ရေစကြိုမြို့နယ်တွင် ပြည်သူ့နေအိမ် ၆၀ နီးပါးကို မီးရှို့ခဲ့သည့် စစ်ကြောင်းအား တိုက်ခိုက်မှု စစ်သား ထိခိုက်သေဆုံးမှုရှိ၊ စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူတစ်ဦး သေဆုံး
သံလွင်မြန်မာသတင်း
ဒီဇင်ဘာလ ၇
မကွေးတိုင်း၊ ရေစကြိုမြို့နယ်တွင် ပြည်သူ့နေအိမ် အလုံး ၆၀ နီးပါးကို မီးရှို့ဖျက်ဆီးခဲ့သည့် စစ် ကြောင်းအား တိုက်ခိုက်မှု စစ်သားများ ထိခိုက်သေဆုံးမှုရှိပြီး စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ် မှုကြောင့် ပြည်သူ ၁ ဦးသေဆုံးခဲ့ကြောင်း ရေစကြို PDF တပ်ဖွဲ့ထံမှ သိရသည်။
ဒီဇင်ဘာလ ၁ ရက် နံနက် ၅ နာရီခွဲခန့်က ရေစကြိုမြို့နယ်၊ တောင်အိုတာတိုင် စစ်ရေးဂိတ်မှ အ ကြမ်းဖက်စစ်သား၊ ပျူစောထီး အင်အား ၈၀ ခန့်သည် ကမ္ဘာမဲ့ကျေးရွာသို့ စစ်ကြောင်းထိုး ဝင် ရောက်လာသဖြင့်ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက တိုက်ခိုက်ခဲ့ရာ နှစ်ဖက် အပြန်အလှန် ပစ်ခတ် တိုက်ပွဲ မိနစ် ၃၀ ခန့်အကြာဖြစ်ခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုရှိ ကြောင်း သိရသည်။
ယင်းတိုက်ပွဲအတွင်း ရေစကြိုမြို့ပေါ်ရှိ အကြမ်းဖက်စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့မှုကြောင့် တောကျေးရွာအတွင်း ကျရောက်ပေါက်ခဲ့ပြီး အသ်က ၇ နှစ်အရွယ်ကလေးငယ်တစ်ဦးနှင့် အမျိုးသမီး တစ်ဦး ထိခိုက်ဒဏ်ရာခဲ့ကြောင်း၊ ခြေလျင်အကြမ်းဖက်စစ်တပ် စစ်ကြောင်းကလည်း ကမ္ဘာမဲ့ကျေး ရွာအတွင်းသို့ ဝင်ရောက်ကာ ပြည်သူပိုင် ရွှေများ၊ ဖုန်းများ ခိုးယူပြီး နေအိမ် ၃၃ လုံးကို မီးရှို့ဖျက်ဆီး ၍ ခလရ ၂၅၈ တပ်ရင်းထဲသို့ ဝင်ရောက်သွားကြောင်း သိရသည်။
ဒီဇင်ဘာလ ၄ ရက် နံနက် ၂ နာရီ အချိန်တွင် ခလရ ၂၅၈ တပ်ရင်းအတွင်း ရောက်ရှိနေသော အ ကြမ်းဖက်စစ်တပ် စစ်ကြောင်းက ရွာသစ်ကျေးရွာအတွင်းသို့ ဝင်ရောက်လာသဖြင့် နံနက် ၉ နာရီ တွင်တစ်ကြိမ်၊ မွန်းလွဲ ၁ နာရီခန့်တွင် တစ်ကြိမ် တိုက်ပွဲဖြစ်ခဲ့ရာ အကြမ်းဖက်စစ်သား ၆ ဦးခန့် ထိ ခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ယင်းတိုက်ပွဲအတွင်း ရေစကြိုမြို့ပေါ်ရှိ အကြမ်းဖက်စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ အသက် ၂၂ နှစ်အရွယ် အမျိုးသားတစ်ဦး လက်နက်ကြီးထိမှန် ဒဏ်ရာရရှိပြီး ဆေးကုသနေစဉ် သေဆုံးသွားကြောင်း သိရသည်။
ဒီဇင်ဘာလ ၅ ရက်နေ့တွင် အကြမ်းဖက်စစ်တပ် စစ်ကြောင်းက ရွာသစ်ကျေးရွာအတွင်းမှ ထန်းဆယ် ပင်ကျေးရွာသို့ ဝင်ရောက်ပြီး ပြည်သူ့နေအိမ် ၁၄ လုံးကို ထပ်မံမီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ထို့နောက် ကံ သစ်ကျေးရွာအတွင်းဝင်ရောက်ကာ ပြည်သူ့နေအိမ် ၁၀ လုံးကို မီးရှို့ပြီး ကံသစ်ကျေးရွာ၌ပင်ညအိပ် တပ်စွဲခဲ့ကြောင်း သိရသည်။
ဒီဇင်ဘာလ ၅ ရက် ညနေပိုင်းတွင် ရေစကြိုမြို့ပေါ်ရှိအကြမ်းဖက်စစ်တပ်က လက်နက်ကြီးဖြင့် ၂ ကြိမ်ရမ်းသမ်းပစ်ခတ်ခဲ့ရာ ရွှေကျောင်းရွာအတွင်း ကျရောက်ပေါက်ကွဲပြီး အသက် ၁၅ နှစ်အရွယ် အမျိုးသမီးတစ်ဦးနှင့် အသက် ၄၀ အရွယ် အမျိုးသားတစ်ဦးတို့ ထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း သိရ သည်။
ဒီဇင်ဘာ ၆ ရက် နံနက် ၇ နာရီခန့်တွင် ကံသစ်ကျေးရွာမှတဆင့် တောင်အိုတာတိုင် စစ်ရေးဂိတ်၊ ယင်းမှတဆင့် ပခန်းကြီးအထိသွားရောက်ခဲ့ရာ လမ်းခုလတ်နေရာ၌ ရေစကြိုမြို့နယ် ပြည်သူ့ကာ ကွယ်ရေး ရဲဘော် နှစ်ဦး စီးနင်းလာသောကားကို နောက်ချန်စစ်တပ် ကင်းပုန်းက ပစ်ခတ်တိုက် ခိုက်ခဲ့ရာ ကျရဲဘော် တစ်ဦး ကျည်ထိမှန်ဒဏ်ရာ မစိုးရိမ်ရ ရရှိခဲ့ပြီး ပြည်သူ့ကာကွယ်ရေးရဲဘော် များ၏ ပြန်လည်ပစ်ခတ် တိုက်ခိုက်မှုကြောင့်အကြမ်းဖက်စစ်သား ၁ ဦးသေဆုံးခဲ့ကြောင်း သိရသည်။
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များမှာလည်း ကိုယ်လွတ်ထွက်ပြေးလာခဲ့ရသဖြင့် ရဲဘော်များ စီးနင်း လာသည့် ကား တစ်စီး၊ Glock ပွိုင့် ၃၈ ပစ္စတိုသေနတ် တစ်လက်၊ အီနာဂါဗုံးသီး အလုံး ၄၀ ခန့်နှင့် ငွေသား သိန်း ၄၀ ကျော်တို့ ဆုံးရှုံးခဲ့ကြောင်း သိရသည်။
“ကမ္ဘဲ့ရွာမီးရှို့တဲ့နေ့နဲ့ ၄ ရက်နေ့ ၂ ရက်က တိုက်ပွဲဖြစ်တာ၊ နောက်ချန်ကင်းနဲ့ကျန်ပြီးတော့ တွေ့ပြီး တော့အဲဒီမှာစောင့်ပစ်တာ၊ တစ်ယောက်ကတော့ နောက်ကျော ၂ ချက်မှန်သွားတာ၊ကားနဲ့ အတိုတစ် လက်ကတော့ ဆုံးတယ်၊ ရဲဘော်တွေတော့ လွတ်ခဲ့တယ်။ သေဆုံးမှုကတော့ စုံစမ်းနေတုန်းပဲ၊” ဟု ရေစကြိုမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – ပကဖ မှ ပြောကြားသည်။
ယခုအခါအကြမ်းဖက်စစ်သားများနှာ ပခန်းကြီးနယ်မြေရဲစခန်းအနီးတဝိုက်တွင် တပ်ဖြန့်ထား ကြောင်း သိရသည်။
Thanlwin Myanmar Media