ထားဝယ်မြို့နယ်တွင် စစ်တပ်စခန်း ၃ ခုနှင့် စစ်ကူယာဉ်တန်းကို တိုက်ခိုက်မှု စစ်သား ၃၀ ကျော် သေဆုံး
သံလွင်မြန်မာသတင်း
ဒီဇင်ဘာလ ၆
တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်တွင် စစ်တပ်စခန်း ၃ ခုနှင့် စစ်ကူယာဉ်တန်းကို တိုက်ခိုက်ခဲ့ရာ စစ် သား ၃၀ ကျော်သေဆုံးခဲ့တယ်လို့ ထားဝယ်ပြည်သူ့လွတ်မြောက်ရေးတပ်-TPLF တပ်ဖွဲ့က ထုတ်ပြန် ထားပါတယ်။
ဒီဇင်ဘာလ ၃ ရက်နေ့က ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ကျေးရွာ၊ ဟားလီးကွေ့အနီး တပ်စွဲထား တဲ့ အကြမ်းဖက်စစ်တပ်စခန်းကို တော်လှန်ရေးတပ်ဖွဲ့တွေက ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အပြန်အလှန်ပစ်ခတ်တိုက်ပွဲပြင်းထန်ခဲ့တယ်လို့ သိရပါတယ်။
တိုက်ပွဲဖြစ်ပွားရာနေရာကို ထားဝယ်မြို့ကနေ စစ်ကူကား ၇ စီးနဲ့ စစ်ကူဆင်းလာတဲ့အတွက် ပြည် သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ကြားဖြတ်ဟန့်တားတိုက်ခိုက်ခဲ့ရာ အပြန်အလှန်ပစ်ခတ်တိုက်ပွဲ ၂ နာရီခန့် အကြာဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီတိုက်ခိုက်မှုမှာ အကြမ်းဖက်စစ်ကား ၄ စီးပျက်စီးပြီးတော့ ကားပေါ်မှာတင် အကြမ်းဖက်စစ်သား ၁၃ ဦးထက်မနည်းသေဆုံးခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် တိုက်ပွဲဖြစ်ပွားရာနေရာကို လက်နက်ကြီးပစ်ကူပေးနေတဲ့ အကြမ်းဖက်စစ်ကောင်စီ အမတ ၃၀၄ အမြောက်တပ်ရဲ့ စစ်သည်တန်းလျားကိုလည်း TPLF Drone Team ကနေ ဒရုန်းနဲ့၂ ကြိမ်၊ ရေ ဖြူမြို့နယ်အခြေစိုက် ခမရ ၄၀၆ တပ်ရင်းရှိ အရာရှိအိမ်ရာကို ဒရုန်းဖြင့် ၁ ကြိမ် ဗုံးသီးကြဲ ချတိုက် ခိုက်ခဲ့ပါသေးတယ်။
“တိုက်ပွဲ ၄ ကြိမ်မှာ စုစုပေါင်း ၃၀ ကျော်သေတယ်၊ အများအပြား ဒဏ်ရာအပြင်းအထန်ရတယ်။ တိုက် ပွဲက ပြင်းပြင်းထန်ထန်ဖြစ်ခဲ့တာပါ။ ကျနော်တို့ဘက်က ရဲဘော်တွေအားလုံး ဘေးကင်းပါ တယ်။ မိဘပြည်သူတွေအနေနဲ့ စစ်ကောင်စီတပ်သားတွေနဲ့ ဝေးဝေးနေပေးကြဖို့နဲ့ အသွားအလာ သတိရှိကြဖို့ မေတ္တာရပ်ခံချင်ပါတယ်” လို့ ထားဝယ်ပြည်သူ့လွတ်မြောက်ရေးတပ်-TPLF တပ်ဖွဲ့မှ တာဝန်ရှိ သူတစ်ဦးက ရှင်းပြပါတယ်။
ဒီစစ်ဆင်ရေးကို ထားဝယ်ပြည်သူ့လွတ်မြောက်ရေးတပ်-TPLF ပါဝင်တဲ့ သာဂရစစ်ကြောင်း ၊ ဓဝယ် အမျိုး သားလွတ်မြောက်ရေးတပ်တော် (DNLA) ၊ ရေဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPPDF) ၊ က္လားသစ္ဏတ် (ကျားသစ်နက်)၊ ဘီလုံးပျောက်ကြားတပ်ဖွဲ့ နဲ့ ဖက်ဒရယ်ဓူဝံတပ်ဖွဲ တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့တာပါ။
Thanlwin Myanmar Media