Read Time:41 Second
ကဗျာကဏ္ဍ “ဆင်းပါတော့ အဘရယ်”
ပျိုးကြဲလက်
အဘတပည့်တွေ
ကျမယ့် အထာပေမို့
ဆရာတွေ ဂုဏ်မပျက်ရအောင်
အောက်ဖက်ကြည့်အုံး ။
အဘရေ
တွေးမတတ်ပါဘု
ခွေးဇာတ် အခါခါ က ခဲ့လို့
အရာရာ သိမ်ငယ်ရပါဘိ
အိမ်လွမ်းကရူး ။
ဘုရားအလောင်းပေ
အမှားပေါင်း ဗရဗွေနဲ့
တပည့်တွေ အသေထပ်ရတယ်
ငတ်တာပိုသေး ။
အဘရေ
ဆွေးမတတ်ပါဟု
အလေးအမြတ် ဆလံသပါဘိ
ရာဇာပလ္လင် သရေကင်းချိန်မို့
ဆင်းပါကွယ့်လေး ။ ။
ပျိုးကြဲလက်
ကဗျာရေးသားချိန် = ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၂ ရက် နံနက်အစောပိုင်း ၃ နာရီ ၃၃ မိနစ်
Thanlwin Myamar Media