အမ်းမြို့အခြေစိုက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် -နပခ ကို AA က အပြီးသတ်သိမ်းပိုက်မှု ဒုတိုင်း မှူး နှင့် တိုင်းစစ်ဦးစီးချုပ်တို့ကို အရှင်ဖမ်းမိ
သံလွင်မြန်မာသတင်း
ဒီဇင်ဘာလ ၂၀
ရခိုင်ပြည်နယ်၊ အမ်းမြို့အခြေစိုက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို အပြီးသတ်သိမ်းပိုက်လိုက်ပြီ ဖြစ်ပြီး ဒုတိုင်းမှူးနှင့် တိုင်းစစ်ဦးစီးချုပ်တို့ကို အရှင်ဖမ်းဆီးထားကြောင်း အာရက္ခတပ်တော် -AA ပြောခွင့်ရ ခိုင်သုခက အတည်ပြုထုတ်ပြန်ပြောကြားသည်။
ယနေ့ ဒီဇင်ဘာလ ၂၀ ရက် မွန်းတည့် ၁၂ နာရီအချိန်တွင် အမ်းမြို့အခြေစိုက် အနောက်ပိုင်းတိုင်း စစ် ဌာနချုပ်ကို အပြီးသတ်သိမ်းပိုက်လိုက်ခြင်းဖြစ်ပြီး ဒုတိုင်းမှူး ဗိုလ်မှူးချုပ် -သောင်းထွန်းနှင့် တိုင်း စစ် ဦးစီးချုပ် ဗိုလ်မှူးချုပ် -ကျော်ကျော်သန်းတို့ကို အရှင်ဖမ်းဆီးကာ ထွက်ပြေးနေသည့် စစ်ကောင်စီ တပ်သားများကို လိုက်လံဖမ်းဆီးရှင်းလင်းနေကြောင်း သိရသည်။
“ဒီဇင်ဘာလ ၂၀ ရက် နေ့လည် ၁၂ နာရီလောက်မှာ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တစ်ခုလုံးကို သိမ်းပိုက်ထိန်းချုပ်ထားနိုင်ဖြစ်ပါတယ်။ နပခရဲ့ ဒုတိုင်းမှူး ဗိုလ်မှူးချုပ် သောင်းထွန်း၊ တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ် ကျော်ကျော်သန်းတို့ကိုလည်း ဖမ်းဆီးရရှိထားပါတယ်။ ထွက်ပြေးလွတ်မြောက်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ကိုလည်း လိုက်လံဖမ်းဆီးနေတာရှိပါတယ်” ဟု အာရက္ခတပ်တော် -AA ပြောခွင့်ရခိုင်သုခက မီဒီယာများကို အတည်ပြုထုတ်ပြန်ပြောကြားသည်။
ပြီးခဲ့သည့် ဩဂုတ်လ ၃ ရက်နေ့က ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးအခြေစိုက် အရှေ့မြောက်ပိုင်း တိုင်းစစ်ဌာနချုပ် – ရမခကို MNDAA တပ်ဖွဲ့က ပထမအကြိမ်သိမ်းပိုက်ရရှိထားပြီး အာရက္ခတပ်တော် – AA က ဒုတိယမြောက်အဖြစ် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် – နပခ ကို သိမ်းပိုက်ရရှိလိုက်ခြင်း ဖြစ်ကြောင်း သိရသည်။
Thanlwin Myanmar Media