နိုင်ငံတကာ ရာဇဝတ်ခုံရုံး – ICC က ဖမ်းဝရမ်းထုတ်ခံရမှုကို အခွင့်အရေးတစ်ရပ်အဖြစ် အသုံးချကာ ယိုင်နဲ့နေသည့် စစ်အုပ်စုကို အပြီးတိုင်ဖြိုလှဲရန် အချိန်ကျရောက်ပြီဖြစ်ကြောင်း NUG ပြည်ထောင်စု ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း ပြောဆို
သံလွင်မြန်မာသတင်း
ဒီဇင်ဘာလ ၄
နိုင်ငံတကာရာဇဝတ်ခုံရုံက ဖမ်းဝရမ်းထုတ်ခံရမှုကို အခွင့်အရေးတစ်ရပ်အဖြစ် အသုံးချကာ ယိုင်နဲ့ နေသည့် စစ်အုပ်စုကို အပြီးတိုင်ဖြိုလှဲချရန် အချိန်ကျရောက်ပြီဖြစ်ကြောင်း NUG ပြည်ထောင်စုဝန် ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောကြားသည်။
ယမန်နေ့ ဒီဇင်ဘာလ ၃ ရက်နေ့က ကျင်းပပြုလုပ်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ၊ အစိုးရအဖွဲ့ အစည်းအဝေး အမှတ်စဉ်၊ (၂၉/၂၀၂၄) မှာ ၎င်းက ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
နိုင်ငံတကာ ရာဇဝတ် ခုံရုံး (International Criminal Court) မှ တရားလို ရှေ့နေတစ်ဦး က မြန်မာ စစ်ခေါင်းဆောင် အကြမ်းဖက် သမားမင်းအောင်လှိုင်ကို ရိုဟင်ဂျာအရေးနှင့် ပါတ်သတ်၍ ဖမ်းဝရမ်း ထုတ်ရန် လျှောက်ထားမှုသည် ယိုင်နဲ့နေသည့် စစ်အုပ်စုကို အပြီးတိုင် ဖြိုလှဲနိုင်ရန် တော်လှန်ရေး အင်အားစုများအတွက် အခွင့်အရေးတစ်ခုအနေဖြင့် အသုံးပြုလှုပ်ရှားကြရမည့် အချိန်ဖြစ်ကြောင်း၊ နိုဝင်ဘာလ ၃၀ ရက်နေ့က မဟာမိတ်တိုင်းရင်းသားများနှင့် NUG အစိုးရတို့ ပူးတွဲကြေညာချက် ထုတ်ပြန်နိုင်ခဲ့ခြင်းသည် ကောင်းမွန်သည့်ရလဒ်ဖြစ်ကြောင်း အသိပေးထားသည်။
“ကြေညာ ချက်ထဲမှာ ပြောခဲ့သလိုပဲ မြန်မာနိုင်ငံမှာ ခေတ်အဆက်ဆက် စစ်အာဏာရှင်တွေ ရှိခဲ့ပေ မယ့် ဒီလို ဖမ်းဝရမ်းထုတ်ဖို့ လျှောက်ထားခံရတာတော့ ပထမဆုံးအကြိမ် ဖြစ်ပါတယ်။ ဒါကို ကြည့် ခြင်းအားဖြင့် ကျွန်တော်အမြဲပြောခဲ့သလို ဒီတော်လှန်ရေးဟာ ခေတ်အဆက်ဆက် တိုက်ပွဲဝင်ပြီး အခြေတည်လာခဲ့ကြတဲ့ စစ်အာဏာရှင်အပါအဝင် အာဏာရှင်မှန်သမျှ ချုပ်ငြိမ်း ရေးဆိုတဲ့ ကျွန်တော် တို့ရဲ့ ရည်မှန်းချက်ကိုရောက်ဖို့ အနီးဆုံးဖြစ်နေပြီဆိုတဲ့ အနေအထားပဲ ဖြစ်ပါတယ်။” ဟု ၎င်းက ဆက်လက်ပြောကြားသည်။
ယနေ့အချိန်အထိ အကြမ်းဖက်စစ်အုပ်စုနဲ့အတူ မိုက်တွင်းနက်ထဲ နေနေကြသည့် စစ်တပ်အတွင်းက တပ်မတော်သားများ အကုန်လုံးလည်း စစ်ရာဇဝတ်တရားခံနှင့် အတူရှေ့ ဆက်မလား၊ မိမိ မိသားစု၊ မိမိနိုင်ငံအတွက် အကောင်းဆုံး ဆုံးဖြတ်ချက်တွေ ချမလားဆိုတာ သေသေချာချာ စဥ်းစားကြရတော့ မယ့် အချိန်ဖြစ်ကြောင်း၊ နောက်ဆုံးအချက်ပေး ခေါင်းလောင်းထိုးနေသည့် အချိန်ဖြစ်ကြောင်း ပြည် ထောင်စု ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက သတိပေးပြောကြားသည်။
တိုင်းပြည်အာဏာကို မတရားလုယူရန် ကြိုးပမ်းနေနေသည့်အပြင် ပြည်သူတွေကို ရန်သူသဖွယ် အကြမ်းဖက်သတ်ဖြတ်ကာ ရာဇဝတ်မှု တရားခံတစ်ဦးက ကျင်းပမည့် ရွေးကောက်ပွဲသည် မည်သို့မျှ တရားဝင်မှုမရှိနိုင်ပဲ နည်းလမ်း အမျိုးမျိုးဖြင့် ထောက်ပံ့ကူညီရန် လုပ်နေသည့် အိမ်နီးချင်းနိုင်ငံများ အပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းကပါ အင်မတန် သတိထားကြရမည့် အခြေအနေ ဖြစ်လာပြီဖြစ် ကြောင်း ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောဆိုသည်။
“ကျွန်တော်တို့အနေနဲ့ ဒီကာလ တွေအတွင်းမှာတော့ အစိုးရအဖွဲ့အတွင်း ပိုမိုအားကောင်းစေရေး အတွက် တောက်လျှောက် ဆွေးနွေးလာတာတွေလည်း ရှိပါတယ်။ ဘာ့ကြောင့် အစိုးရအဖွဲ့အား ကောင်းဖို့ လိုတာလည်း ဆိုရင် တော်လှန်ရေးရဲ့ အရွေ့ကို ဦးဆောင်မယ့်အစိုးရ အားကောင်းပါမှ တော်လှန်ရေးအတွက် အကျိုးများနိုင်မှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့ စဥ်းစားသမျှကိစ္စ တိုင်းဟာ တော်လှန် ရေးအောင်မြင်မှုအတွက် အားကောင်းမောင်းသန် အရွေ့တစ်ခုကို ဖြစ်စေဖို့ပဲ စဥ်းစားကြဖို့နဲ့ အချိန်က အကန့်အသတ် ပိုမိုဖြစ်လာပြီမို့ တော်လှန်ရေးအတွက် တိုက်ရိုက်ထိရောက် မှုရှိစေမယ့် အရေးကြီးတဲ့ကိစ္စတွေ အပေါ် ပိုမိုအားစိုက်လုပ်ဆောင်ပေးကြဖို့၊ ပြင်ဆင်ပေးကြဖို့ ထပ်မံတိုက်တွန်းလိုပါတယ်။” ဟု ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောကြားသည်။
ကုန်ဆုံးတော့မည့် ၂၀၂၄ ခုနှစ်အခြေအနေကို ပြန်လည်သုံးသပ်ကာ ၂၀၂၅ ခုနှစ်အတွက် ကြိုတင် ပြင်ဆင်ကြရမည်ဖြစ်ကြောင်း၊ တော်လှန်ရေးအစိုးရတရပ်အနေဖြင့် တော်လှန်ရေးကို အပြီးသတ် အောင် ပွဲဝင်နိုင်ရန် ဘက်ပေါင်းစုံက စဥ်းစားလုပ်ဆောင်ကြရမည်ဖြစ်ပြီး အစိုးရတစ်ရပ် အနေဖြင့် လည်း ပြည်သူကို ဝန်ဆောင်မှုပေးနိုင်ရန် ကဏ္ဍများနှင့် အကာအကွယ်ပေးနိုင်ရေး ကဏ္ဍများကို တစ်ပြိုင်နက်စီမံ လုပ်ဆောင်ကြရမည်ဖြစ်ကြောင်း အသိပေးထားသည်။
“တော်လှန် ရေးအစိုးရတစ်ရပ်အနေနဲ့ လုပ်သင့်လုပ်ထိုက်တာ မှန်သမျှ ကြိုးစား အားထုတ်ခဲ့ကြ ပေမယ့် လိုအပ်ချက် တွေကတော့ ရှိနေဆဲ ဖြစ်တယ်ဆိုတာကိုလည်း ကျွန်တော်တို့အားလုံး လက် ခံပြီးသားဖြစ်မယ်လို့ ယုံကြည်ပါတယ်။ ဒါ့ကြောင့် ဝန်ကြီးများ ပုံမှန်တွေ့ဆုံကြတဲ့ အစည်းအဝေး တွေမှာ မိမိတို့ရဲ့ အားသာချက် တွေကနေ တော်လှန်ရေး အရွေ့အတွက် အသုံးပြုနိုင်အောင် ကြိုး ပမ်းကြဖို့နဲ့ မိမိတို့ရဲ့ အားနည်းချက်တွေကို အချိန်မှီ ပြန်လည်သုံးသပ် ဖြည့်ဆည်းကြဖို့ အထူးတိုက် တွန်း လိုပါတယ်။” လို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောကြားသည်။
Thanlwin Myanmar Media