KIO ထိန်းချုပ်ထားတဲ့ နယ်စပ်ဂိတ်တွေ ပြန်လည်ဖွင့်လှစ် (ရုပ်သံ)
သံလွင်မြန်မာ
ဒီဇင်ဘာလ ၁၃
ကချင်လွတ်လပ်ရေးအဖွဲ့ (KIO)ခေါင်းဆောင်တွေနဲ့တရုတ်အစိုးရတို့အကြား တွေ့ဆုံဆွေးနွေးမှု ရလဒ်အဖြစ် KIO သိမ်းပိုက်ထိန်းချုပ်ထားတဲ့ နယ်မြေပိုက်နက်အတွင်းက တရုတ်-မြန်မာနယ်စပ်ဂိတ် တွေ အားလုံးကို ပြန်လည်ဖွင့်လှစ်လိုက်ပြီလို့ ဒေသသတင်းရင်းမြစ်တွေထံက သိရသည်။
ဒီနေ့မနက်ပိုင်းကစလို တရုတ်ဘက်ခြမ်းရော မြန်မာဘက်ခြမ်းကပါ ဖွင့်လှစ်လိုက်တာပါ။
အခုလိုဖွင့်လှစ်နိုင်ခဲ့တာဟာ တရုတ်နိုင်ငံ၊ ကူမင်းမြို့မှာ KIO ထိပ်တန်းခေါင်းဆောင်တွေနဲ့ တရုတ် အစိုးရတို့အကြား ကုန်သွယ်ရေးသဘောတူညီချက်အရ ဖွင့်လှစ်နိုင်ခဲ့တာဖြစ်တယ်လို့ လိုက်ဇာမြို့မှာ နေတဲ့ သတင်းရင်းမြစ်က ပြောပါတယ်။
“KIO/KIA ထိန်းချုပ်ထားတဲ့ တရုတ်-မြန်မာ နယ်စပ်ဂိတ်အားလုံး ဒီမနက်ပြန်လည်ဖွင့်ပါပြီ။ KIO လူ ကြီးတွေနဲ့တရုတ်အစိုးရ ကူမင်းမှာတွေ့ ဆုံဆွေနွေးမှုရဲ့ရလဒ်ဖြစ်ပါတယ်။ ကုန်သွယ်ရေးဆိုင်ရာ သဘောတူ ဆွေးနွေးမှုတွေအရ နယ်စပ်ဂိတ်တွေ ပြန်ဖွင့်ဖို့သဘောတူညီမှုရရှိတာဖြစ်ပါတယ်” လို့ လိုင်ဇာမြို့မှာနေတဲ့ သတင်းရင်းမြစ်က ရှင်းပြပါတယ်။
အခုဒီဇင်ဘာလ ၈ ရက်နေ့မှာ KIO ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ ဦးဆောင်တဲ့ ကိုယ်စားလှယ် အဖွဲ့ နဲ့ တရုတ်နိုင်ငံအစိုးရ တာဝန်ရှိသူတွေအကြား ဒီနေ့အထိ ဆက်လက်ဆွေးညှိနှိုင်းလျက်ရှိတယ်လို့ သိရပါတယ်။
KIO/KIA အဖွဲ့က ကချင်ပြည်နယ်အတွင်းမှာရှိတဲ့ တရုတ်-မြန်မာနယ်စပ်ဂိတ်တွေကို တိုက်ခိုက် သိမ်း ပိုက်ရာ တရုတ်နိုင်ငံအစိုးရက တဖက်သတ်ပိတ်ပစ်ခဲ့တာဖြစ်ပါတယ်။
အခုစတင်ဖွင့်လှစ်လိုက်တဲ့ နယ်စပ်ဂိတ်တွေကတော့ လိုင်ဇာ၊ လွယ်းဂျယ်၊ မိုင်ဂျာယန်ဂိတ်တွေဖြစ်ပြီး တော့ ကျန်ရှိနေတဲ့ ဂိတ်တွေကိုလည်း ဆက်လက်ဖွင့်လှစ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။
Thanlwin Myanmar Media