KNDF

0 0
Read Time:2 Minute, 28 Second

လွိုင်ကော်မြို့နယ်၊ အောင်သပြေဂူကုန်း၌တပ်စွဲထားသော စစ်တပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်မှု ဗိုလ် ၁ ဦးအပါအဝင် ၆ ဦးသေဆုံးပြီး ၄ ဦးကို လက်နက် ၁၂ လက်နှင့်အတူအရှင်ဖမ်းမိ

 

သံလွင်မြန်မာသတင်း

ဒီဇင်ဘာလ ၂၁

 

ကရင်နီပြည်၊ လွိုင်ကော်မြို့နယ်၊ အောင်သပြေဂူကုန်းပေါ်၌ တပ်စွဲထားသော အကြမ်းဖက် စစ် ကောင်စီ တပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ ဗိုလ် ၁ ဦးအပါအဝင် ၆ ဦးသေဆုံးပြီး ၄ ဦးကို လက်နက် ၁၂ လက်နှင့်အတူ အရှင်ဖမ်းမိခဲ့ကြောင်း KNDF အမှတ် ဗျူဟာက ထုတ်ပြန်သည်။

 

ဒီဇင်ဘာလ ၁၈ ရက် နံနက် ၆ နာရီခန့်က လွိုင်ကော်မြို့နယ်၊ အောင်သပြေဂူကုန်းပေါ်၌ တပ်စွဲထား သော အကြမ်းဖက်စစ်ကောင်စီတပ်စခန်းကို ကရင်နီတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ ဝင်ရောက်တိုက် ခိုက်ခဲ့ရာ ၂ ပွင့်ဗိုလ် ၁ ဦး၊ တပ်ကြပ် ၁ ဦးအပါအဝင် စစ်ကောင်စီတပ်သား ၆ ဦးသေဆုံးပြီး ၄ ဦး အရှင်ဖမ်းမိခဲ့ကြောင်း သိရသည်။

ထို့အပြင် စစ်ကောင်စီတပ်သားများ အသုံးပြုသော MA-1 အမျိုးအစား သေနတ် ၇ လက်၊ MA-11 အမျိုးအစား သေနတ် ၄ လက် နှင့် MA-3 အမျိုးအစေား သေနတ် ၁ လက် စုစုပေါင်း သေနတ် ၁၂ လက် သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

 

ယင်းစခန်းသိမ်းတိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီက ဒရုန်းအပါအဝင် လက်နက်ကြီးများဖြင့် အများအပြား ပြန်လည်ပစ်ခတ်ခဲ့သည့်အပြင် လွိုင်ကော်မြို့မှတဆင့်အခြားနေရာ ဒေသများကို ထိုး စစ် ဆင်တိုက်ခိုက်မှုများ ပြန်လည်ပြုလုပ်လျက်ရှိကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ဗျူဟာ အမှတ်- ၂ ၊ KNDF တပ်ရင်းအမှတ်- ၂ ၊ KNDF တပ်ရင်းအမှတ်- ၁၄ ၊ KNDF UAV နှင့်Loikaw Local PDF တို့ ပူးပေါင်း ကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ကြောင်း သိရ သည်။

 

ထို့ကြောင့် မိဘပြည်သူလူထုအနေဖြင့် စစ်ရေးအခြေအနေများကို အမြဲမပြတ်နားစွင့်ထားရန် KNDF အမှတ် ၂ ဗျူဟာက တိုက်တွန်းထားသည်။

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *