ချောင်းဦးမြို့နယ်၊ ကံကြီးကုန်းရွာပျူစောထီးစခန်းကို ရိက္ခာပို့လာသော စစ်သင်္ဘော ၂ စီးကို မိုင်းဆွဲ ပစ်ခတ်တိုက်ခိုက်(ရုပ်သံ)
သံလွင်မြန်မာ
ဒီဇင်ဘာလ ၁၃
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ကံကြီးကုန်းရွာပျူစောထီးစခန်းကို ရိက္ခပို့လာသော စစ်သင်္ဘော ၂ စီးကို မိုင်းဆွဲ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Brave Heart Army-BHA တပ်ဖွဲ့ထံမှ သိရသည်။
ဒီဇင်ဘာလ ၁၁ ရက် နံနက် ၈ နာရီခန့်က မုံရွာမြို့အနောက်မြောက်တိုင်း စစ်ဌာနချုပ်- နမခမှ ချောင်းဦးမြို့နယ် ၊ ကံကြီးကုန်းရွာ ပျူစောထီးစခန်းကို လက်နက်ခဲယမ်းရိက္ခာများလာ ရောက်ပို့ ဆောင်သည့် အကြမ်းဖက်စစ်တပ် သင်္ဘော ၂ စီးကို ရှေ့ထွက်ပြောင်း ၂ ပွိုင့် မိုင်း ၈ လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ပြီး လက်နက်ငယ်များဖြင့်လည်း ဝိုင်းဝန်းပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
အလားတူ နံနက် ၁၀ နာရီခန့်တွင် ချောင်းဦးမြို့နယ်၊ ကံကြီးကုန်းရွာ ပျူစောထီးစခန်းကို လက်နက် ရိက္ခာပို့ဆောင်ပြီး မုံရွာ မြို့အခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်သို့ ပြန်လာစဉ် ရှေ့ထွက် ပြောင်း ၂ ပွိုင့် မိုင်း ၇ လုံးဖြင့် ထပ်မံမိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး လက်နက်ငယ်များဖြင့်လည်း ထပ်မံပစ် ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
“ခသေထိခိုက်မှုကတော့ စုံစမ်းနေဆဲပါ။ စခတွေဘက်က လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပြန် ပစ်တာရှိခဲ့ပေမယ့် ကျနော်တို့တပ်ဖွဲ့ဝင်တွေ အထိအခိုက်မရှိခဲ့ပါဘူး” ဟု Brave Heart Army-BHA တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
အဆိုပါ တိုက်ခိုက်မှုများကို Chindwin Fighter Group (C.F.G) အဖွဲ့သားများမှ ဦးဆောင်၍ ဗန္ဓုလ နှင့်အဖွဲ့သားများနှင့် Brave Heart Army-BHA တို့ ပူပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ ကာ ကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
Thanlwin Myanmar Media