Sagaing News

0 0
Read Time:2 Minute, 49 Second

ကန့်ဘလူမြို့နယ်၊ မန်ကျည်းကုန်းရွာအနီးတွင် တိုက်ပွဲဖြစ်ပြီး စစ်သား ၁၁ ဦးသေဆုံး၊ လက်နက် ၉ လက်နှင့် ခဲယမ်းများ သိမ်းဆည်းရရှိ

 

သံလွင်မြန်မာသတင်း

ဒီဇင်ဘာလ ၁၈

 

စစ်ကိုင်းတိုင်း ၊ ကန့်ဘလူမြို့နယ်၊ မန်ကျည်းကုန်းရွာအနီးတိုက်ပွဲတွင် အကြမ်းဖက် စစ်ကောင်စီ တပ်သား ၁၁ ဦးသေဆုံးပြီး လက်နက် ၉ လက်နှင့်ခဲယမ်းအချို့ သိမ်းဆည်းရရှိခဲ့ကြောင်း ကျွန်းလှ တက်ကြွလှုပ်ရှားသူများအဖွဲ့ထံမှ သိရသည်။

 

ဒီဇင်ဘာ ၁၆ ရက် နံနက် ၆ နာရီ ၂၀ မိနစ်က ကျွန်းလှမြို့နယ်၊ကုက္ကိုကုန်းရွာအထိုင်စခန်းမှ ထွက်လာ သော စစ်ကောင်စီတပ်သား၊ ပျူစောထီးစစ်ကြောင်းကို ကန့်ဘလူခရိုင်အတွင်းရှိ တော်လှန်ရေး အင် အားစုများက ကန့်ဘလူမြို့နယ်၊ မန်ကျည်းကုန်းရွာအနီးမှ အသင့်စောင့်ကြို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၁၁ ဦး သေဆုံးပြီး လက်နက် ၉ လက်နှင့် ခဲယမ်းအချို့ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

ယင်းတိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်က အထိနာသွားသဖြင့် မွန်းတည့် ၁၂ နာရီ ၅ မိနစ် နှင့် ၁၂ နာရီ ၁၂ မိနစ်တို့တွင် တံတားဦးမှ တက်လာသော Jet Fighter တစ်စီးဖြင့် ၂ ကြိမ် ဗုံးကျဲ ပစ် ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ တိုက်ပွဲမှာ တနေကုန်နီးပါး ဖြစ်ပွားခဲ့ပြီး သေဆုံးထိခိုက်ဒဏ်ရာရရှိသော အကြမ်းဖက် စစ်သားများကို ကား၃ စီးဖြင့် တင်ကာ ကျွန်းလှမြို့မှတဆင့် ကန့်ဘလူ ကုတင် ၁၀၀ ဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။

 

ထို့အပြင် တိုက်ပွဲအတွင်း သေဆုံးသွားသော အကြမ်းဖက်စစ်သား၊ ပျူစောထီးများကို ယနေ့ ဒီဇင် ဘာလ ၁၈ ရက် နေ့လည်ပိုင်းတွင် ပြည်သူများ ဖြတ်သန်းခွင့်ပိတ်ပင်ကာ ကန့်ဘလူမြို့ သုဿာန်၌ မီးသင်္ဂြိုလ်ခဲ့ကြောင်း သိရသည်။

 

အကြမ်းဖက်စစ်သားများသည် သေဆုံးစစ်သား၊ ပျူစောထီးများ၏ အလောင်းများကို ပြည်သူများ သိရှိခြင်းမရှိပဲ သင်္ဂြိုလ်နိုင်ရန် သုဿာန်အနီး ဘန်ကာဆောက်၍ ဂိတ်ချထားကြောင်း၊ မန်ကျည်း ကုန်းရွာအနီးတိုက်ပွဲတွင် နတ်ပေးရွာမှ ပျူစောထီးတစ်ဦး၊ သင်မန်းတောရွာမှ ငဖြိုးနှင့် ရာကျော်ဝင်း အပါအဝင် ပျူစောထီး ၅ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

 

အဆိုပါ တိုက်ပွဲအတွင်း တော်လှန်ရေးအင်အားစုများဘက်မှ Drone ၂ စီး ဆုံးရှုံးခဲ့ပြီး ရဲဘော် ၄ ဦး အသက်အန္တရာ မစိုးရိမ်ရ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *