AA News

0 0
Read Time:3 Minute, 49 Second

အမ်းမြို့တွင် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် -နပခ တစ်ခုသာကျန်ရှိတော့ပြီး စစ်ကူစစ်ကြောင်းတွေ ကို ဖြတ်တောက်တိုက်ခိုက်မှု စစ်သား ၁၀၀ ကျော် သေဆုံး

 

သံလွင်မြန်မာသတင်း

ဒီဇင်ဘာလ ၇

 

ရခိုင်ပြည်နယ်၊ အမ်းမြို့တွင် အကြမ်းဖက်စစ်တပ်ကောင်စီတပ်စခန်းဟူ၍ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တစ်ခုသာကျန်ရှိတော့ပြီး စစ်ကူစစ်ကြောင်းများကို ဖြတ်တောက်တိုက်ခိုက်မှု စစ်သား ၁၀၀ ကျော်သေဆုံးခဲ့ကြောင်း အာရက္ခတပ်တော် – AA က ထုတ်ပြန်ထားပါတယ်။

 

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိရာ အမ်းဒေသအတွင်းမှ စစ်ကောင်စီ၏ ဗျူဟာဌာနချုပ်များ၊ ကာ ကင်းစခန်းကြီး၊ စခန်းငယ်၊ တပ်ရင်းဌာနချုပ်များ၊ တပ်ခွဲအသီးသီးအပါအဝင် အခြားသောနေရာတို့၌ တပ်စွဲစခန်းချ၊ ခုခံစစ်ဆင်နွှဲနေကြသော စခန်းနေရာ ၃၀ ကျော်ရှိသည့်အနက်မှ ယနေ့(ဒီဇင်ဘာလ ၆ ရက်) ဆိုလျှင် အမ်း နပခဌာနချုပ် ဂွင်တစ်ခုသာ ကျန်ရှိတော့ပြီဖြစ်သောကြောင့် အမ်းမြို့၏ နောက် ဆုံး လက်ကျန် နပခ တိုင်းစစ်ဌာနချုပ်အား အပြီးသတ် သိမ်းပိုက်ရရှိနိုင်ရေးအတွက် ဆက်လက် ထိုးစစ်ဆင် တိုက်ခိုက်လျက် ရှိတယ်လို့ အာရက္ခတပ်တော် -AA က ထုတ်ပြန်ထားတာပါ။

နိုဝင်ဘာလ ၁၃ ရက်နေ့စလို့ ထပ်မံသိမ်းပိုက်ရရှိတဲ့စစ်ကောင်စီတပ်စခန်းတွေဟာ ဆလအခွဲ (၉၄၆) – အမှတ် (၉၄၆) ဆောက်လုပ်ရေးအင်ဂျင်နီယာတပ်ခွဲ ၊ ခမရ (၃၇၁) – အမှတ် (၃၇၁) ခြေမြန် တပ် ရင်း ၊ ခမရ (၃၇၂) – အမှတ် (၃၇၂) ခြေမြန်တပ်ရင်း ၊ လလစ (၇၅၇/၂) – အမှတ် (၇၅၇/၂) လျှပ်စစ် အလုပ်ရုံတပ်ခွဲ ၊ ထပခ (၉၂၆) – အမှတ် (၉၂၆) ထောက်ပံ့နှင့်ပိုဆောင်ရေးတပ်ခွဲ ၊ ဆသလ (၉) – အ မှတ် (၉) ဆက်သွယ်ရေးလုံခြုံမှုတပ်ရင်း ၊ အဆရ (၈) – အမှတ် (၈) အဆင့်မြင့်ဆက် သွယ်ရေး တပ်ရင်း ၊ တထခ (၁၀) – အမှတ် (၁၀) တပ်ထိန်းတပ်ခွဲ ၊ စအရ (၉၁၉) – အမှတ် (၉၁၉) စစ်မြေပြင် အင်ဂျင်နီယာတပ်ရင်း ၊ လေဆိပ်အနီး၊ အတွင်း၊ ပတ်ဝန်းကျင်များမှ ခုခံတိုက်ခိုက်နေသော စခန်းငယ် တွေအပြင် အဲဒီစခန်းတွေကနေ အစုလိုက်၊ အစုလိုက်ထွက်ပြေးလွတ်မြောက်နေတဲ့ စစ် ကောင်စီ တပ်သားတွေကို လိုက်လံရှင်းလင်းနေတယ်လို့ အာရက္ခတပ်တော် AA က ပြောပါတယ်။

 

အမ်းဒေသအတွင်းမှ စစ်တပ်စခန်းတွေကို ထိုးစစ်ဆင်တိုက်ခိုက်နေသလို ရခိုင်ရိုးမဘက်ကနေ စစ်ကူ တွေ၊ ရဟတ်ယာဉ်တွေနဲ့ အကြိမ်ကြိမ်ပို့ဆောင် ဖြည့်တင်းဖို့ကြိုးစားနေခဲ့တဲ့ စစ်ကောင်စီတပ်သား တွေကို အာရက္ခတပ်တော်က အဆင့်ဆင့် ဖြတ်တောက်ခဲ့တာကြောင့် ၃ ရက်အတွင်း စစ်ကြောင်း တစ် ခုလုံးကို ချေမှန်ုးခဲ့တယ်လို့ ဆိုပါတယ်။

 

အမ်းမြို့ကို စစ်ကူပေးဖို့တက်လာတဲ့ တပ်မ (၈၈) လက်အောက်ခံ၊ နည်းဗျူဟာတစ်ခုကို  ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၂၈ ရက်၊ မနက် (၈) နာရီ (၃၅) မိနစ်မှာ အမ်းမြို့ရဲ့ မြောက်ဘက်၊ ရိုးတောင်လမ်းမထက် တစ်နေရာမှာ စတင်ဖြတ်တောက် တိုက်ခိုက်ခဲ့ရာ နိုဝင်ဘာလ ၃၀ ရက် နေ့လည် ၂ နာရီ ၃၀ မိနစ်အ ထိ စစ်သား ၁၀၀ ကျော်သေဆုံးကာ လက်နက်ခဲယမ်းအမြောက်အများနဲ့အတူ စစ်သုံ့ပန်းတွေလည်း ဖမ်းဆီးရရှိခဲ့ပါတယ်။

 

အဲဒီ စစ်ကောင်စီတပ်ရင်းတွေကတော့ ခမရ (၃၁၇)၊ ခမရ (၄၁၅)၊ ခမရ (၄၁၆) တို့ဖြစ်ကာ ထွက် ပြေးလွတ်မြောက်သွားတဲ့ စစ်သားအချို့ကိုလည်း လိုက်လံရှင်းလင်းလျက်ရှိတယ်လို့ အသိပေးထား ပါတယ်။

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *