ဂွမြို့တွင် စစ်ရှုံးနေသော စစ်တပ်က ပြည်သူလူထုနေအိမ်များကို မီးရှို့ဖျက်ဆီး (ရုပ်သံ)
သံလွင်မြန်မာသတင်း
ဒီဇင်ဘာလ ၂၂
ရခိုင်ပြည်နယ်၊ ဂွမြို့တွင် စစ်ရှုံးနေသော အကြမ်းဖက်စစ်ကောင်စီတပ်သားများကို ပြည်သူလူထုနေ အိမ်များကို မီးရှို့ဖျက်ဆီးနေကြောင်း အာရက္ခတပ်တော် -AA က ဒီဇင်ဘာလ ၂၁ ရက် ညပိုင်းတွင် သတင်း ထုတ်ပြန်သည်။
အာရက္ခတပ်တော်မှ တစ်ပြိုင်နက်တည်း ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သော မြို့ ၄ မြို့အနက် လက်ရှိ အချိန်တွင် ဂွတစ်မြို့သာ သိမ်းပိုက်ရန် ကျန်ရှိတော့ပြီဖြစ်ကြောင်း၊ ဂွမြို့သိမ်းတိုက်ပွဲတွင်လည်း အကြမ်းဖက် ဖက်ဆစ် စစ်တပ်က နေ့စဉ်နှင့်အမျှ အကျအဆုံးများကာ စခန်းများတစ်ခုပြီးတစ်ခု လက်လွှတ်ပေးနေရပြီး အာရက္ခတပ်တော်တပ်ဖွဲ့ဝင်များမှ ဂွ မြို့ကို သိမ်းပိုက်နိုင်ရန် အရှိန်အဟုန်ဖြင့် ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိကြောင်း သိရသည်။
အကြမ်းဖက်စစ်ကောင်စီတပ်ကလည်း ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းအပါအဝင် အတင်းအဓမ္မ စု ဆောင်း ထားသော တပ်သားသစ်များပို့ဆောင်ကာ ကာကွယ်လျက်ရှိပြီး စုပေါင်းစပ်ပေါင်း ဖွဲ့စည်း ထားသည့် ညွန့်ပေါင်းဖက်ဆစ်စစ်တပ်သားများမှာ စိတ်ဓာတ်ပျက်ပြားကာ ကစဉ့်ကလျားထွက်ပြေး နေကြသဖြင့် ဂွမြို့သည်လည်း မကြာမီရက်ပိုင်းအတွင်း သိမ်းပိုက်နိုင်တော့မည်ဖြစ်ကြောင်း အသိပေး ထားသည်။
ဂွမြို့သည် အာရက္ခဒေသ၏ တောင်ဖက်အကျဆုံး မြို့ဖြစ်ပြီးစစ်ရှုံးနေသော အကြမ်းဖက်စစ်တပ်က ဂွမြို့နယ်ရှိ ကျေးရွာများ နှင့် လူနေအိမ်များကိုလည်း မီးရှိဖျက်ဆီးခြင်း၊ တံတားများအား မိုင်းခွဲဖျက် ဆီးခြင်းတို့ကို ဆက်တိုက် လုပ်ဆောင်ကာ ဧရာဝတီတိုင်းအတွင်းသို့ တစ်ဆင့်ချင်းတစ်ဆင့်ချင်း ဆုတ်ခွာထွက်ပြေးနေသဖြင့် အဆက်မပြတ် လိုက်စစ်ဆင်ကာ တိုက်ခိုက်လျက်ရှိကြောင်း၊ ထို့ကြောင့် ဂွမြို့နယ်အတွင်း၌ နေ့စဉ်ရက်ဆက် တိုက်ပွဲပြင်းထန်လျက်ရှိကြောင်း သိရသည်။
ဒီဇင်ဘာလ ၁၇ ရက်၊ ၁၈ ရက်နေ့တွင် ဂွမြို့နယ်၊ အလယ်ရွာကို လည်းကောင်း၊ ဒီဇင်ဘာလ ၂၁ ရက် နံနက် ၇ နာရီက အကြမ်းဖက်စစ်ကောင်စီတပ် အခြေစိုက်ရာ ခမရ ၅၆၃ တပ်ရင်းအနီးအနားမှ လူနေအိမ်များကိုလည်းကောင်း အကြမ်းဖက် ဖက်ဆစ်စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။
ထိုသို့ ဖက်ဆစ်စစ်ကောင်စီတပ်သားများက အပြစ်မဲ့ပြည်သူလူထုနေအိမ်အများအပြားကို မီးရှို့ဖျက် ဆီးကာ စစ်ရာဇဝတ်မှုကျူးလွန်နေမှုအား အာရက္ခတပ်တော်မှ သေချာစွာ မှတ်တမ်းတင်ထားပြီး ကျူးလွန်ခဲ့သော တပ်ရင်း၊ တပ်မများ နှင့် အမိန့်ပေး၊ ညွှန်ကြားချက်ပေးသူများကို ဖမ်းဆီးရမိပါက ၎င်းပြစ်မှုများနှင့်ထိုက်တန်သော ပြစ်ဒဏ်များကို စီရင်ချမှတ်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထား သည်။
အာရက္ခဒေသအတွင်း၌ အကြမ်းဖက် ဖက်ဆစ် စစ်ရှုံး စစ်ကောင်စီနှင့် အာရက္ခတပ်တော်တို့ကြား တစ်နှစ်ကျော်ကြာ ဖြစ်ပွားနေခဲ့ပြီး စခန်းတစ်ခုပြီးတစ်ခု၊ မြို့များ တစ်မြို့ပြီးတစ်မြို့ လက်လွှတ် ဆုံးရှုံးနေရသော အကြမ်းဖက် ဖက်ဆစ် စစ်ရှုံးစစ်ကောင်စီက ဖက်ဆစ်စစ်တပ်တို့၏ လုပ်နေကျ ဝသီအကျင့်စရိုက်အတိုင်း စစ်ရေးပစ်မှတ်မဟုတ်သော ဆေးရုံများ၊ ဆေးခန်းများ၊ စာသင်ကျောင်း များ၊ ဘာသာရေးအဆောက်အအုံများ၊ စစ်ရှောင်စခန်းများ နှင့် အပြစ်မဲ့ပြည်သူများနေထိုင်ရာ ရပ်ရွာ များကို လေယာဉ်များဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းတို့အပြင် ရပ်ရွာများကို မီးရှိခြင်း၊ တံတားများကို မိုင်းခွဲဖျက်ဆီးခြင်းတို့ကို နေ့စဉ်နေ့တိုင်းပြုလုပ်လျက်ရှိကြောင်း သိရသည်။
Thanlwin Myanmar Media