Tanintharyi News

0 0
Read Time:2 Minute, 4 Second

တနင်္သာရီမြို့နယ်တွင်လမ်းကင်းစစ်သားများနှင့် စစ်ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက် စစ်ဗိုလ်တစ်ဦး အပါအဝင် ၂ ဦးသေဆုံး

 

D Day News

ဧပြီလ ၁၃

 

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ ဘန်းလမွတ်ရွာနှ့င်ညောင်ပင်ကုန်းရွာကြားတွင် လမ်းကင်း စစ်သားများနှင့် စစ်ယာဉ်တန်းကိုမိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ဗိုလ်တစ်ဦးအပါအဝင် ၂ ဦးသေဆုံးခဲ့ ကြောင်း မြိတ်ခရိုင်ပူးပေါင်းစစ်ကြောင်း ၂ ထံမှ သိရသည်။

 

ယနေ့ ဧပြီလ ၁၃ ရက် နံနက် ၇ နာရီ မိနစ် ၃၀ အချိန်က သင်္ကြန်အကြိုနေ့ မစ်ရှင်အဖြစ် တနင်္သာ ရီမြို့ ဘက်မှ မြိတ်မြို့နယ်ဘက်သို့ ဆင်းလာသော အကြမ်းဖက်စစ်ယာဉ်တန်းကို လမ်းကင်းယူ ပေးရန် ဘန်းလမွတ်ရွာနှင့် ညောင်ပင် ကုန်းရွာကြား၌ လမ်းကင်းယူနေသော အကြမ်းဖက်စစ်သား များကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ဗိုလ် ၁ ဦးနှင့် တပ်သား ၁ ဦးသေဆုံးခဲ့ကြောင်း သိရ သည်။

 

အလားတူ နံနက် ၈ နာရီ မိနစ် ၂၀ အချိန်တွင် တနင်္သာရီမြို့နယ်၊ဘန်းလမွတ်ရွာဘက်သို့ ဦးတည် ချီ တက်လာသော အကြမ်းဖက်စစ်ကား ၃ စီးကို ဒုတိယအကြိမ် ထပ်မံမိုင်းဆွဲတိုက်ခဲ့ပြီး အကြမ်းဖက် စစ်သား ထိခိုက်သေဆုံးမှု သိရှိနိုင်ရန် စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

 

ထိုသို့ မိုင်းဆွဲတိုက်ခိုက်မှုများအတွင်း အကြမ်းဖက်စစ်သားများက လက်နက်ကြီးများဖြင့် ရမ်းသန်း ပစ်ခတ်ခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေးအဖွဲ့များမှာအထိအခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို တနင်္သာရီမြို့နယ်ပကဖအဖွဲ့၊ တောဗုံးကြီးအဖွဲ့နှင့် ပုလောပကဖအဖွဲ့တို့ မှ ဦးဆောင်ပါဝင်ကာ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *