Bago News

0 0
Read Time:1 Minute, 57 Second

ပေါင်းတည်မြို့နယ်၊ လှေကထောင်တဲတိုက်အနီးတွင် စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၁ ဦး သေဆုံး

 

သံလွင်မြန်မာသတင်း

ဒီဇင်ဘာလ ၂၁

 

ပဲခူးတိုင်း၊ ပေါင်းတည်မြို့နယ်၊ လှေကထောင်တဲအနီးတွင် အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို တိုက် ခိုက်ခဲ့ရာ စစ်သား ၁ ဦးသေဆုံးခဲ့တယ်လို့ ပေါင်းတည်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PPDF-၃၆၀၁ တပ်ရင်း က ထုတ်ပြန်ထားပါတယ်။

 

ဒီဇင်ဘာလ ၁၉ ရက် မနက် ၁၀ နာရီခွဲခန့်က ပေါင်းတည်မြို့နယ်၊ သိမ်ကုန်းတာဝါတိုင် အထိုင် စခန်းကနေ အင်အား ၄၀ လောက်နဲ့ နတ္တလင်းမြို့နယ် ဘက်ကို ဦးတည်ထွက်ခွာ လာတဲ့ အကြမ်း ဖက် စစ်ကောင်စီစစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက လှေကထောင်တဲတိုက်နား အရောက် အားကြား ဖြတ်တိုက်ခိုက်ခဲ့တာပါ။

အဲဒီတိုက်ခိုက်မှုမှာ အကြမ်းဖက်စစ်သား ၁ ဦးသေဆုံးကာ ၁ ဦးအပြင်းအထန်ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။

 

အကြမ်းဖက်စစ်ကောင်စီတပ်သားတွေဟာ လှေကထောင်တဲတိုက်နဲ့ သိမ်ကုန်းတဲတိုက်ထဲက ပြည်သူ တွေနဲ့ လှည်းတွေကို‌ အတင်းအဓမ္မချောဆွဲကာ သေဆုံးစစ်သားအလောင်းနဲ့ ဒဏ်ရာရရှိသူကို သယ် ဆောင်ကာ နတ်တလင်းမြို့နယ်၊ ကွင်းကြယ်ရွာအထိုင်စခန်းကို ဝင်ရောက်သွားတယ်လို့ သိရပါ တယ်။

 

အဲဒီအကြမ်းဖက်စစ်ကြောင်းကို ပြည်ခရိုင်ပြည်သူ့ ကာကွယ်ရေးတပ်မတော် ၃၆၀၁ PPDFတပ်ရင်း တပ်ခွဲ ၂ ရဲဘော်တွေက တိုက်ခိုက်ခဲ့တာဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *