Ayardaw News

0 0
Read Time:2 Minute, 36 Second

အရာတော်မြို့တွင် တပ်သားသစ်များ ပို့ဆောင်ရန်လာသည့် စစ်ယာဉ်တန်းကို တိုက်ခိုက်မှု စစ်သား ၂၀ ဦး ခန့် သေဆုံးပြီး ၄၉ ဦးအရှင်ဖမ်းမိကာ ကား ၃ စီးပျက်စီး ၊လက်နက် ၇ အပါအဝင်ခဲယမ်းအများ အပြား သိမ်းဆည်းရရှိ

 

D Day News

ဧပြီလ ၁၄

 

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ ကမ်းဖြူကျေးရွာအနီးတွင် တပ်သားသစ် သင်တန်းသား ပို့ဆောင် ရန်လာရောက်သည့် အကြမ်းဖက်စစ်ယာဉ်တန်းကို တိုက်ခိုက်ခဲ့ရာ စစ်သား ၂၀ ဦးခန့်သေဆုံးပြီး ၄၉ ဦးအရှင်ဖမ်းမိခဲ့ကြောင်း အမှတ် ၁ စစ်ဒေသက ထုတ်ပြန်သည်။

 

ဧပြီလ ၁၂ ရက် နေ့က မုံရွာမြို့ရှိ အနောက်မြောက်တိုင်းစစ်ဌာနချုပ် – နမခ လက်အောက်ခံ ထောက် ပံပို့ဆောင်ရေးတပ် – ထပရ-၉၂၉ မှ အရာတော်မြို့နယ် စခတ-၁၀ သို့ သင်တန်းသားအသစ် ၂၅၀ ဦး ပါ ၁၂ ဘီးကား ၅ စီးနှင့် Express ကား ၁ စီးတို့ကို အရာတော်မြို့နယ်၊ ကမ်းဖြူရွာအရောက်ပြည်သူ့ ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့မှ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

 

ထို့သို့ ပစ်ခတ်တိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်ကောင်စီကား ၃ စီးပျက်စီးပြီး ဗိုလ်ကြီးတစ်ဦး အပါအဝင် သင်တန်းသား ၂၀ ခန့်သေဆုံးကာ ၁၅ ဦးခန့်ဒဏ်ရာရရှိခဲ့ကြောင်း၊ ဒုအရာခံဗိုလ် ၁ ဦး၊ တပ်ကြပ်ကြီး ၁ ဦး၊ တပ်ကြပ် ၁ ဦး၊ အားကစားသိပ္ပံမှ ၁ ဦးနှင့် သင်တန်းသား အသစ် ၄၅ ဦးအား ဖမ်းဆီးရရှိခဲ့ကြောင်း သိရသည်။

 

ထို့အပြင် အကြမ်းဖက်စစ်သားများထံမှ လက်နက်ငယ် ၇ လက်၊ ကျည်မျိုးစုံ ၅၅၀၀ ခန့်၊ ဗုံးသီး မျိုးစုံ ၈၀ ခန့်၊ RPG-7 ဒုံးသီး ၁၀ လုံး၊ မိုင်းမျိုးစုံ ၇၀ ခန့်၊ Jammer စက်အကြီး ၁ လုံး၊ ကျည်အိမ် ၇ ခု၊ Detonater အချောင်း ၅၀ ၊ ကျည်ကာ ဦးထုပ် ၃ လုံး၊ စစ်ဖိနပ် အရံ၂၀ ၊ Equipment ၁ ခု၊ ကျောပိုး အိတ် ၁ လုံး နှင့် ဖိုင်တွဲ ၈၈ ဖိုင် သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို မုံရွာခရိုင် တပ်ရင်း ၆ တပ်ရင်း ၁၉ တပ်ရင်း ၂၄ ၊ မုံရွာခရိုင် ကွန်မန်ဒိုတပ်ဖွဲ့၊ မုံရွာခရိုင် လက်နက်ကြီးတပ်ဖွဲ့၊ အရာတော်မြို့နယ် ပကဖ၊ အရာတော်မြို့နယ် တိုက်နယ်-၁၁ ပကဖ၊ မိတ္ထီလာခရိုင် တပ်ရင်း -၂၊ Danger Force LPDF၊ ကျားသစ်နက် LPDF နှင့် Special Revolution Force LPDF အဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲခြင်းဖြစ်ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *