မြင်းခြံမြို့တွင်းသို့ အိမ်စီးကားဖြင့် စစ်သားများကို မိုင်းဆွဲတိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံး
သံလွင်မြန်မာသတင်း
ဒီဇင်ဘာလ ၅
မန္တလေးတိုင်း၊ မြင်းခြံမြို့တွင်းကို အိမ်စီးကားတစ်စီးနဲ့ ဝင်လာတဲ့ အကြမ်းဖက်စစ်သားတွေကို မိုင်း ဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးသေဆုံးခဲ့တယ်လို့ Myingyan Black Tiger – MBT တပ်ဖွဲ့ခေါင်း ဆောင် ဗိုလ်မိုက်ခဲက သံလွင်မြန်မာသတင်းဌာနကို ပြောပါတယ်။
ဒီနေ့ ဒီဇင်ဘာလ ၅ ရက် မွန်းလွဲ ၂ နာရီခွဲအချိန်က မြင်းခြံမြို့နယ်၊ မြောက်ကျွန်းကျေးရွာမှ မြင်းခြံ မြို့ထဲကို အိမ်စီးကားနဲ့ ဝင်လာတဲ့ အကြမ်းဖက်စစ်သား ၅ ဦးကို မြင်းခြံမြို့ မြောက်ဘက် အထွက်ရှိ အနိမ့်လမ်းပိုင်းတစ်နေရာအရောက် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးသေဆုံးခဲ့ပြီး အသေးစိတ်သိ ရှိနိုင်ရန် စုံစမ်းနေဆဲဖြစ်တယ်လို့ သိရပါတယ်။
“မြောက်ကျွန်းကနေ ခွေးဘီဘူးကားတစ်စီးနဲ့ မြင်းခြံမြို့ထဲပြန်ဝင်တဲ့အချိန် လမ်းကနေ ဖြတ်ပြီး မိုင်းဆွဲခဲ့တာ၊ ကားလည်းထိုးရပ်သွားတယ်၊ မိုင်းဆွဲပြီး ရမ်းသမ်းပစ်ခတ်တာတွေရှိပေမယ့် ပြည်သူ ထိခိုက်မှုမရှိပါဘူး။ ကျနော်တို့တပ်ဖွဲ့က လုပ်နေတဲ့ End Point ကမ်ပိန်းလေးကိုလည်း ရာခိုင်နှုန်း ပြည့်မီအောင်ကူညီပေးကြဖို့ မေတ္တာရပ်ခံချင်ပါတယ်။ အခုက ၈၀ ရာခိုင်နှုန်းကျော်တော့ရပြီ။ ကမ် ပိန်းရသမျှငွေတွေက တိုက်ပွဲဖြစ်တဲ့ ကျည်ခဲယမ်းစရိတ်၊ လက်နက်စရိတ်၊ စားဝတ်နေရေးစရိတ် တွေ ကို ဒီကမ်ပိန်းထဲကပဲ ဖဲ့ဖဲ့သုံးနေရတဲ့အနေထားဖြစ်နေတာ၊ အတော်တော်လေးခက်ခဲနေတယ်” ဟု Myingyan Black Tiger – MBT တပ်ဖွဲ့ခေါင်း ဆောင် ဗိုလ်မိုက်ခဲက ပြောပါတယ်။
အဲဒီ တိုက်ခိုက်မှုကို Myingyan Black Tiger – MBT တပ်ဖွဲ့ဝင်ရဲဘော်များက တိုက်ခိုက်ခဲ့တာဖြစ် ပြီး မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် အကြမ်းဖက်စစ်သားတွေက ရမ်းသမ်းပစ်ခတ်ခဲ့ကာ အနီးအနားရှိ ပြည်သူအချို့ကို စစ်ဆေးမေးမြန်းခြင်းတာတွေ လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။
အဲဒီတိုက်ခိုက်မှုဟာ မနေ့က (ဒီဇင်ဘာလ ၄ ရက်) နေ့က အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ လေ ကြောင်းတိုက်ခိုက်တာကြောင့် သေဆုံးခဲ့ရတဲ့ အပြစ်မဲ့ပြည်သူတွေအတွက် ချက်ချင်းလက်တုန့်ပြန်တဲ့ အနေနဲ့ တိုက်ခိုက်ခဲ့တဲ့ စစ်ဆင်ရေးတစ်ခုဖြစ်တယ် အသိပေးထားပါတယ်။
Thanlwin Myanmar Media