AA News

2 0
Read Time:3 Minute, 15 Second

အမ်း နပခ တပ်အတွင်းခုခံနေသော အကြမ်းဖက်စစ်သားတွေ အစာငတ်ပြတ်နေလို့ တစ်သုတ်ချင်းစီ အလင်းဝင်၊ အလင်းဝင်လိုတဲ့ စစ်သားနဲ့ အလင်းမဝင်တဲ့စစ်သားအချင်းချင်းကြားလည်းပစ်ခတ်မှုဖြစ် ပြီး ထိခိုက်သေဆုံးမှုရှိ

 

သံလွင်မြန်မာသတင်း

ဒီဇင်ဘာလ ၁၅

 

ရခိုင်ပြည်နယ်၊ အမ်းမြို့အခြေစိုက် အနောက်မြောက်တိုင်း စစ်ဌာနချုပ် -နပခ အတွင်းမှာ အကြမ်း ဖက်စစ်ကောင်စီတပ်သားတွေ အစာငတ်ပြတ်နေလို့ အသုတ်လိုက်အလင်းဝင်မှုရှိကာ အလင်းဝင်လို တဲ့စစ်သားတွေနဲ့ အလင်းမဝင်ချင်တဲ့ စစ်သားတွေအချင်းချင်းကြားလည်း ပစ်ခတ်မှုဖြစ်လို့ ထိခိုက် သေဆုံးမှုရှိတယ်လို့ ဒေသသတင်းရင်းတွေဆီက သိရပါတယ်။

 

အခုရက်ပိုင်းအတွင်း အမ်းမြို့၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်အတွင်းမှာ လက်နက်ချအညံ့မခံဘဲ ပြန်တိုက်နေတဲ့ စစ်ကောင်စီ တပ်သားတွေနဲ့ တိုက်ပွဲထဲက ထွက်ပြေးနေကြတဲ့ စစ်သားတွေဟာ ရိက္ခာတွေပြတ်လပ်နေလာနေတဲ့အတွက် အလံဖြူထောင် လက်နက်ချသူရှိသလို အာရက္ခ တပ်တော် – AA ကို တိုက်ခိုက်နေတဲ့ စစ်သားတွေလည်း ရှိနေသေးတာပါ။

အာရက္ခတပ်တော် အနေနဲ့လည်း နပခ ကိုအပြီးသတ်သိမ်းပိုက်နိုင်ရေးအတွက် လက်ကျန် စစ်ကောင် စီ တပ်သားတွေကို လိုက်လံရှင်းလင်းနေတဲ့အတွက် တိုက်ပွဲပြင်းထန်နေတယ်လို့ ဆိုပါတယ်။

 

“တပ်ထဲမှာ ရိက္ခတွေပြတ်နေတော့ ထွက်ပြေးကြတဲ့ စစ်သားတွေလည်းရှိတယ်၊ ခံတိုက်နေတဲ့ စစ် သားတွေလည်းရှိတယ်၊ တပ်တော်အနေနဲ့က ထွက်ပြေးနေတဲ့ စစ်သားတွေကို လိုက်လံဖမ်းဆီးနေ ရသလို တပ်ထဲမှာ ခံတိုက်နေတဲ့ စစ်သားတွေကိုလည်း တိုက်ခိုက်နေရတာရှိတယ်၊ တစ်ချို့စစ်သား တွေက အလံဖြူထောင်လက်နက်ချအလင်းဝင်တာ၊ ဆယ်ယောက်တစ်သုတ်စီလက်နက်ချအလင်း ဝင်နေတာလည်းရှိတယ်၊ တပ်က ဖရိုဖရဲအတော်ဖြစ်နေတာပါ” လို့ ဒေသစစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

 

အမ်းမြို့နပခတပ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ် အရာရှိကြီးပိုင်းများမှာ ထွက်ပြေးသွားပြီ ဖြစ်ပြီး အောက်ခြေတပ်သားများမှာ အငတ်ငတ်အပြတ်ပြတ်နှင့် ဖရိုဖရဲဖြစ်နေကြောင်း၊ လက်နက်ချ လိုသူများနှင့်လက်နက်မချလိုသူများအကြားလည်း ပစ်ခတ်မှုရှိပြီး ထိခိုက်သေဆုံးသော စစ်သားများ လည်းရှိကြောင်း သိရသည်။

 

ရခိုင်ပြည်နယ်အမ်းမြို့တစ်ခုလုံးကို အာရက္ခတပ်တော် -AA က အလုံးသိမ်းပိုက်ထိန်းချုပ်ထားပြီး အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် -နပခ တပ်ရင်းကို အလုံးစုံသိမ်းပိုက်နိုင်ရန် ထိုးစစ်ဆင်တိုက်ခိုက် လျက်ရှိရာ ဗဟိုကင်းအထိ သိမ်းပိုက်ထားပြီးဖြစ်ကြောင်း၊ အာရက္ခတပ်တော် – AA အနေနဲ့ အလုံးစုံ သိမ်းပိုက်ရရှိပြီဟု သိရှိရသော်လည်း တရားဝင်သတင်းထုတ်ပြန်မှုမရှိသေးပေ။

Thanlwin Myanmar Media

Happy
Happy
100 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *