မြိုင်မြို့နယ်၊ ကန်နီပျူရွာကနေ ထွက်လာတဲ့ စစ်ကောင်စီ တပ်သားတွေကို တိုက်ခိုက်မှု ၁ ဦး သေ ဆုံး
သံလွင်မြန်မာသတင်း
ဒီဇင်ဘာလ ၂၁
မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ကန်နီပျူရွာကနေ ထွက်လာတဲ့ အကြမ်းဖက် စစ်ကောင်စီ တပ်သားတွေ ကို တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၁ ဦးပြီး အများအပြားဒဏ်ရာရရှိခဲ့တယ်လို့ MPL မြောက် ပိုင်းဇုန် (မြိုင်-ပကဖ) က ထုတ်ပြန်ထားပါတယ်။
ဒီဇင်ဘာလ ၂၀ ရက် မွန်းလွဲပိုင်းက မြိုင်မြို့နယ်၊ ကန်နီပျူရွာကနေ မြောက်ဘက်ကို မြေပဲဖော်ဖို့ ထွက်လာတဲ့ အကြမ်းဖက် စစ်သား၊ ပျူတွေကို တော်လှန်ရေး တပ်ဖွဲ့တွေက လက်နက်ငယ်တွေ၊ RC Plane တွေ ၊ ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တာပါ။
အဲဒီတိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား ၁ ဦးသေဆုံးပြီး အများအပြား ထိခိုက် ဒဏ်ရာရရှိခဲ့ကာ စစ်ကောင်စီတပ်သားတွေက ကျေးရွာအတွင်း ပြန်ပြေးဝင်သွးတယ်လို့ ဆိုပါတယ်။
အဲဒီစစ်ဆင်ရေးကို ကို MPL မြောက်ပိုင်းဇုန် (မြိုင်-ပကဖ) ၊ ကိုဂတုံးအဖွဲ့ (မြိုင်-ပကဖ)၊ မြိုင်မြို့နယ် ပကဖ တပ်ရင်း ၁ တပ်ခွဲ၁၊ ဗမာ့ဒေါင်း (မြိုင်-ပကဖ)၊ Eagle Brigade Drone Force နဲ့ မန်ကျည်းရိပ် ကိုငရဲ အဖွဲ့တို့ ပူးပေါင်း လုပ်ဆောင်ခဲ့တာပါ။
Thanlwin Myanmar Media