ညောင်လေးပင် -မဒေါက်လမ်းပေါ်ရှိ စစ်တပ်ဂိတ်စခန်းကို ဝင်ရောက်တိုက်ခိုက်မှု စစ်သား ၅ ဦး သေဆုံးပြီး လက်နက် ၅ လက်နှင့်ခဲယမ်းများ သိမ်းဆည်းရရှိ
သံလွင်မြန်မာသတင်း
ဒီဇင်ဘာလ ၁၄
ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်၊ ညောင်လေးပင် -မဒေါက် ကားလမ်းမပေါ်ရှိ မလူးတဲစစ်တပ်ကာ ကင်းစခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား ၅ ဦးသေဆုံးပြီး လက်နက် ၅ လက်နှင့်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း တောင်းပိုင်းစစ်ဒေသ၊ အမှတ် ၂ စစ်ဒေသခွဲက ထုတ်ပြန်သည်။
ယနေ့ ဒီဇင်ဘာလ ၁၄ ရက် နံနက် ၃ နာရီ အချိန်က ညောင်လေးပင် – မဒေါက် ကားလမ်းပေါ်ရှိ စစ်ကောင်စီတပ်၏ မလူးတဲ ကာကင်းဂိတ်စခန်းကိုဝင်ရောက်တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ် တိုက်ပွဲ ၁ နာရီခန့်ကြာမြင့်ခဲ့ပြီး နံနက် ၄ နာရီအချိန်တွင် အပြီးသတ် သိမ်းပိုက်ရှင်းလင်းနိုင်ခဲ့ ကြောင်း သိရသည်။
ယင်းစခန်းသိမ်းတိုက်ပွဲအတွင်း အကြမ်းဖက်စစ်သားများ အသုံးပြုသော MA1 အမျိုးအစား သေနတ် ၃ လက်၊ G – 3 အမျိုးအစား သေနတ် ၂ လက်၊ တိုက်မိုင်း၊ နင်းမိုင်းများ၊ ခဲယမ်းများ နှင့် အခြား စစ်သုံး ပစ္စည်းများကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ၊ တောင်ပိုင်းစစ်ဒေသ၊ အမှတ် ၂ စစ် ဒေသခွဲ၊ အမှတ် ၃၇၀၃ တပ်ရင်းက ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
Thanlwin Myanmar Media