မင်းတုန်းမြို့နယ်၊ ရွာသစ်ကျေးရွာရှိ နေအိမ်များကို မီးရှို့နေသော စစ်သားများအား တိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံး
သံလွင်မြန်မာသတင်း
ဒီဇင်ဘာလ ၁၀
မကွေးတိုင်း၊ မင်းတုန်းမြို့နယ်၊ ရွာသစ်ကျေးရွာရှိ နေအိမ်များကို မီးရှို့နေသော အကြမ်း ဖက်စစ် ကောင်စီတပ်သားများကို တိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း သရက်ခရိုင်အမှတ် ၄ တပ်ရင်း ထံမှ သိရသည်။
ဒီဇင်ဘာလ ၆ ရက် ညနေ ၄ နာရီခွဲခန့်က မင်းတုန်းမြို့နယ်၊ ရွာသစ်ကျေးရွာအတွင်းသို့ အင်အား ၈၀ ခန့်ဖြင့် စစ်ကြောင်းထိုးဝင်ရောက်လာပြီး ပြည်သူ့နေအိမ်များကို မီးရှို့နေသော အကြမ်းဖက်စစ်သား များအား သရက်ခရိုင်အမှတ် ၄ တပ်ရင်း ၊ တပ်ခွဲ ၂ ရဲဘော်များက ညနေ ၅ နာရီ မိနစ် ၄၀ အချိန် ဝင် ရောက်တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်တိုက်ပွဲ မိနစ် ၂၀ ခန့်ဖြစ်ခဲ့ပြီး စစ်သား ၃ ဦးသေဆုံးပြီး ၂ ဦးခန့်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ထို့အပြင် ပြည်သူ့ကာ ကွယ် ရေးတပ်ဖွဲ့ဘက်မှလည်း ရဲဘော် တစ်ဦး ခြေထောက်ကျည်ထိမှန် ဒဏ်ရာရရှိခဲ့ပြီး အကြမ်းဖက်စစ်သားများ၏ မီးရှို့မှုကြောင့် ရွာသစ်ကျေးရွာမှ နေအိမ် အလုံး ၆၀ ခန့်လည်း မီးလောင်ပြာကျခဲ့ကြောင်း သိရသည်။
“တိုက်ပွဲက မီးရှို့ခဲ့ရတဲ့ရွာရဲ့ အနီးအနားမှာဖြစ်တာ၊ သူတို့မီးရှို့လိုက်ရင် ကျနော်တို့ဘက်က လာတိုက် ခိုက်နိုင်တယ်လို့ တွက်ဆထားပုံရတယ်။ အဲဒီတော့ ကျနော်တို့သွားတိုက်တဲ့အခါမှာ အဆင့်သင့် အ နေအထားဖြစ်နေတာပေါ့၊ အပြန်အလှန် ပစ်ခတ်တိုက်ပွဲက မိနစ် ၂၀ လောက်ဖြစ်တာ၊ သူတို့ ဘက် ကအင်အားက များတယ်၊ လက်နက်ကြီး ပစ်ကူပါတယ်။ အဲဒီတော့ ပြန်ဆုတ်လာတယ်။ ဆုတ်လာပြီး တဲ့နောက် သူတို့က အဲဒီရွာမှာ တစ်ည ဆက်လက်တပ်စွဲပြီးတော့ နောက်တစ်နေမှာ ဒဏ်ရာတွေခေါ် ပြီးတော့ မြောက်ပြင်ဘက်ကို ဆုတ်သွားတာ။” ဟု သရက်ခရိုင်အမှတ် ၄ တပ်ရင်း သတင်းနှင့်ပြန် ကြားရေးတာဝန်ခံ ကိုမြတ်က ပြောကြားသည်။
တိုက်ပွဲဖြစ်ပြီးနောက် အကြမ်းဖက်စစ်ကောင်စီတပ်သားများသည် ဒဏ်ရာရ လူနာများကို ထမ်းစင် များဖြင့် ထမ်းခေါ်ကာ ရွာသစ်ကျေးရွာအတွင်းသို့ ဝင်ရောက်သွားပြီး တစ်ညအိပ်တပ်စွဲကာ နောက် နေ့ ဒီဇင်ဘာလ ၇ ရက် နေ့တွင် မင်းတုန်းမြို့နယ်၊ မြောက်ပြင်ကျေးရွာသို့ ဝင်ရောက်သွားကာ ဘုန်း ကြီးကျောင်း၌ ဝင်ရောက် တပ်စွဲခဲ့ကြောင်း၊ယခုအခါ မင်းတုန်းမြို့ပေါ်မှ အကြမ်းဖက်စစ်သားများ လည်း မြောက်ပြင်ကျေးရွာဘုန်းကြီးကျောင်းသို့ ထပ်မံအားဖြည့်ထားကြောင်း သိရသည်။
“လက်ရှိအနေအထားကတော့ မင်းတုန်းဘက်ကနေ အင်အားအနည်းငယ်ထပ်ဖြည့်ပြီးတော့ မြောက် ပြင်ကျေးရွာဘုန်းကြီးကျောင်းမှာ ဝင်ရောက်တပ်စွဲထားပါတယ်။ ဒီနောက်ပိုင်းတော့ တိုက်ပွဲဖြစ်တာမ ရှိသေးဘူး။ ဒီစစ်ကြောင်းက ပြီးခဲ့လကတည်းက ဝင်ရောက်နေတဲ့စစ်ကြောင်းပါ။ ၂၆ ရက်နေ့မှာ တိုက်ပွဲဖြစ်တော့ သူတို့နည်းနည်းအထိနာသွားလို့ ပြန်ဆုတ်သွားပြီးတယ်၊ ပြီးတော့ အင်အား ပြန်စုဖွဲ့ ပြီး ပြန်ထိုးလာတာ။ ရွာသစ်ကျေးရွာနဲ့အနီးအနားရွာတွေက ပထမအကြိမ် ကတည်းက ရှောင်နေကြ ရတာ။ တစ်ချို့အနည်းပြန်ဝင်လာတဲ့သူတွေကလည်း အခုပြန်ဝင်လာတော့ အကုန်ပြန်ရှောင်နေကြ ရတာ” ဟု သရက်ခရိုင်အမှတ် ၄ တပ်ရင်းမှ သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ ကိုမြတ်က ရှင်းပြ သည်။
ယင်းအကြမ်းဖက်စစ်တပ် စစ်ကြောင်းသည် ဒီဇင်ဘာလ ၃ ရက်နေ့တွင် ပြန်လည်ထွက်လာြခင်းဖြစ် ပြီး အကြမ်းဖက်စစ်တပ် ဝင်ရောက်လာမှုကြောင့် မင်းတုန်းမြို့နယ်၊ မြောက်ပြင်ကျေးရွာ၊ ကြိုးဝကျေး ရွာ ၊ ရွာသစ်ကျေးရွာနှင့် ငှက်ပြင်းကျေးရွာတို့မှ ပြည်သူများမှာ စစ်ဘေး ရှောင်နေကြရကြောင်း သိရသည်။
Thanlwin Myanmar Media