မြင်းမူမြို့နယ်၊ မုံရွာ-မန္တလေးလမ်းပေါ်တွင် ကြေးနီတင်ကားများကို မိုင်းဆွဲတိုက်ခိုက်မှု ကား ၂ စီး ပျက်စီး
သံလွင်မြန်မာသတင်း
ဒီဇင်ဘာလ ၂၀
စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ မုံရွာ -မန္တလေးလမ်းမပေါ် ဘိုးမင်းကြီးကင်းနှင့် ဂွေးပင်တောရွာကြား၌ အကြမ်းဖက်စစ်ကောင်စီ၏ ကြေးနီတင်ကားတန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ကား ၂ စီးပျက်စီးခဲ့ ကြောင်း Black Eagle Defence Force – MMU ထံမှ သိရသည်။
ယမန်နေ့ ဒီဇင်ဘာလ ၁၉ ရက် နံနက် ၁၁ နာရီ ၄၀ မိနစ်က မုံရွာမြို့ဘက်မှ စစ်ကိုင်းဘက်သို့ ထွက် လာသော ကြေးနီတင်ယာဉ်တန်းနှင့် လုံခြုံရေးလိုက်ပါလာသည့် သံပြားကာ ကားတို့ကို မြင်းမူမြို့ နယ်၊ မုံရွာ -မန္တလေးလမ်းပိုင်း ဘိုးမင်းကြီးကင်းနှင့် ဂွေးပင်တောကျေးရွာကြား အရောက် ပဒေသာ မိုင်း ၂ လုံးပွိုင့် ၅ ပွိုင့်ဖြင့် ၅ ကြိမ်မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦး ဒဏ်ရာရရှိပြီး ကား ၂ စီး ပျက် စီးခဲ့ကြောင်း သိရသည်။
မိုင်းဆွဲခံရမှုကြောင့် ပျက်စီးသွားသော ကားများကို ဒို့မြန်မာဆီဆိုင်အကျော် စစ်တပ် အထိုင်စခန်း နှင့် မြောင်လမ်းခွဲရှိ အကြမ်းဖက်စစ်တပ် အထိုင်စခန်းတို့တွင် ရပ်ထားခဲ့ကြောင်း သိရသည်။
“သေစာရင်းတော့မသိရသေဘူး၊ နှစ်ယောက်ဒဏ်ရာရတယ်၊ ကားနှစ်စီး ပျက်စီးတယ်၊ ၄ မြောက်၊ ၅ စီးမြောက်၊ ၆ စီးမြောက်၊ ၁၀ စီးမြောက်နဲ့ ၁၅ စီးမြောက်ကားတွေကို မိုင်းပွိုင့် ၅ ပွိုင့်နဲ့ဆွဲခဲ့တာ။ မုံရွာ-မန္တလေးလမ်းမကြီးကို သွားလာနေတဲ့ပြည်တွေအနေနဲ့ စခယာဉ်တန်းတွေနဲ့ ကပ်မလိုက်ဖို့ သတိပေး ချင်ပါတယ်။ ပြည်သူကားတွေက စခယာဉ်တန်းတွေနဲ့ ကပ်ပါလာတော့ ပြည်သူများထိခိုက်မိမှာစိုးလို့ မဆွဲလိုက်ရတဲ့ ကားယာဉ်တန်းတွေလဲ ရှိလို့ပါ” ဟု Black Eagle Defence Force – MMU မှ တာဝန် ရှိသူတစ်ဦးက ပြောကြားသည်။
အဆိုပါ တိုက်ခိုက်မှုကို မြင်းမူမြို့နယ် ပကဖ မှ ဦးဆောင်၍ Black Eagle Defence Force-MMU ရဲဘော်များက လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
Thanlwin Myanmar Media