Read Time:52 Second
ကဗျာကဏ္ဍ “ဆုံမှတ်”
ပျိုးကြဲလက်
ညဉ့်သန်းခေါင်
ငွေလရောင် မြေဆမ်းပေါ့
ရွှေနန်းသို့ စုမျှော် ။
ရှေ့တန်းမှာ ဗိုလ်စွဲလို့
နိုင်ပွဲတွေ အလီလီနှင့်
အောင်စည်တော် မြည်ဟိန်းသကွယ့်
ပြည်သိမ်းပွဲတော် ။
အိမ်ဂေဟာ တယ်လွမ်းတော့
ပြန်လမ်းက အပြေးနော်
အရေးတော် ရင်ဝယ်ထား ။
သပြေတခက်ရယ်နဲ့
နေတက်တကယ် စောင့်ကြိုကွယ့်
ဗဟိုရ်စည် ဆော်အခိုက်မှာလ
စိုက်စိုက်သာ သမီးသားတကျိတ်ဆောင်လို့
ပိတုန်းရောင် ဘုန်းမောင်ပါးကိုလ
မယားငယ်ဆွေ မေတ္တာစမ်းရယ်နှင့်
နမ်းကြစေဗျား ။ ။
ပျိုးကြဲလက်
ကဗျာရေးသားချိန် = ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၆ ရက် နံနက်အစောပိုင်း ၁ နာရီ ၁၁ မိနစ်
Photo – လူမှုကွန်ယက်
Thanlwin Myanmar