Poem

0 0
Read Time:1 Minute, 34 Second

ကဗျာကဏ္ဍ “နေချိုချိန်”

 

ပျိုးကြဲလက်

 

သူသာသွေးပြောင် ၊ စွန့်စားယောင်ဖြင့်

ခေါင်းဆောင်လူညစ် ၊ စည်းစိမ်ယစ်သော်

စစ်သားမယား ၊ တဖားဖားနှင့်

စစ်သားအမေ ၊ တပေပေတည့် ။

 

မွေးသည့်ကလေး ၊ ပြည့်ရင်သွေးလည်း

လူမွှေးမပြောင် ၊ စစ်ခေါင်းဆောင်ကား

သားမောင်ဂုဏ်ကြီး ၊ ချစ်သမီးတို့

စီးပွားဥစ္စာ ၊ ပညာရှာရန်

နေရာမရှား ၊ နိုင်ငံခြားထိ

ဆီးတာမရှိ၊ ပို့ဆောင်ဘိ ။

 

နောက်တန်းရဲမေ ၊ မတွေဝေနှင့်

အနေကျပ်ကျပ် ၊ အသေထပ်၍

ကြားညှပ်ရဘိ ၊ လင်ငတိကို

စိတ်ရှိလက်ရှိ ၊ စည်းရုံးဘိလော့ ။

 

တပ်ဆွေတပ်မျိုး ၊ အခြေဆိုးအောင်

သွေးထိုးမြှောက်ပင့် ၊ မပြုသင့်ဘဲ

ချင့်ချိန်နှိုင်းဆ ၊ လမ်းမှန်ပြ၍

နှမအမ ၊ ဒေါ်ကြီးဘထွေး

ညီကအစ်ကို ၊ သားချင်းဆိုက

အိုနာသေဘေး ၊ မကျသေးခင်

ဖေးမယူငင် ၊ ပြည့်ရင်ခွင်သို့

အလျှင်ရောက်စေ၊ ပို့ပါလေ ။

 

တို့မြို့တို့ရွာ ၊ တို့ပြည်သာ၌

အာဏာရှင်ယုတ် ၊ အမြန်ပြုတ်မှ

အဟုတ်ဧကန် ၊ ငြိမ်းချမ်းရန်ဟု

မှန်မှန်ပေါင်းစု ၊ ဝန်းရံပြုလော့ ။

 

အနုအကြမ်း ၊ နိုင်ရာထမ်းလျှက်

စိတ်ဝမ်းမကွဲ ၊ ပုန်ကန်ပွဲသို့

ဝင်နွှဲချဉ်းကပ် ၊ မှန်ရာရပ်၍

တပ်တွင်းတပ်ပြင် ၊ ပေါင်းဆန့်ကျင်က

နေဝင်ချိန်က နီးချေပြီ ။   ။

 

ပျိုးကြဲလက်

 

ကဗျာရေးသားချိန် = ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၁၇ ရက် ညနေ ၆ နာရီ ၅၁ မိနစ်

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *