Story News

0 0
Read Time:12 Minute, 33 Second

ရုရှား -ယူကရိန်း စစ်ပွဲ ၂ နှစ်ပြည့် သုံးသပ်ချက် (ဆောင်းပါး)

 

သခင်ဇော်ကြီး

 

ယူကရိန်းမှာ စစ်ပွဲစဖြစ်တာ ခုဆို ၂ နှစ်ရှိသွားပါပြီ။

 

ရုရှားတွေစတင်မီးမွှေးလိုက်ခြင်းက အရှေ့ပိုင်းမှာ မီးဟုန်းဟုန်းတောက်သွားစေပါတယ်။

 

တချိန်က ကြွယ်ဝတဲ့ စိုက်ပျိုးရေးနယ်မြေဖြစ်တဲ့ Dombas လိုမျိုးနယ်မြေတွေဟာ ခုတော့ မီးခိုးတအူအူနဲ့ လောင်ကျွမ်းပျက်စီးနေတဲ့ အဆောက်အဦးတွေနဲ့ ပြည့်နှက်နေပါပြီ။

 

စစ်ပွဲမဖြစ်ခင်က ရုရှားစစ်တပ်ဟာ မဖြိုခွဲနိုင်စရာလို အထင်ရောက်စရာပါပဲ။

 

သူတို့ဆီမှာ ဆိုဗီယက်ခေတ်က ကျန်ခဲ့တဲ့ စစ်လက်နက်တွေနဲ့အတူ ခေတ်သစ်နည်းပညာမြင့် လက်နက်တွေလည်း ရှိနေတော့ အောင်ပွဲကို အလွယ်တကူရလိမ့်မယ်လို့ ခန့်မှန်းခဲ့ပါတယ်။

 

ဒါပေမယ့် ခုတော့ထင်မြင်ချက်တွေ လွဲမှားသွားရပါပြီ။

 

အနောက်နိုင်ငံရဲ့ ထောက်ပံမှုရထားတဲ့ ယူကရိန်းဟာ ပြင်းထန်တဲ့ တိုက်ခိုက်မှုနဲ့အတူ အများ ရဲ့အမြင်တွေကို ရိုက်ချိုးပစ်လိုက်နိုင်ပါတယ်။

 

ခုတော့ ရုရှားဟာ မြင့်မားတဲ့ ထိခိုက်မှုတွေ ထောက်ပို့ရေးပြဿနာတွေကို ရင်ဆိုင်နေရပါပြီ။

 

အနောက်နိုင်ငံတွေရဲ့ ပိတ်ဆို့မှုတွေကလည်း ရုရှားရဲ့ စီးပွားရေးကို တဖြည်းဖြည်းချင်း ရိုက်ချိုး ဖိနှိပ် လာပါပြီ။

 

စစ်ပွဲရဲ့ ရလဒ်က မသေချာသေးပေမယ့် သေချာတာတခုကတော့ ယူကရိန်းရဲ့ ခံနိုင်ရည်က ဘယ်သူမှ မျှော်မှန်းမထားနိုင်လောက်အောင် ကြီးမားလှတယ်ဆိုတာပါပဲ။

 

ခုတော့ စစ်ပွဲက သုံးနှစ်တာထဲ ရောက်လာတဲ့အချိန်မှာ ရုရှားစစ်တပ်မှာ စစ်လက်နက်ပစ္စည်း ဘယ် လောက်ကျန်သေးလဲ ဆိုတဲ့မေးခွန်းက ထွက်ပေါ်လာပါပြီ။

 

ဒီတော့ ကျွန်တော်တို့ အနေနဲ့ ဒီစစ်ပွဲက ရုရှားစစ်တပ်အပေါ် ဘယ်လောက်သက်ရောက်နေလဲဆိုတာ ကြည့်လိုက်ကြရအောင်ပါ။

 

စာရွက်ပေါ်မှာတော့ ရုရှားစစ်တပ်ဟာ ကြောက်ခမန်းလိလိ နာမည်ကြီးပါတယ်။

 

ယူကရိန်းကို မကျူးကျော်ခင်က သူတို့မှာ တိုက်ခိုက်ရေးတပ်သား တသန်းကျော်ရှိပြီး အရံ တသန်း ခွဲ ရှိတယ်လို့ နိုင်ငံတကာ စစ်ရေးသုတေသီအဖွဲ့က ထုတ်ပြန်ခဲ့ပါတယ်။

နှစ်ပေါင်းများစွာ စစ်လက်နက်ဆန်းသစ်တီထွင်မှုတွေက ရုရှားစစ်တပ်ကို အင်အားတောင့်တင်း တင်းလာစေတာပါ။

 

ဒီပုံရိပ်က က ၂ဝ၂၄ မှာ ယူကရိန်းရဲ့ စစ်တပ်နဲ့ နှိုင်းယှဉ်လိုက်မယ်ဆိုရင် ခြောက်ခြားတုန်လှုပ်ဖွယ် ပါပဲ။

 

ရုရှားက ယူကရိန်းကို ကဏ္ဍပေါင်းစုံမှာ သာလွန်နေပါတယ်။

 

ရုရှားရဲ့ လေတပ်က တိုက်လေယာဉ် ၄၂ဝဝ နဲ့ ကောင်းကင်ပြင်ကိုစိုးမိုးထားပြီး ယူကရိန်းရဲ့ တိုက်လေ ယာဉ်ကတော့ ၃၂၁ စီး ပဲရှိပါတယ်။

 

ပင်လယ်ပြင်မှာဆိုရင်လည်း ရုရှားရဲ့ ရေတပ်က ရှည်လျားစွာ ထိန်းချုပ်ထားပြီး ယူကရိန်းထက် ၇ ဆ ခွဲလောက် အင်အားကြီးမားပါတယ်။

 

ပြီးတော့ ရုရှားဟာ ကမ္ဘာမှာ နူးကလီးယား ပိုင်ဆိုင်တဲ့ ၉ နိုင်ငံထဲမှာ အပါအဝင်ဖြစ်ပြီး ၂၀၂၃ အစော ပိုင်း စစ်တမ်းအရ သူတို့ဟာ ကမ္ဘာ့အကြီးဆုံး နူးကလီးယား ထိပ်ဖူးတပ်လက်နက်ကိုလည်း ပိုင်ဆိုင် ထားပါတယ်။

 

ဒီစစ်လက်နက်ပစ္စည်းတွေကြား ကွာဟမှုက အငြင်းပွားဖွယ်မရှိပါဘူး ။

 

၁၈ဝဝ ထက်မပိုတဲ့ ယူကရိန်းရဲ့ တင့်ကားတပ်က သူ့ထက်ရှစ်ဆကြီးတဲ့ ရုရှားစစ်တပ်နဲ့ ယှဉ်ရင် အများကြီး နောက်ကျနေပါတယ်။

 

ဒီကွာဟမှုကို ပေါင်းကူးဖို့ အနောက်နိုင်ငံတွေက ကြားဝင်လာရပါတယ်။

အမေရိကန် ယူကေ တို့လိုမျိုး နိုင်ငံတွေက အစွမ်းထက်တဲ့ Leopatd 2, Challenger 2 ပြီးတော့ MI – Aprams တို့လိုမျိုး တင့်ကားတွေနဲ့ တခြား စစ်လက်နက်ပစ္စည်းတွေကို ကူညီထောက်ပံ့ပေးဖို့ ကတိ ကဝတ် ပြုထားကြပါတယ်။

 

မမြင်နိုင်တဲ့ နောက်ကွယ်က အခြင်းအရာတွေကတော့ စတင်ပေါ်ထွက်လာပါပြီ။

 

ယူကရိန်းရဲ့ စစ်တပ်က အင်အားချိနဲ့နေရာကနေ ၂ဝ၂၄ မှာတော့ တပ်သားသစ် ၂.၂ သန်းနဲ့ အတူ အင် အားကြီးမားလာပြီး အဲဒီထဲက ကိုးသောင်းက စစ်မြေပြင်မှာ အမှန်တကယ်အင်နဲ့အားနဲ့တိုက်ခိုက် နေ ပါ တယ်။ အရံအင်အားကတော့  ၁.၂ သန်းရှိလာပါပြီ။

 

ပြီးတော့ သူတို့ဟာ တကမ္ဘာလုံးမှာ အဆင့်ခြောက်ကိုရောက်ရှိနေပြီး ရုရှားရဲ့ အဆင့်လေးနဲ့ ယှဉ်ပြိုင် တိုက်ခိုက်နိုင်ပါတယ်။

 

သူတို့ရဲ့ တိုင်းပြည်ကို ကာကွယ်ဖို့ အသက်ကိုစတေးပြီး တိုက်ခိုက်ဖို့ အဆင်သင့်ဖြစ်နေကြပါပြီ။

 

စစ်ပွဲရဲ့ ခါးသီးဖွယ်အမှန်တရားက ရုရှား စစ်တပ်အပေါ်မှာ ကြီးမားစွာ ရိုက်ခတ်နေပါပြီ။

 

၂၀၂၃ ဒီဇင်ဘာမတိုင်ခင်လေးမှာ ပေါက်ကြားလာတဲ့ အမေရိကန် ထောက်လှမ်းရေး သတင်းတွေအရ ရုရှားစစ်သား ၃၁၅၀၀၀ ဒဏ်ရာရ သေကြေပျက်စီးတယ်လို့ ခြောက်ခြားဖွယ်သိရပါတယ်။

 

ဒီအရေအတွက်က သူတို့မကျူးကျော်ခင်က စစ်သားအရေအတွက်ရဲ့ ကိုးဆယ်ရာနှုန်းလောက် ရှိနေပါတယ်။

 

ယူကရိန်းဖော်ပြလာတဲ့ အရေအတွက်က ပိုပြီးတော့ မြင့်မားနေပြီး ၄၃၅ဝဝဝ ရှိတယ်လို့ဆိုထားပါ တယ်။

 

ဒါပေမယ့် တရားဝင်ဖော်ထုတ်ပြောကြားထားတာတော့ မရှိပါဘူး ။သေကြေပျက်စီးမှု များတယ် ဆိုတာကတော့ သေချာပါတယ်။

 

ဒီလောက်များပြားတဲ့ စစ်သားအရေအတွက်ဆုံးရှုံးခြင်းက ရုရှားစစ်တပ်အပေါ်မှာ ကြီးမားစွာ ရိုက် ခတ်နေပြီး စစ်သားတွေရဲ့ စိတ်ဓာတ်ကို ထိခိုက်နိုင်ကာ တိုက်ရည်ခိုက်ရည်မှာ ကျဆင်းသွားစေနိုင် ပါတယ်။

 

ဒီစစ်သားတွေနေရာမှာ အစားထိုးဖို့ကလည်း မလွယ်ကူသလို တပ်သားသစ်စုဆောင်းခြင်းမှာလည်း ထင်သလောက်မရိုးရှင်းပါဘူး။

စစ်ပွဲမှာ ခက်ခဲကြမ်းတမ်းစွာ လုပ်ဆောင်နိုင်မှုနှင့် တိုက်ခိုက်မှု စွမ်းရည် ဗဟုသုတတွေဟာ လွယ် လွယ်နဲ့ မရပါဘူး။

 

ရုရှားရဲ့ စစ်လက်နက်တွေဟာလည်း အလားတူဆုံးရှုံးနေပြီး တင့်ကားတွေ သံချပ်ကာကားတွေ တိုက် လေယာဉ်တွေဟာလည်း ပျက်စီးနေရသလို တဖက်မှာတော့ ယူကရိန်းတွေရဲ့ လက်ထဲကို ပါသွားတာ တွေလည်းရှိပါတယ်။

 

နိုင်ငံတကာ လေ့လာရေးသုတေသန အဖွဲ့ရဲ့ အဆိုအရ ရုရှားဟာ တိုက်နိုင်တဲ့ တင့်ကား ၁၇၅ဝ သာ ကျန်ရှိပြီး အဲ့ဒီထဲမှာ အကောင်းဆုံး တင့်ဖြစ်တဲ့ T-90 လည်း အပါအဝင်ဖြစ်ပါတယ်။

 

ဒါ့အပြင် ခေတ်ဟောင်းနေတဲ့ စစ်လက်နက်တွေကနေ ဆွဲထုတ်ယူရပြီး ၁၉၇၀ တုန်းက T – 62 တွေ လဲ ပြန်အသုံးပြုနေရတယ်လို့ သိရပါတယ်။

 

ဒီလိုခေတ်ကုန်နေတဲ့ စစ်လက်နက်တွေအပေါ် မှီခိုနေရခြင်းက ဆိုးဝါးတဲ့အခြေအနေဖြစ်ပြီး ရရှား ရင် ဆိုင်နေရမှုက ဆိုးဝါးတဲ့ အသွင်အပြင်ကို ပြသနေပါတယ်။

 

အဲ့ဒီမှတ်တမ်းမှာ နောက်ထပ် ပြောထားတာက ရုရှားက အမှန်တကယ် ရွှေ့ပြောင်းအသုံချနိုင်တဲ့ တင့် ကား ၁၃၀၀ သာကျန်ရှိတော့ပြီး အဲ့ဒီထဲက တချို့ဟာတွေက သုံးမရအောင် အခြေအနေ ဆိုးဝါးနေပါ တယ်။

 

အဲဒီတင့်ကားတွမှာ အခြေခံ အားဖြင့် ဗုံးတွေ တပ်ဆင်ထားရတာက ရန်သူထက် သူတို့ကိုယ်ပိုင် တပ် သားတွေကို ပိုမိုအန္တရာယ်ဖြစ်စေနိုင်ပါတယ်။

 

တင့်ကားတွေ အကြောင်းပြောရရင် ရုရှားက သူတို့ရဲ့ အကောင်းဆုံးဖြစ်တဲ့ T-90 ၁၂ စင်း လောက် ဆုံးရှုံး ထားပြီးဖြစ်ပါတယ်။

 

သူတို့ရဲ့ ရည်မှန်းချက်ကတော့ နောက် လက်သစ်ဖြစ်တဲ့ T-14 Armata ကို ထုတ်သုံးဖို့ ဖြစ်ပါတယ်။

 

ဒီအစီအစဉ်ကလည်း အကုန်အကျ အင်မတန်များလို့ လုံးဝကိုမဖြစ်နိုင်သလောက်ရှိပါတယ်။

 

သူတို့ရဲ့ ပြည်တွင်းလက်နက်ထုတ်လုပ်မှုအတွင်းကပြဿနာတွေကလည်း လက်ရှိ လုပ်ဆောင်နေတဲ့ ခေတ်သစ် နည်းပညာမြင့်လက်နက်ထုတ်လပ်မှုကို ဆိုးဝါးစွာ ထိခိုက်စေပါတယ်။

 

အနီးကပ်လေ့လာကြည့်လေ အခြေအနေတွေက ပိုပြီးဆိုးဝါးလေ မြင်တွေ့ရမှာပါ။

 

ရုရှားဟာ တင့်ကားပေါင်း ၁၃ဝဝ နှင့် တိုက်လေယာဉ် အစီး ၁၀၀ ဆုံးရှုံးထားတယ်လို့ နိုင်ငံတကာ သုတေသီအဖွဲ့က ဆိုထားပါတယ်။

 

သူတို့ဟာ စစ်အေးကာလက ခေတ်ဟောင်းစစ်လက်နက်တွေပေါ် ပိုပိုပြီး အားထားလာရပါပြီ။

 

သူတို့ရဲ့ နည်းပညာမြင့် တင့်ကားထုတ်လုပ်ရေးအစီအစဉ်ကလည်း လေထဲမှာ တိုက်အိမ်ဆောက် သလို အရာမထင်ဖြစ်နေပါတယ်။

 

အားလုံးကို ခြုံကြည့်မယ်ဆိုရင် ယူကရိန်းက ရုရှားရဲ့ အမြောက်လက်နက်ပေါင်း ၁ဝ၇ဝဝ ထိ သိမ်း ပိုက်ထားတာပါ။ ဒါက ရုရှားတွေအတွက် ထိုးစစ်ဆင်ဖို့ ပိုပြီး ခက်ခဲသွားစေပါတယ်။

စစ်ပွဲနောက်ကွယ်က ထောက်ပို့ရေးကဏ္ဍမှာလည်း ရုရှားဟာ အိပ်မက်ဆိုးတမျှ ရင်ဆိုင်နေရပါတယ်။

 

ယူကရိန်းအရှေ့ပိုင်းမှာ ဆိုရင်တောင် ရှေ့တန်းစစ်မြေပြင်အသီးသီးကတပ်သား တစ်သိန်းခွဲဟာ ခြေ ကုပ်ယူနိုင်ဖို့ အင်မတန်မှ အခက်တွေ့စေပါတယ်။

 

ဒီနေရာမှာ လာဘ်စားမှုတွေကလည်း ထပ်မံပေါ်ပေါက်တဲ့အတွက် ပြဿနာကို ပိုဆိုးသွားစေပါတယ်။

 

ကောလဟလတွေအရ ရှေ့တန်းပို့ စစ်လက်နက်ပစ္စည်းတွေကို လမ်းကြောင်းသွေဖယ်ပြီး မှောင်ခိုဈေး ကွက်မှာ ရောင်းချနေကြပါတယ်။

 

အစောပိုင်းကျရှုံးမှုတွေရှိပေမယ့် ရုရှားဟာ ပြန်လည်မွမ်းမံပြင်ဆင်ပြီး ကြမ်းတမ်းလှတဲ့ ဆောင်းအပြီး မှာ ထိုးစစ်ကို ပြန်လည်စတင်နေပါပြီ။

 

Dombas နယ်မြေတခုလုံးကို သိမ်းပိုက်စိုးမိုးဖို့က သူတို့ရဲ့ အန္တိမ ရည်မှန်းချက်ဖြစ်ပြီး ဒီအတွက် လူ့အသက်တွေ စစ်လက်နက်ပစ္စည်းတွေကို စတေးဖို့ အသင့်ဖြစ်နေကြပါတယ်။

 

ရုရှားက သူတို့ရဲ့ စစ်တပ်ကို ကြီးထွားအောင် အင်တိုက်အားတိုက် လုပ်ဆောင်နေပြီး လှုံ့ဆော်ရေး တွေနဲ့ ရာဇဝတ်ထောင်သားတွေကို တပ်သားသစ်စုဆောင်းခြင်းတွေကနေ အားကြီးအောင် ကြိုးစား နေတာပါ။

 

၂၀၂၂ ဩဂုတ်လမှာ ပူတင်က ၁၃ ရာခိုင်နှုန်း သို့မဟုတ် ၁၃၇ဝဝဝ ထိ စုဆောင်းနိုင်ခဲ့လို့ ခုဆို စုစု ပေါင်း ၁ ဒသမ ၁၅ သန်းအထိ တိုးလာပါတယ်။

 

တချို့သော လှုံ့ဆော်စည်းရုံးမှုတွေကနေ အရံတပ်သား သုံးသိန်းထိ ရလာပြန်ပါတယ်။

 

နိုင်ငံတကာ သုတေသီအဖွဲ့ရဲ့ ပြောကြားချက်အရ ခုဆိုရင် ရုရှားက တိုက်ခိုက်ရေးလုပ်နေတဲ့ တပ် သား ၁ ဒသမ ၁ သန်းထိရှိနေပြီး အရံတပ်သား ၁.၅ သန်းထိ ရှိနေကြောင်း သိရပါတယ်။

 

ဒီအတောအတွင်းမှာပဲ ယူကရိန်းအတွက် အခြေအနေတွေက ဆိုးသထက်ဆိုးလာပါတယ်။

 

ယူကရိန်းက ကျရှုံးသွားတဲ့ စစ်သားတွေနေရာမှာ အစားထိုးဖို့ လုံးပန်းနေပြီး အမေရိကန်လိုမျိုး အနောက်နိုင်ငံတွေဆီက အထောက်အပံ့တွေ တဖြည်းဖြည်း နည်းပါးလာပါတယ်။

 

ဒီနှစ်အတွက် ယူကရိန်းရဲ့ အလေးထား အာရုံစိုက်မှုက သူတို့နယ်မြေကို အစွမ်းကုန် ကာကွယ်သွား ရေးဖြစ်ပြီး နောက်ဆုံးထိတောင့်ခံထားဖို့ ဖြစ်ပါတယ်။

 

အင်အားတောင့်တင်းလာတဲ့ ရုရှားနဲ့အပြိုင် ကြိုးစားရုန်းကန်နေတဲ့ ယူကရိန်းဟာ ခံစစ်ဆင်ဖို့ လုံးပန်း နေပြီး လာမယ့် လှိုင်းလုံးကြီးတွေကို အားရှိတခွင် အစွမ်းကုန်ရင်ဆိုင်သွားဖို့ စီစဉ်နေပါတယ်။

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *