Tanintharyi News

0 0
Read Time:3 Minute, 46 Second

လောင်းလုံးနှင့်ရေဖြူမြို့နယ်တို့အတွင်း တိုက်ဖြစ်ပြီး စစ်သား ၁၀ ဦးထက်မနည်းသေဆုံး

 

သံလွင်မြန်မာသတင်း

ဒီဇင်ဘာလ ၈

 

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်နှင့် ရေဖြူမြို့တို့တွင် တိုက်ပွဲဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီ တပ်သား ၁၀ ဦး ထက်မနည်းသေဆုံးခဲ့တယ်လို့ ဗထူးတပ်မတော်ထံက သိရပါတယ်။

 

နိုဝင်ဘာလ ၆ ရက်နှင့် ၇ ရက်နေ့တို့မှာ လောင်းလုံးမြို့နယ်၊ မောင်းမကန်နယ်မြေရဲစခန်းကနေ တဆင့် ထားဝယ်ရေနက်ဆိပ်ကမ်းဘက်ကို စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်သား ၁၀၀ ပါ စစ်ကြောင်းကို မိုင်းဆွဲပြီး ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားများ ထိခိုက်သေဆုံးမှုရှိ တယ်လို့ သိရပါတယ်။

 

နိုဝင်ဘာလ ၂၃ ရက်နေ့ကလည်း လောင်းလုံးမြို့နယ် ၊ ခလရ ၁၀၄ တပ်ရင်းကနေ စစ်ကြောင်း ထိုးဝင်ရောက်လာတဲ့ အင်အား ၁၅၀ ဦးပါ ခြေလျင် စစ်ကြောင်းကို ရေဖြူမြို့နယ် ၊ ပိန်း ရှောင် ကျေး ရွာ နှင့် ကျောက်ဝှက်ကုန်းကျေးရွာ အကြား အရောက် ကြားဖြတ်တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ် ခတ်တိုက်ပွဲ ၁ နာရီကျော်ကြာမြင့်ခဲ့ကာ အကြမ်းဖက်စစ်သား အများအပြား သေဆုံးထိခိုက်မှုရှိတယ် လို့ ဗထူးတပ်မတော်က ပြောဆိုပါတယ်။

နိုဝင်ဘာလ ၂၄ ရက်နေ့မှာလည်း ရေဖြူမြို့နယ်ကနေ စစ်ကူဝင်ရောက်လာတဲ့ အကြမ်းဖက် စစ်တပ် စစ် ကြောင်းကို ထပ်မံ မိုင်းဆွဲတိုက်ခိုက်ပြီး ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားတွေ ထိခိုက်သေဆုံးမှုရှိတယ်လို့ သိရပါတယ်။

 

“ထိခိုက်သေဆုံးမှုက တိုက်ပွဲအားလုံးပေါင်း ၁၀ ဦးထက်မနည်းရှိတယ်ဗျ။ လက်ရှိခွေးစစ်ကြောင်းက ထားဝယ်မြို့နယ် ခေါင်တိုင်ပြင်ကျေးရွာဘက်ကို ရောက်နေတယ်။ ပြည်သူတွေလည်း ဖမ်းဆီးခံရတာ တွေရှိတယ်။ အတိအကျတော့ စုံစမ်းမရဘူး” လို့ ဗထူးတပ်တော် – BHA မှ တာဝန်ရှိသူတစ်ဦးက ရှင်းပြပါတယ်။

 

အဲဒီတိုက်ခိုက်မှုတွေကိုတော့ KNLA တပ်မဟာ ၆ တပ်ရင်း ၂၇ ၊ ဗထူးတပ်မတော် (BHA) ၊ ရေဖြူမြို့ နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ဇင်ယော်တပ်စု – ၁) ၊ တနင်္သာရီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (TPDF) ၊ A Zero ပြည်သူ့ကာကွယ်ရေးအဖွဲ့ နှင့် ထားဝယ်ပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့ (TPLF) တို့ ပူး ပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး ပူးပေါင်းအဖွဲ့က ရဲဘော် ၁ ဦး မြင့်မြတ်စွာ ကျဆုံးခဲ့တယ်လို့ သိရပါ တယ်။

 

အခုနှစ်အတွင်း အာဏာသိမ်းစစ်တပ်က လေကြောင်းတိုက်ခိုက်မှုကို နိုင်ငံရဲ့ နေရာဒေသအသီးသီးမှာ အဓိကထား ဗုံးကြဲ တိုက်ခိုက်နေတဲ့အတွက် မိဘပြည်သူတွေအနေနဲ့ လေကြောင်းတိုက်ခိုက် မှု အန္တရာယ်ကို ကာကွယ်နိုင်ဖို့ ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်ထားကြပါရန် အလေးအနက် တိုက် တွန်းထား ပါတယ်။

 

အကြမ်းဖက်စစ်ကောင်စီရဲ့ လက်ကိုင်တုတ်ဖြစ်တဲ့ ပျူတွေ ၊ ပြည်သူ့စစ်အဖွဲ့ဝင်တွေ၊ စစ်ကောင်စီ လက်အောက်ခံ တပ်ဖွဲ့ဝင်တွေ အနေနဲ့ တနိုင်ငံလုံးအတိုင်းအတာ ကျရှုံးမှုပေါင်း များစွာ ရင်ဆိုင် နေရ တဲ့ အကြမ်းဖက် အာဏာသိမ်းစစ်တပ်ကို စွန့်ခွာကာ ပြည်သူ့ရင်ခွင်ကို အမြန် ဆုံးခိုလှုံဝင်ရောက်ကြ ဖို့ ဗထူးတပ်မတော်က ထပ်မံတိုက်တွန်းထားထားပါတယ်။

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *