Bago News

0 0
Read Time:2 Minute, 21 Second

ရေတာရှည်မြို့နယ်၊နှောပင်ကျေးရွာအနီး တိုက်ပွဲမှာ စစ်သား ၂၀ ကျော်သေဆုံး

 

သံလွင်မြန်မာသတင်း

ဒီဇင်ဘာလ ၅

 

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်အနောက်ခြမ်း၊ နှောပင်ကျေးရွာအနီး တိုက်ပွဲမှာ စစ်သား ၂၀ ကျော် သေဆုံးခဲ့တယ်လို့ စစ်တောင်းမြစ်ဝှမ်း – ရေတာရှည်ပူးပေါင်းစစ်ဆင်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

 

ဒီနေ့ ဒီဇင်ဘာလ ၅ ရက် မနက် ၈ နာရီအချိန် ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ်ဝှမ်း အ နောက် ခြမ်း နှောပင်ကျေးရွာဘက်ကို ကျွန်းတောကုန်းဘက်ကနေ အကြမ်းဖက်စစ်သား အင်အား ၁၀၀ ကျော်နဲ့ စစ်ကြောင်းထိုးလာလို့ တိုက်ပွဲဖြစ်ခဲ့တာပါ။

အဲဒီ အပြန်အလှန် ပစ်ခတ်တိုက်ပွဲဟာ ၅ နာရီကျော်ကြာဖြစ်ခဲ့ကာ အကြမ်းဖက်စစ်သား ၂၀ ဦး ထက် မနည်း သေဆုံးကာ အများအပြားဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

 

“ကျွန်းတောကုန်းဘက်နေ တက်လာတာပါ၊ လက်ရှိဆိုရင် အင်အားက ရာကျော်မယ်။ အင်အားတွေ ထပ်တိုးထားတယ်၊ နှောပင်ရွာထဲက ပြည်သူတွေကိုလည်း စစ်ဆေးနေတယ်လို သိရတယ်။ အင်အား ထပ်တိုးထားတဲ့အတွက် တိုက်ပွဲဆက်ဖြစ်နိုင်တဲ့အနေအထားပါ” လို့ စစ်တောင်းမြစ်ဝှမ်း – ရေတာ ရှည် ပူးပေါင်းစစ်ဆင်ရေးအဖွဲ့၊ တာဝန်ရှိသူ တစ်ဦးက ရှင်းပြပါတယ်။

 

အဲဒီ တိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်က ပစ်ခတ်တဲ့ လက်နက်ကြီးထိမှန်လို့ ပြည် သူ့ကာကွယ်ရေး ရဲဘော် ၅ ဦး အသေးစားထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

 

လက်ရှိမှာ အကြမ်းဖက်စစ်ကောင်စီတပ်က နှောပင်ကျေးရွာအတွင်း ဝင်ရောက်တပ်စွဲကာ အင်အား ဖြည့်တင်းနေသလို ကျေးရွာနေပြည်သူတွေကိုလည်း စစ်ဆေးနေတယ်လို့ သိရပါတယ်။

 

ဒါကြောင့် တိုက်ပွဲဖြစ်ပွားရာ နေရာအနီးရှိ မိဘပြည် သူတွေအနေနဲ့ စစ်ရေး၊ အသိ၊ သတိရှိရှိ သွား လာနေထိုင်ကြဖို့ စစ်တောင်းမြစ်ဝှမ်း – ရေတာရှည် ပူးပေါင်းစစ်ဆင်ရေးအဖွဲ့က တိုက်တွန်း ထားပါတယ်။

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *