Sagaing News

0 0
Read Time:2 Minute, 30 Second

 မုံရွာ မြို့မရဲစခန်း အချုပ်မှာ အကျင့်ပျက်ချစားမှုနဲ့ လူအခွင့်ရေးတွေချိုးဖောက်နေ

 

သံလွင်မြန်မာသတင်း

ဒီဇင်ဘာလ ၁၈

 

စစ်ကိုင်းတိုင်း မုံရွာမြို့မ ရဲစခန်း အချုပ်မှာ အကျင့်ပျက်ချစားမှုတွေနဲ့ လူ့အခွင့်အရေးချိုးဖောက်မှု တွေ ရှိနေတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများ ကွန်ယက် – PPNM က ထုတ် ပြန်ထားပါတယ်။

 

အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ ရဲဝန်ထမ်းတွေက ရဲအချုပ်အတွင်း မတရားဖမ်းဆီးခံထား ရတဲ့ အချုပ်သားတွေအပေါ် လုံလောက်တဲ့ နေရာထိုင်ခင်းတွေ မပေးတာ၊ ကျန်းမာရေးနဲ့ သင့်တင့် လျောက်ပတ်တဲ့ စားစရာ ကျွေးမွေးတာတွေမရှိပဲ ဥပဒေမဲ့ ဖမ်းဆီးထားတယ်လို့ဆိုပါတယ်။

အဲဒီလို ဖမ်းဆီးခံထားရတဲ့ မိသားစုဝင်တွေ အပေါ်မှာလည်း ရဲဝန်ထမ်းတွေက ခေါင်းပုံဖြတ် ကိုယ် ကျိုးစီးပွား ရှာနေတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) မှ ထုတ်ဖော်ပြောဆိုထားပါတယ်။

 

အချုပ်သားတွေဆီကို မိသားစုတွေကပေးပို့လာတဲ့ ငွေကြေးနဲ့ အခြားပစ္စည်းတွေကိုလည်း ဖြတ်ယူ တာ၊ အလွဲသုံးစားလုပ်တာတွေလည်း လုပ်ဆောင်နေပါတယ်။

 

ဒါ့အပြင် အချုပ်သားတွေကို စိတ်မကျေနပ်တဲ့ အခါတိုင်း ဆဲဆိုတာ၊ မိုက်မိုက်ရိုင်းရိုင်း ပြောဆိုတာ တွေလည်း နေ့စဉ်နေ့တိုင်းလုပ်ဆောင်နေတယ်လို့ သိရပါတယ်။

 

စခန်းမှူး ပြည့်လင်းအောင်နဲ့ ဂတ်စာရေး ချစ်ညိုညိုတို့ကိုယ်တိုင် နိုင်ငံရေးအကျဉ်းသား အကျဉ်းသူ တွေအပေါ် အဓိကထား ဖိနှိပ်နေတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများ ကွန်ရက် – PPNM က ပြောပါတယ်။

 

ဒါ့ကြောင့် ပြည်သူလူထုနဲ့ တော်လှန်ရေးအင်အားစုတွေ ၊သပိတ်အင်အားစုတွေ ၊လူ့အခွင့်အရေးအဖွဲ့ အစည်းတွေ အနေနဲ့ အကျဉ်းထောင်တွေနဲ့ အကျဉ်းဦးစီးဝန်ထမ်းတွေကို စောင့်ကြည့်ကာ လက်တွေ့ ကျတဲ့ ကူညီမှုတွေ၊ ထိရောက်တဲ့ အရေးယူမှုတွေ၊ လူမှုရေးပြစ်ဒဏ်ပေးမှုတွေကို ထိရောက်စွာ ပြု လုပ် ပေးကြပါဖို့ တိုက်တွန်းထားပါတယ်။

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *