ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ရွာအနီး တပ်စွဲထားတဲ့ စစ်တပ်ကို ဝင်ရောက် တိုက်ခိုက်မှု စစ်သား ၁ ဦးသေဆုံးပြီး သေနတ် ၁ လက် သိမ်းဆည်းရရှိ
သံလွင်မြန်မာသတင်း
ဒီဇင်ဘာလ ၁၇
တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ရွာအနီးမှာ တပ်စွဲထားတဲ့ အကြမ်းဖက် စစ်တပ် စခန်းကို ဝင်ရောက် တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ ၁ ဦးသေဆုံးပြီး သေနတ် ၁ လက် သိမ်းဆည်း ရရှိခဲ့တယ်လို့ ရေဖြူမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံက သိရပါတယ်။
ဒီဇင်ဘာလ ၁၅ ရက်နေ့ မနက် ၆ နာရီက ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ကျေးရွာ၊ ဟားလီးကွေ့ မှာ စခန်းချ တပ်စွဲကာ ခရီးသွား ပြည်သူတွေထံက အဓမ္မ ငွေကြေးကောက်ခံနေတဲ့ အကြမ်းဖက် စစ် ကောင်စီ တပ်သားတွေကို ဒူရက စစ်ကြောင်းက ဦးဆောင်ကာ ဝင်ရောက် တိုက်ခိုက်ခဲ့တာပါ။
အဲဒီတိုက်ခိုက်မှုဟာ မိနစ် ၃၀ ခန့် ကြာမြင့်ခဲ့တဲ့အထိ အပြန်အလှန် ပစ်ခတ်တိုက်ပွဲဖြစ်ကာ အကြမ်း ဖက် စစ်ကောင်စီ တပ်သား ၁ ဦး သေဆုံးပြီး ၁ ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့ကာ ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ စစ်သားကတော့ ထွက်ပြေးလွတ်မြောက်သွားတယ်လို့ သိရပါတယ်။
သေဆုံးသွားတဲ့ အကြမ်းဖက် စစ်ကောင်စီ တပ်သားထံကနေ MA-11 အမျိုးအစား သေနတ် ၁ လက်၊ ကျည်ဘောက် ၄ ခု ၊ ၅.၅၆ ကျည် ၂၆၁ တောင့်၊ စစ်သုံးဦးထုပ် ၂ လုံး၊ ပိုက်ဆံ ၉၆၅၀၀၀ ကျပ် ၊ စစ် အသုံးအဆောင် ပစ္စည်း ၁ ခု၊ စကားပြောစက် ၁ လုံး၊ လက်ကိုင်ဖုန်း ၂ လုံး၊ စစ်သုံးရေဘူး ၁ ဗူး တို့ သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။
အဲဒီစစ်ဆင်ရေးကိုတော့ ဒူရက စစ်ကြောင်းက ဦးဆောင်ကာ ဓဝယ်အမျိုးသားလွတ်မြောက်ရေး တပ်တော် (DNLA) ၊ ရေဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPPDF) နဲ့ ဖယ်ဒရယ်ဒူဝံကြယ်ဒရုန်းတပ်ဖွဲ့ တို့ ပူးပေါင်း လုပ်ဆောင်ခဲ့တာပါ။
လက်ရှိချိန် တော်လှန်ရေးနဲ့ စစ်ရေးအရှိန် မြင့်လာတာနဲ့အမျှ ပြည်သူ့ဘက်၊ အမှန်တရားဘက် ရပ် တည်လိုသော စစ်ကောင်စီတပ်က စစ်သား ၊ ရဲတပ်ဖွဲ့ဝင်တွေအနေနဲ့ ပြည်သူ့ရင်ခွင်ကို အမြန်ဆုံး ခိုလှုံ ပူးပေါင်းကြဖို့ တိုက်တွန်းထားပါတယ်။
Thanlwin Myanmar Media