International News

0 0
Read Time:4 Minute, 4 Second

သံအမတ်ကြီးဦးကျော်မိုးထွန်းကို ကုလသမဂ္ဂတွင် မြန်မာနိုင်ငံကိုယ်စားပြုသူအဖြစ် ဆက်လက်ထား ရှိရေး မဲမခွဲပဲ အတည်ပြု

 

သံလွင်မြန်မာသတင်း

ဒီဇင်ဘာလ ၇

 

ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်သံအမတ်ကြီးဦးကျော်မိုးထွန်းကို ကုလသမဂ္ဂတွင် မြန်မာနိုင်ငံကိုယ်စားပြုသူအဖြစ် ဆက်လက်ထားရှိရေး မဲမခွဲပဲ အတည်ပြုခဲ့ကြောင်း သိရသည်။

 

ယမန်နေ့ နိုဝင်ဘာလ ၆ ရက် နံနက် ၁၀ နာရီက အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့၊ ကုလသမဂ္ဂ ဌာနချုပ်ရုံးတွင် ကျင်းပသည့် ၇၉ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၏ ၄၈ ကြိမ်မြောက် မျက်နှာစုံညီအစည်းအဝေးတွင် အဖွဲ့ဝင်နိုင်ငံများ၏ ကိုယ်စားလှယ်ရွေးချယ်ရေးနှင့်စပ်လျဉ်း၍ ကုလသမဂ္ဂ အထွေထွေညီလာခံမှ ဖွဲ့စည်းခန့်အပ်သည့် အရည်အချင်းစစ် ကော်မတီ (Credentials Committee) ၏ အစီရင်ခံစာအား မဲမခွဲဘဲ တူညီဆန္ဒဖြင့် အတည်ပြုချမှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။

အရည်အချင်းစစ် ကော်မတီ၏ အစီရင်ခံစာတွင် ကော်မတီ၏ ဥက္ကဋ္ဌ က မြန်မာနိုင်ငံ၏ ကိုယ်စား ပြု မှု နှင့် ပတ်သက်၍ စာပိုဒ် (၈) နှင့် (၁၀) တို့တွင် ဖော်ပြထားပြီး မြန်မာနိုင်ငံမှ ကိုယ်စားလှယ် တင် သွင်းမှု (၂) မျိုး လက်ခံရရှိထားသဖြင့် ရွေးချယ်ခန့်အပ်ရေးအား စဉ်းစားဆုံးဖြတ်နိုင်ရေးအတွက် ရွှေ့ ဆိုင်း ထားရန် အဆိုပြုခဲ့ပြီး ယင်းအဆိုပြုချက်အား ကော်မတီက မဲမခွဲဘဲ အတည်ပြုခဲ့သည်ဟု ဖော် ပြထားကြောင်း သိရသည်။

 

သို့ဖြစ်ပါ၍ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း နှင့် ၎င်းဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့အနေဖြင့် ယခင်နှစ်များ နည်းတူ ယခု (၇၉) ကြိမ် မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံ အတွင်း ပုံမှန် ကျင်းပပြုလုပ်လျက်ရှိသော ကုလသမဂ္ဂ အထွေထွေညီလာခံ၏ မျက်နှာစုံညီနှင့် ပင်မကော်မတီ အစည်းအဝေးများ၊ ကုလသမဂ္ဂ ပင်မအင်္ဂါရပ် အဖွဲ့အစည်းများ၏ အစည်းအဝေး များနှင့် အခြားဆက်စပ်အစည်းအဝေးများကို ဆက်လက် ပါဝင် တက်ရောက်လျက် ရှိပါကြောင်း အသိပေးထားသည်။

 

သံအမတ်ကြီး ဦးကျော်မိုးထွန်းသည် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖြစ် NLD အစိုးရလက်ထက်ကတည်းက တာ၀န်ထမ်းဆောင်ခဲ့သူဖြစ်ပြီး ၂၀၂၁ ဖေဖော်ဝါရီလ တွင် စစ်တပ်က အာဏာသိမ်းယူပြီးနောက် အာဏာသိမ်း စစ်တပ်ကိုဆန့်ကျင်ကာ မြန်မာပြည်သူများဘက်မှ ရပ် တည်ခဲ့သူဖြစ်သည်။

 

၂၀၂၁ ဖေဖော်ဝါရီလ(၂၆)ရက်တွင် နယူးယောက်မြို့ရှိ ကုလသမဂ္ဂ အထွေထွေညီလာခံတွင် အာ ဏာသိမ်းစစ်ကောင်စီကို လက်သုံးချောင်းထောင်ပြကာ ဆန့်ကျင်ခဲ့ပြီး NLD အစိုးရအတွက် ကိုယ် စားပြု ပြောဆိုခဲ့ရာ အာဏာသိမ်း စစ်တပ်က သစ္စာဖောက်မှု၊ တရားဝင်မဟုတ်သည့်အဖွဲ့တစ်ခု အတွက် ပြောဆိုခဲ့မှုဟုဆိုကာ ဦးကျော်မိုးထွန်းကို ထုတ်ပယ်ကြောင်း ၂၀၂၁ ဖေဖော်ဝါရီ ၂၇ တွင် ကြေညာခဲ့သည်။

 

စစ်ကောင်စီကလည်း၄င်းတို့၏ကိုယ်စားလှယ်ကိုမြန်မာနိုင်ငံကိုယ်စားပြု အဖြစ် အသိအမှတ်ပြုရန် တင်သွင်းခဲ့မှုရှိခဲ့ပြီး ကုလသမဂ္ဂအနေဖြင့် စစ်ကောင်စီကို မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် အသိအမှတ် ပြုခြင်းမရှိသည့်အတွက် သံအမတ်ကြီး ဦးကျော်မိုးထွန်းသည် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂသံ အမတ်ကြီးအဖြစ် ယခုချိန်ထိ ဆက်လက်ရပ်တည်နေခြင်းဖြစ်သည်။

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *