Bago News

0 0
Read Time:2 Minute, 17 Second

ပေါင်းတည်မြို့နယ်တွင် စစ်တပ်စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်မှုရှိ၊ စစ်တပ်ကပစ်ခတ်မှုကြောင့် ပြည်သူ ၁ ဦး ထိခိုက်ဒဏ်ရာရ

 

သံလွင်မြန်မာသတင်း

ဒီဇင်ဘာလ ၇

 

ပဲခူးတိုင်း၊ ပေါင်းတည်မြို့နယ်ရှိ အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ ထိခိုက်မှုရှိကြောင်း ၃၆၀၁ PPDF တပ်ရင်း ပေါင်းတည် PDF တပ်ဖွဲ့ထံမှ သိရသည်။

 

ဒီဇင်ဘာလ ၄ ရက်နေ့ ညနေ ၅ နာရီ ၃၀ မိနစ်ခန့်တွင် ပေါင်းတည်မြို့နယ်၊ သိမ်ကုန်းအုပ်စု ကျေးဖြူ ကွင်းအနီး၌ အင်အားဖြည့်ရန် ထွက်လာသော စစ်တပ် စစ်ကြောင်းကို ပြည်ခရိုင် ပြည်သူ့ကာကွယ် ရေး တပ်မတော် ၃၆၀၁ (PPDF) တပ်ရင်း တပ်ခွဲ ၂ ရဲဘော်များက မိုင်းဆွဲပြီး လက်နက်ငယ်များဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်း တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်ကောင်စီတပ်သား ၄ ဦး အပြင်းအထန် ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး ဒဏ်ရာရရှိသူများကိုပုခတ်ဖြင့် အထမ်း ၄ ထမ်းပြုလုပ်ကာ သိမ်ကုန်း တာဝါတိုင် အထိုင် စခန်း ကို သယ်ဆောင်သွားကြောင်း သိရသည်။

 

တိုက်ပွဲအတွင်း အကြမ်းဖက် စစ်ကောင်စီတပ်သားများ၏ ရမ်းသမ်းပစ်ခတ်မှုကြောင့် ပြည်သူ ၁ ဦး မစိုးရိမ်ရ ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်အန္တရာယ်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

 

“နတ္တလင်းမြို့နယ် ကွင်းကျယ်အထိုင်စခန်းကနေ အင်အား ၅၀ ပါတဲ့ စစ်ကြောင်းက ပေါင်း တည်မြို့ နယ် သိမ်ကုန်းအထိုင်စခန်းကို အင်အားဖြည့်တင်းဖို့ ထွက်လာတာကို ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့ တွေက ကြားဖြတ်တိုက်ခိုက်ခဲ့တာပါ။ ၄ ဦး အပြင်းအထန်ဒဏ်ရာရတယ်။ ဒဏ်ရာရတဲ့သူတွေကို အထမ်း တွေနဲ့ ခေါ်သွားတယ်” ဟု ၃၆၀၁ PPDF တပ်ရင်း စစ်ထောက်လှမ်းရေးနှင့် သတင်းပြန်ကြား တာဝန်ခံက ပြောဆိုသည်။

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *