လောင်းလုံးမြို့နယ်အတွင်း ဝင်ရောက်လာသော အကြမ်းဖက်စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၁ ဦး သေဆုံး၊ စစ်တပ်က ပြည်သူ ၁ ဦးကို ပစ်ခတ်သတ်ဖြတ်
သံလွင်မြန်မာသတင်း
ဒီဇင်ဘာလ ၁၆
တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်အတွင်း ဝင်ရောက်လာသော အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲ တုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦးသေဆုံးခဲ့ကြောင်း လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေး တပ် ဖွဲ့ထံမှ သိရသည်။
ဒီဇင်ဘာလ ၁၂ ရက် နံနက် ၁၀ နာရီခန့်က ကမြောအင်းတံတားဘက်မှ လောင်းလုံးမြို့နယ်အတွင်း ဝင်ရောက်လာသော အကြမ်းဖက်စစ်ကြောင်းကို လောင်းလုံးမြို့နယ်၊ မင်းရပ်ရွာ အနောက်ဘက် တောင်ကြောတနေရာ အရောက် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ပြီး တစ်ဦး သေဆုံးသွားကြောင်းသိရသည်။
ထို့အပြင် ဒီဇင်ဘာလ ၁၃ ရက် နံနက် ၂ နာရီ ၃၀ မိနစ်အချိန်တွင်လည်း မိုင်းဆွဲတိုက်ခိုက်သည့် နေရာမှ ဆက်လက်ထွက်ခွာလာ သည့် အကြမ်းဖက်စစ်ကြောင်းကို ထပ်မံမိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်သား ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
“စစ်ကြောင်းက ၁၂ ရက်နေ့ မနက် ၉ နာရီလောက်မှာ ကမြောကင်းတံတားကနေစပြီး ဆင်းလာ တာပါ လက်ရှိစစ်ကြောင်းက လောင်းလုံးမြို့ပေါ်မှာ အင်အားတစ်၀က်လာဖြည့်ခဲ့ပြီး ကျန်တစ်၀က် တော့ လာလမ်းအတိုင်း ပြန်ထွက်သွားပြီဗျ၊ မိုင်းဆွဲတာတော့ ၂ ကြိမ်စလုံး မင်းရပ်ရွာအနောက်ဖက် တောင်ကြောမှာပါ။” ဟု လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
အဆိုပါ တိုက်ခိုက်မှုကို ထား၀ယ်ခရိုင်အမှတ် ၁ တပ်ရင်း၊ အမှတ် ၂ တပ်ရင်း အရိပ်မဲ့အထူးပြောက် ကျား တပ်ဖွဲနှင့် လောင်းလုံး(ပကဖ) ဇုန်-၃ ရဲဘော်များ ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။
အကြမ်းဖက်စစ်တပ်စစ်ကြောင်းက လမ်း၌တွေ့ရှိသော ပြည်သူများကို ဓားစာခံဖမ်းဆီးပြီး ပြည်သူ တစ်ဦးကိုလည်း ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း၊ လောင်းလုံးမြို့ပေါ်တွင် အင်အားဖြည့်တင်းထားပြီး စစ် ရေးပြင်ဆင်နေမှုရှိသဖြင့် အချိန်မရွေးတိုက်ပွဲဖြစ်ပွားနိုင်ကြောင်း သတိပေးထားသည်။
“စစ်ကြောင်းကလာရာလမ်းတလျှောက်မှာရှိတဲ့ ရွာတွေက ပြည်သူတွေကို ဓားစာခံဖမ်းဆီးတာရှိ တယ်၊ ပြည်သူတစ်ဦးကိုလည်း ပစ်ခတ်သတ်ဖြတ်ခဲ့တယ်၊ ဖမ်းခံရတဲ့ပြည်သူက ၁၀ ဦးအထက်ရှိ တယ်။ အရေအတွက်အတိအကျတော့ ပြောလို့မရဘူး။ ပြန်လွတ်လာတဲ့သူတွေလည်းရှိတယ်။ အဓိကတော့ မိဘပြည်သူတွေအနေနဲ့ စစ်ရေးသတင်းတွေအမြဲနားစွင့်ပြီး နေဖို့ပြောချင်ပါတယ်။ အချိန်မရွေးတိုက်ပွဲဖြစ်ပွားနိုင်တာမို့ပါ။” ဟု လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။
Thanlwin Myanmar Media