International News

0 0
Read Time:3 Minute, 37 Second

အကြမ်းဖက်စစ်တပ်ရဲ့ စစ်ရာဇဝတ်မှုတွေမှာ ပူးပေါင်းပါဝင်နေတဲ့ တရုတ် AVIC ကုမ္ပဏီကို မိတ်ဖက် ရင်းနှီးမြုပ်နှံသူအဖြစ်ကနေ ရပ်ဆိုင်းပေးဖို့ Airbus ကုမ္ပဏီထံကို အရပ်ဘက်အဖွဲ့ ၃၀၀ ကျော်က အိတ်ဖွင့်ပေးစာ ပေးပို့ တောင်းဆို

 

သံလွင်မြန်မာသတင်း

ဒီဇင်ဘာလ ၁၁

 

အကြမ်းဖက်စစ်တပ်က ကျူးလွန်နေတဲ့ စစ်ရာဇဝတ်တွေမှာ ပူးပေါင်းပါဝင်နေတဲ့ တရုတ် Aviation Industry Corporation of China (AVIC) ကုမ္ပဏီနဲ့ ရင်းနှီးမြှုပ်နှံသူအဖြစ်ကနေ ရပ်ဆိုင်းပေးဖို့ Airbus ကုမ္ပဏီ CEO ထံကို မြန်မာတော်လှန်ရေးအင်အားစုတွေနဲ့ အရပ်ဘက်အဖွဲ့အစည်း ၃၀၀ ကျော်က အိတ်ဖွင့်ပေးစာ ပေးပို့တောင်းဆိုလိုက်ပါတယ်။

 

မြန်မာနိုင်ငံအကြမ်းဖက်စစ်တပ်ကို အီးယူက စစ်လက်နက်ရောင်းတာ ၊ ငွေကြေးစီးဆင်းတာတွေကို ပိတ်ဆို့ထားတာဖြစ်တဲ့အတွက် Airbus ကုမ္ပဏီအနေဖြင့် အကြမ်းဖက်စစ်တပ်ရဲ့ လက်နက်ပွဲစား ကုမ္ပဏီကို ဘဏ္ဍာရေးဆိုင်ရာ ထောက်ပံ့တာတွေ လုပ်နေတာ၊ ဆက်ဆံနေတာဟာ အန္တရာယ်ကို ဖိတ်ခေါ်နေခြင်းဖြစ်တယ်လို့ ထောက်ပြထားပါတယ်။

Airbus ကုမ္ပဏီက တရုတ် AVIC ကုမ္ပဏီနဲ့ ဘဏ္ဍာရေး၊ မဟာဗျူဟာချိတ်ဆက်တာ တွေကနေ တဆင့် ရက်စက်ကြမ်းကြုတ်တဲ့ ရာဇဝတ်မှုကြီးတွေကို အားပေးကူညီတာတွေ မရှိစေဖို့ ဂရုပြုရ မယ်လို့လည်း အိတ်ဖွင့်ပေးစာမှာ ဖော်ပြထားပါတယ်။

 

လက်ရှိအချိန်မှာ Airbus ကုမ္ပဏီက တရုတ်AVIC ကုမ္ပဏီရဲ့ ရှယ်ယာတွေကို ပိုင်ဆိုင်ထားပြီး အဲဒီ ပိုင်ဆိုင်မှုတွေဟာ စစ်လက်နက်ရောင်းချမှု ပိတ်ပင်ရေးပြဌာန်းချက်တွေကို ချိုးဖောက်ရာ ရောက်နိုင် တယ်လို့ အရပ်ဘက်အဖွဲ့တွေက သတိပေးတာပါ။

 

ဒါ့အပြင် အကြမ်းဖက်စစ်တပ်ထံ စစ်လေယာဉ်တွေ၊ စစ်လက်နက်တွေနဲ့ ဆက်စပ်ပစ္စည်းတွေ လက် ရှိရောင်းချနေတာ၊ ရောင်းချဖို့ စီစဉ်ထားတာတွေ အားလုံးကို ရပ်တန့်စေဖို့ AVIC ကုမ္ပဏီက မြန်မာ့ လေတပ်ရဲ့ လေယာဉ်တွေအတွက် ပြုပြင်ထန်းသိမ်းရေး ၊ လေ့ကျင့်သင်ကြားရေးနဲ့ နည်းပညာအကူ အညီတွေ အားလုံးရပ်ဆိုင်းရေး Airbus ကုမ္ပဏီက လုပ်ဆောင်ပေးဖို့ တောင်းဆိုထားပါတယ်။

 

အကြမ်းဖက်စစ်တပ်ကို ကူညီပေးနေတဲ့ AVIC အနေနဲ့ Airbus ကုမ္ပဏီရဲ့ နည်းပညာ၊ ထုတ်ကုန်တွေ၊ နည်းလမ်းတွေရရှိနေတာကြောင့် AVIC ရဲ့ စစ်ဘက်ဆိုင်ရာ ထုတ်လုပ်မှုတွေအတွက် အကျိုးကျေးဇူး အများအပြားရှိခဲ့တယ်လို့ ဆိုပါတယ်။

 

အဲဒီအတွက် Airbus အနေနဲ့ AVIC အပါအဝင် ကုမ္ပဏီခွဲတွေနဲ့ ဆက်ဆံ ဆောင်ရွက်တာမှန်သမျှ တိုး မြှင့် စိစစ်ကာ လုအများပြည်သူကို အသိပေး ထုတ်ပြန်သင့်တယ်လို့ အရပ်ဖက်အဖွဲ့အစည်းတွေက တိုက်တွန်းထားပါတယ်။

 

ဒါ့အပြင် AVIC အနေနဲ့ မြန်မာစစ်အုပ်စုရဲ့ စီးပွားရေးလုပ်ငန်းအားလုံးကို ရပ်ဆိုင်းဖို့ ငြင်းဆန်ပါက တရုတ် AVIC ထံကို ရင်းနှီးမြှုပ်နှံတာတွေ Airbus ကုမ္ပဏီက တာဝန်ယူမှုရှိရှိ ရုပ်သိမ်းကာ ဆက်ဆံ ရေးကို အဆုံးသတ်ဖို့ အရပ်ဘက်အဖွဲ့တွေက တညီတညွတ်တည်းတောင်းဆိုထားပါတယ်။

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *