Read Time:1 Minute, 5 Second
ကဗျာကဏ္ဍ “ပြည်သူ့ချစ်ဆေး”
ပျိုးကြဲလက်
ကမ္ဘာကျော် ဝရမ်းပြေးကိုလ
အသက်ပေးလို့ စစ်ကျွန်ခံ ။
ကိုယ်မှားရင် ဘဝလမ်းက
ထောင်နန်းကိုစံ ။
ထိုးကြွေးလို့ အဖန်ဖန်
ဝန်မခံတဲ့ အရာရှိ ။
အခြေခံ ပြည့်ဝန်ထမ်းမှာ
နွမ်းပါးပါဘိ ။
ရဲမက်တွေ ခြင်းကြားထမ်းလို့
တောင်ပြာတန်း ဖြတ်ကျော် ။
ပြည့်ကျိန်စာ ကိုယ်စီခသမို့
တိုက်ပွဲ ကျသော် ။
ကိုယ်ဖြစ်က ကိုယ်ခံနော်
အဘတို့ပျော် စံစား ။
ရဲဘော်လစာ စားမြိန်ထုပ်နဲ့
လူယုတ်ပျော်ပါး ။
ကိုယ့်အသက်နှင့်မိသားစု
ထောက်ရှုပေါ့ စစ်သားမောင် ။
ရှေ့တန်းမှာ မအူကြနဲ့
အလံဖြူဆောင် ။
အခွင့်သာက လူမိုက်ရှောင်
အလံဖြူထောင် အချက်ပေး ။
အသက်မသေ ရှင်ကျန်ရစ်မယ်
ပြည်သူ့ချစ်ဆေး ။
ပျိူးကြဲလက်
ကဗျာရေးသားချိန် = ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၈ ရက် နံနက်အစောပိုင်း ၂ နာရီအချိန်
Thanlwin Myanmar Media