Mandalay News

0 0
Read Time:3 Minute, 51 Second

မြင်းခြံမြို့နယ်နှင့် ရေစကြိုမြို့နယ်တို့တွင် ၂ ရက်တာ တိုက်ပွဲဖြစ်ပြီး စစ်သား၊ ပျူအများအပြား သေဆုံး

 

သံလွင်မြန်မာသတင်း

ဒီဇင်ဘာလ ၂၃

 

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်နှင့် ရေစကြိုမြို့နယ်တို့တွင် ၂ တာတိုက်ပွဲဖြစ်ပြီး အကြမ်းဖက်စစ်သား၊ ပျူ အများအပြားထိခိုက်သေဆုံးခဲ့ကြောင်း မြင်းခြံခရိုင်အမှတ် ၃ တပ်ရင်းက ထုတ်ပြန်သည်။

 

ဒီဇင်ဘာလ ၁၇ ရက် နံနက် ၆ နာရီခန့်က မြင်းခြံမြို့နယ်၊ ပျူခေါင်းဆောင် သီတာယုမွန် ဦးဆောင်ပြီး အင်အား ၂၅၀ ခန့်ဖြင့် မြင်းခြံမြို့နယ်၊ ကျောက်ကုန်းကျေးရွာ၊ ပြည်တော်သာကျေးရွာ ၊ တန်ဆောင်း ကျေးရွာ၊ ဒါးကျွန်းကျေးရွာရှိ ပြည်သူ့နေအိမ်များ၊ ကျေးလက်ဆေးပေးခန်းများကို မီးရှို့ပြီး နတ်ညွှန်း တောင်ရွာသို့ ထွက်လာခဲ့ကြောင်း သိရသည်။

 

ထိုသို့ ထွက်လာသည့် အကြမ်းဖက်စစ်ကြောင်းကို မြင်းခြံခရိုင် အမှတ် ၃ တပ်ရင်း၊ ရဲဘော်အင်းအား ၄၀ ခန့် မှ နတ်ညွှန်းမြောက်ရွာတွင် နေရာအသင့်ယူထားပြီး မီတာ ၆၀ ခန့်အကွာအဝေးမှ ပစ်ခတ် တိုက် ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား၊ ပျူ အမျးအပြားသေဆုံးခဲ့ ကြောင်း သိရသည်။

သေဆုံးသွားသော အကြမ်းဖက်စစ်သား၊ ပျူများကို ပြည်သူပိုင်ကားတစ်စီးအား ချောဆွဲကာ မြင်းခြံမြို့သို့ သယ်ဆောင်သွားကြောင်း သိရသည်။

 

အလားတူ မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသ၊ နွယ်နီကျေးရွာအနောက်ဘက်တွင် အကြမ်းဖက် စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်သား၊ ပျူအများအပြားသေဆုံးခဲ့ကြောင်း သိရသည်။

 

ဒီဇင်ဘာလ ၁၉ ရက် နံနက် ၆ နာရီခန့်က ရေကြိုမြို့နယ်၊ ရေလည်ကျွန်း‌ဒေသသို့ ဝင်ရောက်လာ‌ သော အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို နွယ်နီကျေးရွာ အနောက်ဘက် အရောက် မြင်းခြံခရိုင် အမှတ် ၃ တပ်ရင်းမှ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ မိနစ် ၄၀ ခန့်အပြန်အလှန် ပစ်ခတ်တိုက်ပွဲဖြစ်ပြီး အ ကြမ်းဖက်စစ်သားများ အထိနာကာ မြစ်ကြောင်းအတွင်းရှိ ရေတပ်သင်္ဘောပေါ်မှ လက်နက်ကြီး ပစ် ကူယူပြီး ပြန်လည်ဆုတ်ခွာသွားကြောင်း သိရသည်။

 

ဒီဇင်ဘာလ ၁၉ ရက် နံနက် ၁၁ နာရီဝန်းကျင်တွင်လည်း ရေစကြိုမြို့နယ်၊ လှေခုတ်ရွာသို့ ဝင်ရောက် လာသော စစ်ကြောင်းအား မြင်းခြံခရိုင်အမှတ် ၃ တပ်ရင်းမှ ရဲဘော်များနှင့် ညီနောင်မဟာမိတ် တပ် ဖွဲ့များ ပူးပေါင်းပြီး ဖြတ်တောက်တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်တိုက်ပွဲ ၂ နာရီခန့် ကြာမြင့်ခဲ့ ပြီး အကြမ်းဖက်စစ်သား၊ ပျူများ အများအပြားထိခိုက်သေဆုံးခဲ့ကြောင်း သိရသည်။

 

ဒီဇင်ဘာလ ၂၀ ရက် ည ၇ နာရီခန့်တွင်လည်း ရေလည်ကျွန်းဒေသကို စစ်ကြောင်းထိုးဝင်ရောက်ပြီး ပြည်သူပိုင်ပစ္စည်းများအား သင်္ဘော များဖြင့် ခိုးယူတင်ဆောင်ကာ ပြန်လာစဉ် မြင်းခြံခရိုင်အမှတ် ၃ တပ်ရင်းမှ ရဲဘော်များနှင့် ညီနောင်မဟာမိတ်များမှ ဧရာဝတီ မြစ်နှစ်ဖက်မှနေ၍ အသင့်စောင့်ဆိုင်း နေရာယူကာ လက်နက်ကြီးလက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

 

ယင်း ၂ ရက်တာ တိုက်ပွဲအတွင်း အကြမ်းဖက်စစ်သား၊ ပျူ အများအပြား ထိခိုက်သေဆုံးဒဏ်ရာရရှိခဲ့ ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိအောင်မြင်ခဲ့ကြောင်း သိရသည်။

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *