Pauk Khaung News

0 0
Read Time:2 Minute, 16 Second

ပေါက်ခေါင်းမြို့နယ်တွင် ကင်းပုန်းဝပ်နေသော စစ်သားများကို မိုင်းခွဲတိုက်ခိုက်မှု စစ်သား ၂ ဦး အပြင်းအထန်ဒဏ်ရာရ

 

D Day News

ဧပြီလ ၁၄

 

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်တွင် လမ်းဘေးဇရပ်၌ ကင်းပုန်းယူနေသော စစ်သားများကို မိုင်းခွဲ တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးအပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း အမှတ် ၃၆၀၁ တပ်ရင်းထံမှ သိရသည်။

 

ဧပြီလ ၁၂ ရက် ည ၉ နာရီ ၁၅ မိနစ်ခန့်ပေါက်ခေါင်းမြို့နယ်၊ အမှတ် ၄ ရပ်ကွက်၊ တောင်ရွာနှင့် ပါးပြင်ရွာ အနီး လမ်းဘေးဇရပ်၌ ညဘက်ကင်းပုန်းဝတ်ရန် ပေါက်ခေါင်းမြို့တွင်းမှ ထွက်လာသည့် အကြမ်းဖက်စစ်သား ၁၀ ဦးကျော်ကို အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်းသိရသည်။

 

ထိုသို့ တိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်သား ၂ ဦး အပြင်းအထန်ဒဏ်ရာရရှိခဲ့ပြီး ဒဏ်ရာရ အ ကြမ်းဖက်စစ်သားများကို ကားဖြင့်တင်ဆောင်ကာ ပေါက်ခေါင်းဆေးရုံသို့ သယ်ဆောင်သွားကြောင်း၊ သေဆုံးခြင်း ရှိ၊ မရှိ သိရှိနိုင်ရန် ဆက်လက်စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို ပြည်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ် ၃၆၀၁ – PPDF တပ်ရင်း တပ်ခွဲ ၁၊ တပ်ခွဲ ၅ နွေဦးအဖွဲ့နှင့် ပေါက်ခေါင်း(ပကဖ)တို့က ပူးပေါင်းကာ လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်စစ်သားများကလက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့သော်လည်း ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

 

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအနေဖြင့် စစ်ရေးပစ်မှတ်များကို အဓကထားကာ တိုက်ခိုက် နေပြီး မိဘပြည်သူများအနေဖြင့် အကြမ်းဖက်စစ်ကောင်စီက ဟန်ပြပြုလုပ်နေသည့် သင်္ကြန်မဏ္ဍပ် များကို သွားလာခြင်းမပြုကြပါရန် မေတ္တာရပ်ခံထားသည်။

 

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *