Karenni State News

0 0
Read Time:4 Minute, 48 Second

မိုးဗြဲမြို့တိုက်ပွဲတွင် အကြမ်းဖက်စစ်ကောင်စီတပ်က ဓာတုအဆိပ်များ အသုံးပြု၍ ဒရုန်းဖြင့် ဗုံးကြဲ တိုက်ခိုက်နေပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်များ သတိထားကြရန် KNDF ဗဟို တိုက်တွန်း

 

သံလွင်မြန်မာသတင်း

ဒီဇင်ဘာလ ၁၃

 

ကရင်နီပြည်၊ မိုးဗြဲမြို့အခြေစိုက် အကြမ်းဖက်စစ်ကောင်စီတပ် ခမရ ၄၂၂ တပ်ရင်း တိုက်ပွဲတွင် အ ကြမ်း ဖက်စစ်ကောင်စီတပ်က ဓာတုအဆိပ်ငွေ့များ အသုံးပြုကာ ဒရုန်းဖြင့် ဗုံးကြဲ တိုက်ခိုက်နေပြီ ဖြစ်သဖြင့် တော်လှန် ရေးတပ်ဖွဲ့ဝင်များအားလုံး သတိထားကြရန် KNDF ဗဟို သတင်းနှင့်ပြန်ကြား ရေးဌာနက ထုတ်ပြန်သည်။

 

ဒီဇင်ဘာလ ၇ ရက်နေ့နှင့် ၈ ရက်နေ့တို့တွင် ကရင်နီပြည်နယ် နှင့် ရှမ်းပြည်နယ် နယ်စပ် မိုးဗြဲမြို့ အ ခြေစိုက် အကြမ်းဖက်စစ်ကောင်စီတပ် ခမရ ၄၂၂ တပ်ရင်းကို ကရင်နီတော်လှန်ရေးတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ရာ တိုက်ပွဲဖြစ်ပွားရာ အကြမ်းဖက်စစ်ကောင်စီတပ်က မိုးဗြဲမြို့ ပတ်ဝန်းကျင်ကို S-PHOS (အက်စ် ဖော့စ်) တံဆိပ်ပါ ၅၆၀ အဆိပ်ငွေ့ပြားများကို ထည့်သွင်း အသုံးပြု၍ ဒရုန်းဖြင့် ကြဲချတိုက် ခိုက်ကြောင်း သိရသည်။

“ဒရုန်းတွေနဲ့ကျဲချတာကတော့ တိုက်ပွဲဖြစ်ပွားတဲ့ပတ်ဝန်းကျင်မှာပဲ ကျဲတာဖြစ်ပါတယ်။ ရဲဘော်တွေ ဘက်ကတော့ စာထဲမှာ ထုတ်ပြန်ထားတဲ့အတိုင်း ဝေဒနာမျိုးတွေရှိခဲ့တာပေါ့။ အဲဒါကို ရှုမိပြီးရင် အိပ် ချင်တာတွေ၊ မူးနေတာတွေရှိတယ်။ အရေးလောက်အိပ်ပြီးမှ ပဲ လူက ပြန်တက်ကြွလာတာ။ အိပ် ဆေးမိပြီး လူကိုနုံးစေတာဖြစ်တယ်။ နောက်ထပ်ကျဲချတာ တွေတော့ မရှိသေးပါဘူး။ အခြားတော် လှန် ရေး တပ်ဖွဲ့ဝင်တွေအနေနဲ့ စစ်ကောင်စီဘက်က အဆိပ် ငွေ့အသုံးပြုနေပြီဖြစ်တဲ့အတွက် ဒါကို အထူးအလေးပေး ဂရုစိုက်ကြဖို့ တိုက်တွန်းချင်ပါတယ်” ဟု KNDF ဗဟို သတင်းနှင့်ပြန်ကြားရေး တာဝန်ရှိသူ တစ်ဦးက တိုက်တွန်း ပြောကြားသည်။

 

အဆိပ်ပြားများပါသော ဒရုန်းဗုံးကျဲချမှုကြောင့် မီးခိုးအများအပြားထွက်ရှိလာပြီး ရှုရှိုက်မိသော ရဲ ဘော်အချို့မှာ မူးဝေခြင်း ၊ ခေါင်းမူးခြင်း ၊ အော့အန်လိုခြင်း ၊ အိပ်ချင်လာခြင်း၊ ခန္တာကိုယ် မလန်း ဆန်းခြင်း၊ အားပြတ်ခြင်း စသည့်ဝေဒနာများခံစားခဲ့ရကြောင်း၊ ဗုံးသီး ကျရောက်ခဲ့သော နေရာများ အား စစ်ဆေးခဲ့ရာ အက်စ်ဖော့စ်အဆိပ်ငွေ့ပြားများကို ထည့်သွင်း အသုံး ပြု၍ တိုက်ခိုက်ခဲ့ခြင်းဖြစ် သည်ကို အတည်ပြုနိုင်ခဲ့ကြောင်း သိရသည်။

S-PHOS ( အက်စ်ဖော့စ် ) တံဆိပ်ပါ ၅၆၀ အဆိပ်ငွေ့ပြားများမှာ စားသုံးရန်မဟုတ်သော ပစ္စည်းများ၊ တိရစ္ဆာန် အစားအစာများသိုလှောင်ထားစဉ် ကျရောက် တတ်သည့် ဖျက်ဆီးသော ဖျက်ပိုးများကို ကာကွယ် နှိမ်နင်းနိုင်သော အဆိပ်ငွေ့မှိုင်းတိုက်ဆေးပြားခဲဖြစ်ပြီး အသုံးပြုနည်းမှာ သီးနှံသိုလှောင် ရုံတွင် အဆိပ်ငွေ့မှိုင်းတိုက်ခြင်း၊ Silo သိုလှောင်ရုံ (အစားအစာမဟုတ်သောပစ္စည်းများ) သီးနှံတစ် တန်(၂-၅)ဆေးပြား၊ သီးနှံပုံများ/သီးနှံမျိုးစေ့များ သီးနှံတစ်တန်(၂-၃)ဆေးပြား၊ ထုပ်ပိုးထားသော ပစ္စည်းများ – ၁၀၀၀ ကုဗပေလျှင် ၁၃၅ ဂရမ် ၄၅ ဆေးပြား၊ ကြွက်တွင်းလိုဏ်ခေါင်းများတွင် တစ် တွင်းလျှင်(၁-၂)ဆေးပြားအသုံးပြုရကြောင်း ဝိစာရကုမ္ပဏီက ကြော်ညာထားသည်။

 

ထို့ကြောင့် မိဘပြည်သူများ အနေဖြင့် မိမိတို့ အနီးဝန်ကျင်၌ ဒရုန်းများ ပျံဝဲနေခြင်း ၊ တိုက်ခိုက်ခံရ သည့် နေရာများနှင့် အနီးတွင်ရှိနေခြင်းများ ဖြစ်လာပါက စူးစမ်းကြခြင်းမျိုးမပြုလုပ်ဘဲ လုံခြုံသော နေရာများသို့ ပုန်းခို၍ ရှောင်ရှားကြရန် KNDF ဗဟိုက အထူးတိုက်တွန်းထားသည်။

 

ဖယ်ခုံ၊ မိုးဗြဲ ၊ လွိင်ကော် လမ်းမကြီးပေါ်တွင် စစ်ကောင်စီတပ်ဖွဲ့များနှင့် ကရင်နီတော်လှန်ရေးတပ်ဖွဲ့ များ အကြား ထိတွေ့တိုက်ပွဲမကြာခဏဖြစ်ပွားလျက်ရှိပြီး  စစ်ကောင်စီဖက်မှ ဒရုန်းအားပြု၍ စစ် ဆင်ရေးများ လုပ်ဆောင်လာသလို အဆိပ်ငွေ့များကိုပါ ထည့်သွင်းအသုံးပြုလာသဖြင့် အထူးသတိပြု ကြပါရန် ဆက်လက်တိုက်တွန်းထားသည်။

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *