တော်လှန်ရေးအလုပ်တွေကို ပြတ်ပြတ်သားသားနဲ့ ခွန်အားပြည့်လုပ်မှသာ စစ်အာဏာရှင်စနစ်ဆိုး လက်အောက်ကနေ ကယ်ထုတ်နိုင်မှာဖြစ်တယ်လို့ ယာယီသမ္မတဒူဝါလရှီးလ သတိပေး
သံလွင်မြန်မာသတင်း
ဒီဇင်ဘာလ ၅
တော်လှန်ရေးအလုပ်တွေကို ပြတ်ပြတ်သားသားနဲ့ခွန်အားပြည့်လုပ်မှသာ စစ်အာဏာရှင်စနစ်ဆိုး အောက်ကနေ ကယ်ထုတ်နိုင်မှာဖြစ်တယ်လို့ NUG ယာယီသမ္မတဒူဝါလရှီးလက သတိပေးပြောကြား လိုက်ပါတယ်။
မနေ့က (ဒီဇင်ဘာလ ၄ ရက်) မနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့တဲ့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ၂၉/၂၀၂၄ အစိုးရအဖွဲ့အစည်းအဝေးမှာ ၎င်းက ထည့်သွင်းပြောကြားခဲ့တာပါ။
“အမျိုးသားညီညွတ်ရေးအစိုးရအပေါ် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းကြီးတွေနဲ့ ပြည်သူ လူထု တရပ်လုံးက ယုံကြည်မျှော်လင့်ချက်တွေ များစွာ ရှိကြပါတယ်။ ဒီမျှော်လင့်ချက်တွေ ယုံကြည် မှုတွေကို ကျွန်တော်တို့က ရိုက်ချိုးလို့မရဘူး။ ကျွန်တော်တို့ဟာ လက်ရှိ နွေဦးတော်လှန်ရေးကို ဘယ် လောက် ခံယူချက်ခိုင်ခိုင်မာမာနဲ့ အပ်နှံထားကြောင်း လက်တွေ့ ပြသဖို့ လိုပါတယ်။ ကျွန်တော်တို့ အနေနဲ့ တင်းပြည့်ကျပ်ပြည့် ဆက်လက် လျှောက်လှမ်းရမယ့် အချိန်ကို ရောက်နေပြီဆိုတာ အားလုံး သိသင့်တယ်လို့ ထင်ပါတယ်။ ကျွန်တော်တို့ အမျိုးသားညီညွတ်ရေးအစိုးရဟာ ဒီခရီးအထိ အတူ ကျော်ဖြတ် ခဲ့ကြပြီး ဖြစ်ပါတယ်။ အခုအချိန်ဟာ အပြောင်းအလဲကြီးလည်း ဖြစ်သလို၊ လမ်းဆုံ လမ်း ခွလည်းဖြစ်နေတယ်ဆိုတာ သတိရကြဖို့ လိုပါတယ်။ တော်လှန်ရေး အလုပ်တွေကို ပြတ်ပြတ်သား သား နဲ့ ခွန်ပြည့်အားပြည့် လုပ်မှသာ၊ တိုင်းပြည်နဲ့ လူထုကို စစ်အာဏာရှင်စနစ်ဆိုးကနေ ကယ် ထုတ်နိုင်မယ်ဆိုတာ သတိရကြဖို့ အလေးအနက်ထား တိုက်တွန်းချင်ပါတယ်။” လို့ ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားလိုက်ပါတယ်။
Thanlwin Myanmar Media