Magway News

0 0
Read Time:7 Minute, 12 Second

သစ်၊ဝါးမခုတ်ရ၊ ထင်းမခွေရ၊ ဧည့်စာရင်းတိုင်ရမည်အပါအဝင် အချက် ၂၃ ချက်ကို ကျူး လွန်ပါက သေဒဏ် အထိချမှတ်နိုင်သော တရားစီရင်ခြင်းဖြင့် အရေးယူမည်ဟု ကျောက်တိုက်နယ် ပအဖ ၏ ထုတ်ပြန်ချက် အာဏာရှင်ဆန်လို့ ပြည်သူတွေ ဝေဖန်ကန့်ကွက်

 

သံလွင်မြန်မာသတင်း
ဒီဇင်ဘာလ ၁၃

 

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့နယ်၊ ကျောတိုက်နယ်အတွင်းရှိ ပြည်သူလူထုအနေနဲ့ သစ်၊ဝါး မခုတ်ရ၊ ထင်းမခွေရ၊ မျှစ်မချိုးရ၊ ဧည့်စာရင်းတိုက်ရမည်အပါအဝင် အချက် ၂၃ ချက် ကျူးလွန်ပါက သေဒဏ် အထိ ချမှတ်နိုင်သော တရားစီရင်ခြင်းဖြင့် အရေးယူမည်ဟု ထုတ်ပြန်ချက် အာဏာရှင် ဆန်လို့ ပြည်သူတွေက ဝေဖန်ကန့်ကွက်လိုက်ပါတယ်။

 

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၅ ရက်နေ့က ကြားကာလ ဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေး ဖော်ဆောင်မှု ဗဟို ကော်မတီ (ကျောတိုက်နယ်)ကနေ ဒေသန္တရ ဥပဒေမူကြမ်းရေးဆွဲကာ တားမြစ်ထားတဲ့ တားမြစ် ချက်တွေ ကို ခွင့်ပြုချက်မဲ့ ကျူးလွန်ကြောင်း ထင်ရှားပါက သေဒဏ်အထိ ချမှတ်နိုင်သော တရားစီ ရင်ခြင်းနဲ့ ဒေသန္တရ ဥပဒေအတိုင်း မည်သူ့ကိုမဆို အရေးယူသွားမှာ ဖြစ်တယ်လို့ ထုတ်ပြန်ထား တာပါ။

“ထုတ်ပြန်ချက်က ယေဘုယျ အရမ်းဆန်လွန်းတယ်။ ဥပဒေတခုကို ထုတ်ပြန်တဲ့ပုံမပေါက်ဖူး။ အရေး ယူတဲ့အခါ နည်းဥပဒေအရအရေးယူမယ်လို့ပါတယ်။ ဒီနည်းဥပဒေဆိုတာကို သူတို့ ဘယ်လိုရေးဆွဲပြီး ဘယ်လိုထုတ်ပြန်ထားတယ်ဆိုတာ ကျနော်တို့မသိရဘူး။ ထုတ်ပြန်ချက်အတိုင်းဆို မျှစ်ချိုး ဝါးခုတ် တာ လောက်တောင် အခပ်မသင့်ရင် သေဒဏ်ပေးလို့ရတဲ့ သဘောကြီးသက်ရောက်နေတယ်။ ပြီး တော့ အပိုဒ် ၂၂ မှာဆိုရင် သူတို့ကို ဘာမှ ဝေဖန်ခွင့်မရှိသလောက်ကြီးဖြစ်သွားတာ။ သူတို့နဲ့ပတ် သက်ပြီး တခုခုထောက်ပြဝေဖန်ရမှာကို ပြည်သူတွေက လန့်နေကြပြီ။ ဒီစာအားလုံးကို အချုပ်အား ဖြင့် သုံးသပ်ရရင် အာဏာရှင် ဆန်လွန်းတယ်။ ပြည်သူကိုမျက်နှာမူတဲ့ ထုတ်ပြန်ချက်မဟုတ်ဘူး။ ဒီလို ထုတ်ပြန်မှုကို အမြန်ဆုံး ရုပ်သိမ်းသင့်တယ်လို့မြင်တယ်” ဟု ဒေသနေပြည်သူတစ်ဦးက သုံး သပ်ပြောဆိုပါတယ်။

 

အဲထုတ်ပြန်တားမြစ်ချက်တွေက ၁။ သစ်မခုတ်ရ ၂။ ဝါးမခုတ်ရ ၄။ ထင်းများသယ်ယူခြင်း မပြုရ ၅။ သဘာဝ သယံဇာတများအား ခွင့်ပြုချက်မဲ့ ထုတ်ယူ သုံးစွဲခြင်းမပြုရ ၆။ ညအချိန်မတော် ဆူညံ အော်ဟစ်ခြင်းမပြုရ ၇။ မူးသစ်၊ ယမ်းထားခြင်းမပြုရ ၈။ မူးယစ်ဆေးဝါးများ သယ်ယူခြင်း၊ ရောင်း ချခြင်း၊ သုံးစွဲခြင်း မပြုရ ၉။ အမျိုးသားညီညွတ်ရေး အစိုးရ၏ ထုပ်ပြန်ထားသော တားမြစ် ကုန် ပစ္စည်းများအား သယ်ယူခြင်းမပြုရ ၁၀။ စစ်ထောင်စီနှင့် ပတ်သက်ဆက်နွယ်သည့် ပစ္စည်းများ သယ်ယူခြင်းမပြုရ ၁၁။ ပြည်သူ့တော်လှန်ခုခံနှင့် သက်ဆိုင်သော ကိစ္စရပ်များအား နှောက်ယှက်ခြင်း၊ နှောင့်နှေးစေခြင်း၊ ကန့်ကွက်ခြင်း ၁၂။ စစ်ကောင်စီနှင့် ဆက်သွယ်ခြင်း မပြုရ ၁၃။ စစ်ကောင်စီ၏ ချမှတ်လိုက်သော မည်သည့်ကိစ္စရပ်ကိုမဆို ကူညီဆောင်ရွက်ခြင်း မပြုရ ၁၄။ စစ်ကောင်စီအား မည့် သည့်နည်းနှင့်မဆို ကူညီဆောင်ရွက်ခြင်းမပြုရ ၁၅။ စစ်ကောင်စီ အင်အားကောင်းစေမည့် မည်သည့် ကိစ္စရပ်များကိုမဆို ဆောင်ရွက်ခြင်း မပြုရ ၁၆။ အများပြည်သူပိုင် ပစ္စည်းများအား ဖျက်စီးခြင်း မပြု ရ၊ ခိုးယူခြင်းမပြုရ ၁၇။ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် စသည့် အဖွဲ့ အစည်းတို့တွင် မည်သည့်အဖွဲ့အစည်းတွင်မှ တာဝန်ထမ်းဆောင်ခြင်းမရှိသော မည်သူမဆို တော် လှန်ရေးနှင့် ပတ်သက်သော ဝတ်စားဆင်ယင်မှုမပြုရ ၁၈။ ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ ပြည်သူ့ကာ ကွယ် ရေးတပ်မတော် စသည့် အဖွဲ့အစည်းတို့တွင် မည်သည့်အဖွဲ့အစည်းတွင်မှ တာဝန်ထမ်းဆောင် ခြင်းမရှိသော မည်သူမဆို လက်နက်ကိုင်ဆောင်ခြင်း မပြုရ ၁၉။ တားမြစ်နယ်မြေများအား ဖြတ် သန်းသွားလာခြင်း မပြုရ ၂၀။ တော်လှန်ရေးကာလအတွင်း ရပ်နီး/ရပ်ပေးသို့ သွားရောက် နေထိုင် ကြသော မည်သူမဆို ကျောတိုက်နယ် ပြည်သူ့အုပ်ချုပ်ရေးနယ်မြေတွင် ကြိုတင်ခွင့်ပြုချက်တောင်း ခံရမည် ၂၁။ ရပ်နီး/ရပ်ဝေးမှ ကျောတိုက်နယ်ပြည်သူ့အုပ်ချုပ်ရေး နယ်မြေအတွင်း ဧည့်သည်များ ညအိပ်တည်းခိုလိုပါက ကျေးရွာအုပ်ချုပ်ရေးတာဝန်ခံထံသို့ ဧည့်စာရင်းတိုင်ကြားရမည် ၂၂။ ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တပ်ဖွဲ့ဝင်များ နှင့် တော်လှန်ရေးအဖွဲ့အစည်းများအပေါ် နှုတ်ဖြင့်ဖြစ်စေ၊ ကိုယ်ထိလက်ရောက် ဖြစ်စေ၊ စော်ကား ခြင်း ပုန်ကန်ခြားနားခြင်းပြုလုပ်သည်ဟု ယူဆရပါက ထိထိရောက်ရောက် ပြင်းပြင်းထန်ထန် အရေး ယူ ခြင်းခံရမည် ၂၃။ ကျောတိုက်နယ် ပြည်သူ့အုပ်ချုပ်ရေးနယ်မြေအတွင်း ချမှတ်ထားသော တားမြစ် ချက် များသည် ကျောတိုက်နယ်အတွင်းရှိ သက်ဆိုင်ရာ ကျေးရွာများအားလုံး၌ အကျုံးဝင်စေရမည်။ လို့ ပါရှိပါတယ်။

“ဒီထုတ်ပြန်ချက်သာ အတည်ဖြစ်သွားရင် ပြည်သူတွေအတော်ဒုက္ခရောက်မှာ။ ပြီးခဲ့တဲ့လထဲကပဲ ခေါင်းတင်မှာ ဖြစ်သွားတဲ့ကိစ္စတစ်ခုရှိတယ်။ စိတ်မနှံတဲ့သူတစ်ယောက်ကို သူ့သူငယ်ချင်းက ဝင် တားတာ၊ ဟိုကကြောင်နေတော့ ဓားနဲ့ထိုးလိုက်တာ၊ ဓားနဲ့ထိုးတာက ဒဏ်ရာသိပ်မပြင်းဘူး။ အဲဒီ ကြောင်နေတဲ့သူကို ပအဖတွေက ဖမ်းပြီးရိုက်နှက်ထားတာ၊ ခေါင်းကြေသွားပြီး လူက လူကောင်း ပြန်ဖြစ်ဖို့အထိ မလွယ်တော့ဘူး။ အာဏာရှင် မကြိုက်လို့ အာဏာရှင်တော်လှန်ရင်း အာဏာရှင် တွေဖြစ်ကုန်ကြပြီ” ဟု နောက်ထပ်ဒေသနေပြည်သူတစ်ဦးကလည်း ထပ်မံသုံးသပ်ပါတယ်။

 

ဂန့်ဂေါခရိုင်အမှတ် ၁၉ တပ်ရင်းကတော့ ဒီထုတ်ပြန်ချက်အပေါ် လေးစားလိုက်နာကျင့်သုံးသွား မှာ ဖြစ်ပြီး တားမြစ်ချက်ကို ကျူးလွန်တဲ့ မည်သူ့ကို မဆိုပြင်းထန်စွာ အရေးယူသွားမယ်လို့ ထပ်ဆင့် ထုတ်ပြန်ထားပါတယ်။

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *