမ်လျှင် ငွေကျပ် ၃၀၀၀၀ (သုံးသောင်း) ကောက်ခံနေကြောင်းသည့်အပြင် ချိန်းဆောဖြင့် သစ်ခုတ်၊ မျောခုတ်လုပ်ကိုင်အသက်မွေးနေကြသူများကိုလည်း တစ်လလျှင် အခွန်း ၄၅၀၀၀ (လေး သောင်းငါးထောင်ကျပ်) နှုန်းကောက်ခံကြောင်း သိရသည်။
ထို့အပြင် ကျေးရွာလုံခြုံရေးအတွက်ဟုဆိုကာ တစ်အိမ်လျှင် ၂ ကြိမ်နှုန်း ကင်းစောင့်ပေးရပြီး မစောင့် နိုင်ပါက ငွေကျပ် ၁၀၀၀၀ (တစ်သောင်းကျပ်) နှုန်းကောက်ခံနေကြောင်း သိရသည်။
ရွှေပန်းကျေးရွာ ပျူအဖွဲ့ဝင် စိုးသူက ကျေးရွာအသက် ၂၀ အရွယ် အမျိုးသမီး တစ်ဦးကို မုဒိမ်းကျင့် ကာ ဖွင့်ပြောပါက သတ်ပစ်မည်ဟုခြိမ်းခြောက်ထားကြောင်း သိရသည်။
ဒီဇင်ဘာလ ၁၅ ရက်နေ့ကလည်း မြို့သစ်မြို့နယ်၊ ရွှေပန်းကျေးရွာနေ အသက် ၂၀ အရွယ် အမျိုး သမီးတစ်ဦးနှင့် ချစ်ကြိုက်နေသူ မြေပြင်သာအုပ်စု၊ ကိုဒူကျေးရွာနေလူငယ်တစ်ဦးက ရွှေပန်းကျေးရွာ သို့ လာရောက်စဉ် ကျေးရွာအုပ်ချုပ်ရေးမှူးဇော်ဦးနှင့် ပျူစောထီးအဖွဲ့ဝင် စိုးသူ၊ ကိုဦးတို့က ဖမ်းဆီးခဲ့ ကြောင်း သိရသည်။
ထိုသို့ ဖမ်းဆီးထားပြီးနောက် ပျူစောထီးအဖွဲ့ဝင် စိုးသူက ရွှေပန်းကျေးရွာနေ အမျိုးသမီးကို သွား ရောက်ခေါ်ဆောင်ကာ ရွှေပန်းချောင်းထဲအရောက် အဓမ္မပြုကျင့်ကာ ဖွင့်ပြောလျှင်သတ်ပစ်မည်ဟု ခြိမ်းခြောက်ခဲ့ကြောင်း၊ ထို့နောက် ဖမ်းဆီးထားသူ လူငယ်အမျိုးသားကို သွားတွေ့ခွင့်ပေးပြီး စစ်ဆေး ကာပြန်လွှတ်ပေးလိုက်ကြောင်း သိရသည်။
“စစ်ဆေးရေးဂိတ်မှာဖမ်းတဲ့ လူငယ်က သူ့ကောင်မလေးကိုလာတွေ့တာပြောတော့ ပျူစောထီး စိုးသူက ကောင်းမလေးကို သွားခေါ်တာ၊ နင်ချစ်သူရောက်နေတယ်၊ တွေ့ဖို့လိုက်ခဲ့ဆိုပြးခေါ်တော့ ကောင်မလေးကလိုက်လာတာ၊ အဲဒီမှာ ရွာရဲ့အရှေ့ဘက်ရွှေပန်းချောင်းထဲခေါ်သွားပြီး မုဒိမ်းကျင့် တာ၊ ကျင့်ပြီးတော့ ဘယ်သူ့မှမပြောရဘူး၊ ပြေရင်သတ်ပစ်မယ်လို့ ခြိမ်းခြောက်တယ်၊ ပြီးမှ စစ်ဆေး ရေးဂိတ်ကိုခေါ်သွားပြီး နင့်ကောင်လေးဟုတ်လားဆိုပြီး မေးတော့ ဟုတ်ပါတယ်လို့ ပြောမှ ပြန်လွှတ် ပေးတာ” ဟု ဒေသနေပြည်သူတစ်ဦးက ပြောဆိုသည်။
Thanlwin Myanmar Media