Yangon News

0 0
Read Time:3 Minute, 21 Second

မှော်ဘီလေတပ်စခန်းကို တိုက်ခိုက်မှု အရာရှိ ၃ ဦးအပါအဝင် စစ်သား ၁၅ ဦးသေဆုံးပြီး ထောက်ပို့ လေယာဉ် ၂ စီးပျက်စီး

 

သံလွင်မြန်မာသတင်း

ဒီဇင်ဘာလ ၇

 

ရန်ကုန်မြို့၊ မှော်ဘီလေတပ်စခန်းကို ၁၀၇ မမ ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အရာရှိ ၃ ဦး အပါအဝင် စစ်သား ၁၅ ဦးသေဆုံးပြီး ထောက်ပို့လေယာဉ် ၂ စီးပျက်စီးခဲ့ကြောင်း Brave Warriors for Myanmar (BWM) အဖွဲ့ထံမှ သိရသည်။

 

ဒီဇင်ဘာလ ၆ ရက် ည ၉ နာရီ ၄၃ မိနစ်အချိန်က ရန်ကုန်မြို့၊ မှော်ဘီလေတပ်စခန်းအတွင်းရှိ Y -12 တိုက်ခိုက်ရေးစစ်လေယာဥ်များထားရှိရာ လေယာဥ်ရုံ (Hangar) သို့ ပစ်မှတ်ထား၍ ၁၀၇ မမ ရှော့ တိုက်ဒုံး ၅ လုံး ဖြင့် အောင်မြင်စွာ ပစ်ခတ်တိုက်ခိုက်နိုင်ခဲ့ကြောင်း သိရသည်။

 

ထိုသို့ တိုက်ခိုက်မှုအတွင်း Y-8 ထောက်ပို့စစ်လေယာဥ်တစ်စင်း နှင့် Y-12 တိုက်ခိုက်ရေး စစ်လေယာဥ် တစ်စင်းထိခိုက်ပျက်စီးခဲ့သည့် အပြင် ဂိုဒေါင်၊ပြေးလမ်း နှင့် စီမံခန့်ခွဲသော ရုံးတို့လည်း မီးလောင်ပျက် စီးသွားကြောင်း၊ လေတပ်အရာရှိ ၃ ဦးနှင့် စစ်သည် ၁၂ ဦး စုစုပေါင်း ၁၅ ဦး‌ သေဆုံးပြီး လေတပ် စီမံ ခန့်ခွဲရေး လေအုပ်မှူးကြီး အပါအဝင် အရာရှိ ၂ ဦး နှင့် အခြား အဆင့်စစ်သည် ၅ ဦးပြင်းထန်စွာဒဏ် ရာရရှိခဲ့ကြောင်း သိရသည်။

ယခုထုတ်ပြန်မှုသည် ကနဦးစုံစမ်းသိရှိရခြင်းဖြစ်ပြီး နောက်ထပ်စစ်ရှုံးကောင်စီဘက် မှ ထိခိုက်ပျက် စီးမှု အခြေအနေများကိုလည်း ဆက်လက်စုံစမ်းနေဆဲဖြစ်ကြောင်း Brave Warriors for Myanmar (BWM) အဖွဲ့ က အသိပေးထားသည်။

 

အဆိုပါ တိုက်ခိုက်မှုကို Brave Warriors for Myanmar (BWM) အဖွဲ့နှင့် မဟာမိတ် Shadow SAF အဖွဲ့တို့ပူးပေါင်း၍ BWM ၏ Mission 25 အနေဖြင့်လည်းကောင်း၊ Shadow SAF အဖွဲ့၏ Urban Special Operation -U.S.O အနေဖြင့်လည်းကောင်း ဖော်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

မှော်ဘီလေတပ်သည် ကရင်နီ၊ ကရင်၊ မွန် နှင့် တနင်္သာရီ ကမ်းရိုးတန်း ကို အဓိက လေကြောင်း တိုက်ခိုက်မှု ပြုလုပ်သည့် လေတပ်စခန်း ဌာနချုပ်ဖြစ်ပြီး နိုင်ငံတကာမှ စစ်နှင့် အရေးကြီး ပစ္စည်း များကို လက်ခံဖြန့်ဖြူးသောအဓိကကျသည့် လေတပ် စခန်းလည်းဖြစ်ကြောင်း သိရသည်။

 

အထူးသဖြင့် တရုတ်မှလာသောစစ်လက်နက်ပစ္စည်းအားလုံး ထားရာ အထိုင် စခန်း (base )လည်း ဖြစ်သည့်အတွက် BWM နှင့် မဟာမိတ် အဖွဲ့များက ယခုကဲ့သို့ပူးပေါင်းတိုက်ခိုက်ခဲ့ရခြင်း ဖြစ်သည်ဟု ဆိုသည်။

 

မြန်မာနိုင်ငံအနှံ့ ပြည်သူလူထု၏အသက်အိုးအိမ်ကို နေ့စဥ်နှင့်အမျှခြိမ်းခြောက်ဖျက်ဆီးနေသော စစ် ရှုံး ကောင်စီ၏ လေတပ်စခန်းများကို အားနည်းချိနဲ့ပြိုလဲစေရေးအတွက် လေတပ်ပြို မစ်ရှင်များကို လည်း BWM က မဟာမိတ်အဖွဲ့များနှင့်အတူ တစိုက် မတ်မတ်ဆက်လက်ဖော်ဆောင်သွားပါမည်ဖြစ် ကြောင်း အသိပေးထားသည်။

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *