International News

0 0
Read Time:6 Minute, 39 Second

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင်ကျင်းပမည့် “အလွတ်သဘော” ဆွေးနွေးပွဲတွင် လူသတ်ကောင်စစ် အုပ်စုကို ဖိတ်ကြားမည်မဟုတ်ပဲ လူထုကရွေးချယ်ထားသည့် NUG အစိုးရကိုသာ ဖိတ်ကြားရမည်ဟု ထုတ်ပြန်

 

သံလွင်မြန်မာသတင်း

ဒီဇင်ဘာလ ၁၉

 

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင်ကျင်းပမည့် “အလွတ်သဘော” ဆွေးနွေးပွဲတွင် လူသတ်ကောင် စစ် အုပ်စုကို ဖိတ်ကြားရမည်မဟုတ်ပဲ NUG အစိုးရကိုသာ ဖိတ်ကြားရမည်ဖြစ်ကြောင်းDefend Myanmar Democracy အဖွဲ့က ထုတ်ပြန်သည်။

 

ယနေ့ ဒီဇင်ဘာလ ၁၉ ရက်နေ့တွင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် ကျင်းပသည့်မြန်မာနိုင်ငံ အကျပ်အတည်း များနှင့် ပတ်သက်၍ အိမ်နီးချင်းနိုင်ငံများအကြား “အလွတ်သဘော” သံတမန်အစည်းအဝေးများတွင် မြန်မာနိုင်ငံ၏ တရားဝင်အစိုးရ ပါဝင်ရမည်ဖြစ်ပြီး တရားမဝင်စစ်အုပ်စု ပါဝင်ရမည် မဟုတ်ကြောင်း၊ အစည်းအဝေးများတွင်စစ်အုပ်စုကိုယ်စားလှယ်များပါဝင်ခြင်းသည်စစ်အုပ်စုအားမှားယွင်းသော နိုင်ငံ ရေးတရားဝင်မှုကိုပေးအပ်မည်ဖြစ်ပြီးယင်းသည်မြန်မာနိုင်ငံ၏အစစ်အမှန်အစိုးရအပေါ်ထိခိုက် နစ် နာစေ၍ အကျပ်အတည်းအား ပိုမိုဆိုးရွားစေမည့် အန္တရာယ်လည်းရှိနေကြောင်း Defend Myanmar Democracy အဖွဲ့ကထောက်ပြထားသည်။

Photo – အကြမ်းဖက်စစ်ကောင်စီ၏ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေ

“မြန်မာပြည်သူတွေထက် စစ်အုပ်စုကိုပိုပြီး ကူညီပံ့ပိုးနေကြတဲ့နိုင်ငံတွေ အတူတကွတွေ့ဆုံကြတယ် ဆိုတာက၊ ဒါဟာ ကျွန်တော်တို့ပြည်သူတွေရဲ့ အကျိုးစီးပွားအတွက် မဟုတ်ဘူးဆိုတဲ့ အချက်ပြမှုတစ်ခု ဖြစ်ပါတယ်။ အိမ်နီးချင်းနိုင်ငံတွေအနေနဲ့ စစ်အုပ်စုကြောင့်ဖြစ်တဲ့ မြန်မာနိုင်ငံအကျပ်အတည်းကို ဖြေရှင်းရာမှာ ကူညီချင်တယ်ဆိုရင် သူတို့အနေနဲ့ ကျွန်တော်တို့ရဲ့ တရားဝင်အစိုးရနဲ့ ဆက်ဆံဆောင်ရွက်ရပါမယ်။ တိုင်းပြည်ကို လုယူဖို့ကြိုးစားနေတဲ့ ရွေးကောက်ခံမဟုတ်တဲ့ လူသတ်ကောင်အစုအဖွဲ့နဲ့ ဆက်ဆံရမှာ မဟုတ်ပါဘူး” Defend Myanmar Democracy ၏ ပြောရေးဆိုခွင့်ရှိသူ နော်အောင်က ပြောဆိုသည်။

 

၂၀၂၅ခုနှစ်တွင်အာဆီယံဥက္ကဌတာ၀န်အားမလေးရှားနိုင်ငံကလွှဲပြောင်းရယူရန် ပြင်ဆင်နေပြီးမလေး ရှား ဝန်ကြီးချုပ်ကလည်းမြန်မာနိုင်ငံအခြေအနေအပေါ်အာဆီယံ၏ ဘုံသဘော တူ ညီချက် ၅ ချက်အား အကောင်အထည်ဖော်ရန် ကတိကဝတ်ပြုထားသည့် အခြေအနေတွင် ငြိမ်းချမ်းရေးညှိနှိုင်းဆွေးနွေးရန်အာဆီယံ၏ကြိုးပမ်းမှုများကိုထိခိုက်ပျက်ပြားစေမည့် အန္တရာယ် လည်း ရှိနေကြောင်း ဆက်လက်ပြောဆိုထားသည်။

 

အစည်းအဝေးပွဲအတွင်း စစ်အုပ်စုကစီစဉ်ထားသည့်အတုအယောင် တရားမ၀င် ရွေးကောက်ပွဲအကြောင်း ဆွေးနွေးနိုင်ခြေရှိပြီး ယင်းကို အစည်းအ၀ေးတက်ရောက်လာသည့် နိုင်ငံများမှ မှားယွင်းသော နိုင်ငံရေးတရားဝင်မှု ပေးအပ်သည့်အခြေအနေ ဖြစ်သွားနိုင်သည့် အန္တရာယ်ရှိကြောင်း ထောက်ပြထားသည်။

 

အဆိုပါ ဆွေးနွေးပွဲကို တက်ရောက်မည့် တရုတ်၊ အန္ဒိယ၊ ဘင်္ဂလားဒေ့ရှ် ၊ လာအို ၊ ထိုင်းနှင့် အင်ဒိုနီးရှား နိုင်ငံဖြစ်ပြီး ယင်းအထဲမှ နိုင်ငံအချို့သည် စစ်အုပ်စုကို စက်လက်နက်များရောင်းချပေးခြင်း၊ နိုင်ငံတကာဖိုရမ်များတွင် နိုင်ငံရေး ပံ့ပိုးပေးအပ်ခြင်းတို့ လုပ်ဆေင်မှုရှိခဲ့ကြောင်း သိရသည်။

 

၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပသည့် မြန်မာ့ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် သောင်ပြိုကမ်းပြိုအနိုင်ရရှိခဲ့သည့် NLD ပါတီဦးဆောင်သော အစိုးရကို စစ်တပ်က ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် တရားမဝင်အာဏာသိမ်းရန် ကြိုးပမ်းခဲ့ပြီး နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် အပါအဝင် ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များကို ဖမ်းဆီး ခဲ့ ကြောင်း သိရသည်။

 

ယင်းရွေးကောက်ပွဲမှတဆင့် ရွေးချယ်ခံခဲ့ရပြီး စစ်အုပ်စု၏ ဖမ်းဆီးခြင်းမခံရသော လွှတ်တော်ကိုယ် စားလှယ်များဖြင့် ဖွဲ့စည်းထားသည့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ – CRPH ၊ ယင်းမှ ဖွဲ့စည်းလိုက်သည့် အမျိုးသားညီညွတ်ရေးအစိုးရ – NUG တို့သာ တရားဝင်မှုရှိပြီး အာစီယံအပါအဝင် နိုင်ငံတကာဆက်စပ်အစည်းအဝေးပွဲများတွင် မြန်မာပြည်သူလူထုကိုယ်စား NUG အစိုးရကသာ တရား ဝင်ဖြစ်ကြောင်း အသိပေးထားသည်။

 

စစ်အုပ်စုကို မြန်မာပြည်သူလူထုတစ်ရပ်လုံး နေရာအနှံ့အပြားက ပြင်းပြင်းထန်ထန်ဆန့်ကျင်နေပြီး အကျင့်ပျက်ခြစားသော လက်နက်ကိုင်ရာဇဝတ်ဂိုဏ်းတစ်ခုသာဖြစ်ကြောင်း၊ စစ်အုပ်စုသည် အစိုးရ တပ်ရပ်မဟုတ်ကြောင်း၊၎င်းတို့ခန့်အပ်ထားသူများသည်လည်း မြန်မာပြည်သူလူထုကိုယ်စားပြုခွင့်မရှိ ကြောင်း Defend Myanmar Democracy အဖွဲ့က ပြောဆိုသည်။

 

ယခုအခါ ဒီမိုကရေစီတော်လှန်ရေးအင်အားစုများနှင့် တိုင်းရင်းသားတော်လှန်ရေး အင်အားစုများမှ စစ်အုပ်စုနယ်မြေများကို သိမ်းပိုက်ထိန်းချုပ်နေပြီဖြစ်ပြီး စစ်အုပ်စုအနေနဖြင့် နိုင်ငံ့ပိုင်နယ်မြေ အများ စုကို ထိန်းချုပ်နိုင်ခြင်းမရှိတော့ကြောင်း ဆက်လက်ပြောဆိုသည်။

 

ထို့အပြင် မြန်မာနိုင်ငံ ဥပဒေအရသာမက နိုင်ငံတကာ ဥပဒေများတွင် သတ်မှတ်ထားသည့် ရာဇဝတ်ဂိုဏ်း အဖွဲ့အစည်းတစ်ခုသာဖြစ်ပြီး လူမျိုးတုန်းသတ်ဖြတ်မှု၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်နေသည့် ရာဇဝတ်မှုများဖြင့် အာဂျင်တီးနားနိုင်ငံ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး၌ တရားစွဲဆိုခံထားရပြီး စစ်အုပ်စုခေါင်းဆောင် မင်းအောင်လှိုင်ကို မကြာမီ ဖမ်းဝရမ်းထုတ်ရန် ဆုံးဖြတ် တော့မည်ဖြစ်ကြောင်း အသိပေးထးသည်။

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *