Bago News

0 0
Read Time:2 Minute, 27 Second

လက်ပံတန်းမြို့နယ်တွင် စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၄ ဦးသေဆုံးပြီး PDF တစ်ဦး ကျဆုံး

 

သံလွင်မြန်မာသတင်း

ဒီဇင်ဘာလ ၁၄

 

ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်၊ ပခူးရိုးမ တောင်ခြေ ထန်းတော ကျေးရွာ အနီးတွင် တိုက်ပွဲဖြစ်ပြီး စစ်သား ၄ ဦးသေဆုံးခဲ့ကြောင်း ရွှေတန်းမြေပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ထံမှ သိရသည်။

 

ဒီဇင်ဘာလ ၇ ရက် နံနက် ၉ နာရီခန့်က မင်းလှမြို့နယ်ဘက်မှ အင်အား ၇၀ ခန့်ဖြင့် စစ်ကြောင်းထိုး လာသော အကြမ်းဖက်စစ်သားများကို လက်ပံတန်းမြို့နယ်၊ ပဲခူးရိုးမတောင်ခြေ ထန်းတောကျေးရွာ အနီးအရောက် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့မှ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၄ ဦး သေ ဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိကာ ပြန်လည်ဆုတ်ခွာသွားကြောင်း သိရသည်။

အလားတူ ဒီဇင်ဘာလ ၈ ရက်နေ့တွင်အကြမ်းဖက်စစ်တပ်က ထပ်မံ စစ်ကြောင်းထိုးလာသဖြင့် ပြည် သူ့ကာကွယ်ရေးတပ်ဖွဲ့များက ထပ်မံ၍ လိုက်လံရှင်းလင်းလျက်ရှိကြောင်း သိရသည်။

 

“မင်းလှဘက်ကနေ တက်လာတာ၊ ၇ နေ့မှာ တိုက်ပွဲဖြစ်ပြီး ပြန်ဆုတ်သွားတယ်၊ ၈ ရက်‌နေ့ကျတော့ ပြန်တက်လာတယ်၊ အင်အားက ၁၀၀ လောက်ရှိနိုင်တယ်၊ ၈ ရက်နေ့တက်လာတဲ့စစ်ကြောင်းနဲ့ ကျ နော်တို့ ရဲဘော်လေးတစ်ယောက် ထိပ်တိုက်တိုးပြီး အဖမ်းခံလိုက်ရတာ၊ ၉ ရက်နေ့မှာ သတ်ပစ် လိုက်ကြတယ်၊ အဲဒီစစ်ကြောင်းကို တပ်ဖွဲ့က လိုက်လံရှင်းလင်းနေတုန်းပါပဲ။” ဟု ရွှေတန်းမြေပြည် သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

 

အဆိုပါ တိုက်ခိုက်မှုကို ရွှေတန်းမြေပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် ၃၈ဝ၂ တပ်ရင်း၊ တပ်ခွဲ ၂ ၊ တပ်ခွဲ ၃ တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီတပ်သားများ၏ သတ်ဖြတ်ခြင်း ခံရသူ ရဲဘော်တစ်ဦးနှင့် အတူ M 16 အမျိုး အစားသေနတ် ၁ လက်၊ ကျည် အတောင့် ၁၅၀ ၊ ဗုံးသီး ၁ လုံးတို့ ဆုံးရှုံခဲ့ကြောင်း သိရသည်။

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *